ကမ္ဘာဦး 42:36 - Common Language Bible36 သူတို့အဖက``သင်တို့သည်ငါ့သားများကို တစ်ယောက်ပြီးတစ်ယောက်ဆုံးပါးစေတော့ မည်လော။ ယောသပ်လည်းမရှိ။ ရှိမောင်လည်း မရှိ။ ယခုဗင်္ယာမိန်ကိုခေါ်ဆောင်သွားကြ ဦးမည်လော။ ငါ၌အတိဒုက္ခရောက်ရပါ သည်တကား'' ဟုဆိုလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible36 အ ဘ ယာ ကုပ် က လည်း သင် တို့ သည် ငါ့ အား သား ဆုံး ပါး စေ ခဲ့ ပြီ။ ယော သပ် မ ရှိ။ ရှိ မောင် မ ရှိ။ ဗင်္ယာ မိန် ကို လည်း ခေါ် သွား ကြ ဦး မည်။ ငါ့ အ ပေါ် တွင် ဤ အ မှု အ လုံး စုံ သင့် ရောက် ပြီ တ ကား ဟု သူ တို့ အား ဆို လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible36 အဘယာကုပ်ကလည်း၊ သင်တို့သည် ငါ့သားတို့ကိုလုယူကြပြီ။ ယောသပ်မရှိ၊ ရှိမောင်မရှိ၊ ဗင်္ယာမိန်ကိုလည်း ယူသွားချင်သည်တကား။ ဤအမှုအလုံးစုံတို့သည် ငါနှင့်ဆန့်ကျင်ဘက်ဖြစ်သည်တကားဟု သူတို့အားဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း36 သူတို့၏ဖခင်ယာကုပ်က သူတို့အား “သင်တို့သည် ငါ့ကို သားဆုံးရှုံးအောင်ပြုကြပြီ။ ယောသပ်လည်းမရှိတော့ပြီ။ ရှိမောင်လည်းမရှိတော့ပြီ။ ဗင်္ယာမိန်ကိုလည်း သင်တို့ယူသွားလိုကြ၏။ ဤအမှုအားလုံးသည် ငါ၌ ဖြစ်လာကြပါပြီတကား”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့တွေ့ကြုံရသည့်စုံစမ်းနှောင့်ယှက်ခြင်း များသည်လူအပေါင်းတို့တွေ့ကြုံနေကြ၊ သာ မန်စုံစမ်းနှောင့်ယှက်ခြင်းများသာဖြစ်၏။ ဘုရား သခင်သည်ကတိတည်တော်မူသောအရှင်ဖြစ် တော်မူသဖြင့် သင်တို့အားမိမိတို့ခံနိုင်သည် ထက်ပို၍စုံစမ်းနှောင့်ယှက်ခြင်းကိုခံစေတော် မူလိမ့်မည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်းခံရ ချိန်၌ခံနိုင်သောခွန်အားကိုပေးတော်မူသဖြင့် ထိုစုံစမ်းနှောင့်ယှက်ခြင်းမှလွတ်မြောက်ရန် လမ်းဖွင့်ပေးတော်မူလိမ့်မည်။
ရုပ်တုကိုးကွယ်ရာယဇ်ပလ္လင်ကျောက်ရှိသမျှ သည် မြေဖြူကျောက်ကဲ့သို့ထုထောင်းချေမှုန်း ခြင်းကိုခံရ၍ အာရှရတံခွန်တိုင်များနှင့် နံ့သာပေါင်းကိုမီးရှို့ရာပလ္လင်များမကျန် မရှိတော့သည့်အချိန်ကာလမကျရောက် မီ ဣသရေလအမျိုးသားများသည် မိမိတို့ ၏အပြစ်များမှဖြေလွှတ်ဖယ်ရှားလိမ့်မည် မဟုတ်။