Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 27:64 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

64 ထို့ကြောင့် သင်္ချိုင်းဂူဝ​ကို သုံးရက်မြောက်နေ့​တိုင်အောင် တံဆိပ်ခတ်​၍ စောင့်ကြပ်​စေရန် အမိန့်ပေးပါ။ သို့မှသာလျှင် သူ​၏ တပည့်တော်တို့​သည် အလောင်းတော်​ကို ခိုးယူ​၍ လူတိုင်း​အား ‘ကိုယ်တော်​သည် သေခြင်း​မှ ထမြောက်တော်မူပြီ’ ဟု ကြေညာမည်​ကို တားဆီးနိုင်ပါမည်။ ထိုသို့​ကြေညာ​လာပါ​က နောက်​လှည့်ဖြားမှု​သည် ယခင်​လှည့်ဖြားမှု​ထက် ပို​၍ ဆိုးပါ​လိမ့်မည်” ဟု ဆိုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

64 သို့​ဖြစ်​၍​သုံး​ရက်​မြောက်​သော​နေ့​အ​ထိ​သင်္ချိုင်း​ဂူ ကို​လုံ​ခြုံ​စွာ​ပိတ်​၍​စောင့်​ကြပ်​စေ​ရန်​အ​မိန့်​ပေး တော်​မူ​ပါ။ သို့​မ​ဟုတ်​ပါ​မူ​သူ​၏​တ​ပည့်​များ​သည် လာ​၍​ရုပ်​အ​လောင်း​ကို​ခိုး​ယူ​ကာ​သူ​သည်​သေ​ခြင်း မှ​ထ​မြောက်​လေ​ပြီ​ဟု​လူ​တို့​အား​ပြော​ကြ​လိမ့်​မည်။ ထို​အ​ခါ​နောက်​ဆုံး​လှည့်​စား​ချက်​သည်​ပ​ထ​မ လှည့်​စား​ချက်​ထက်​ပို​၍​ဆိုး​ပါ​လိမ့်​မည်'' ဟု လျှောက်​ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

64 သို့ ဖြစ်၍ သင်္ချိုင်း ကို သုံး ရက် လည် သော နေ့ တိုင် အောင် လုံ ခြုံ စွာ ရှိ စေ ရန် အ မိန့် ထုတ် ဆင့် တော် မူ ပါ။ သို့ မ ဟုတ် လျှင် သူ့ တ ပည့် တို့ လာ၍ အ လောင်း ကို ခိုး သွား ပြီး နောက် သူ သေ တို့ ထဲ မှ ရှင် ပြန် ထ မြောက် တော် မူ ပြီ ဟု ပြည် သူ ပြည် သား တို့ အား ကြား ပြော သ ဖြင့် နောက် အ လိမ် သည် အ ရင် အ လိမ် ထက် ဆိုး မည် ဟု ဆို ကြ သော်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

64 ထို​ကြောင့် သူ၏​တ​ပည့်​တို့​သည် ည​အ​ခါ​လာ၍ အ​လောင်း​ကို ခိုး​ယူ​ပြီး​လျှင်၊ သူ​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​ပြီ​ဟု လူ​အ​ပေါင်း​တို့​အား ပြော​ဆို​ကြ​သော်၊ ရှေ့​အ​မှား​ထက် နောက်​အ​မှား​သာ၍ ကြီး​မည်​ဟု စိုး​ရိမ်​စ​ရာ​အ​ကြောင်း ရှိ​သည်​ဖြစ်၍၊ သင်္ချိုင်း​တွင်း​ကို သုံး​ရက်​မြောက်​အောင် လုံ​ခြုံ​စွာ​စောင့်​စိမ့်​သော​ငှာ အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​ကြ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

64 ထို့ကြောင့် သုံး​ရက်​မြောက်​သော​နေ့​တိုင်အောင် သင်္ချိုင်း​ဂူ​ကို စောင့်ကြပ်​ထား​ရန် အမိန့်​ပေး​ပါ။ သို့မဟုတ်​လျှင် သူ​၏​တပည့်​တို့​သည်​လာ​၍ အလောင်း​ကို​ခိုးယူ​ကာ ‘သူ​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​ပြီ’​ဟု လူ​တို့​အား​ပြော​ကြ​လိမ့်မည်။ ထိုအခါ နောက်​လှည့်ဖြား​မှု​သည် ယခင်​လှည့်ဖြား​မှု​ထက် ပို၍​ဆိုး​ပါ​လိမ့်မည်”​ဟု လျှောက်ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

64 ထို​ကြောင့် သူ၏​တ​ပည့်​တို့​သည် ည​အ​ခါ​လာ၍ အ​လောင်း​ကို ခိုး​ယူ​ပြီး​လျှင်၊ သူ​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​ပြီ​ဟု လူ​အ​ပေါင်း​တို့​အား ပြော​ဆို​ကြ​သော်၊ ရှေ့​အ​မှား​ထက် နောက်​အ​မှား​သာ၍ ကြီး​မည်​ဟု စိုး​ရိမ်​စ​ရာ​အ​ကြောင်း ရှိ​သည်​ဖြစ်၍၊ သင်္ချိုင်း​တွင်း​ကို သုံး​ရက်​မြောက်​အောင် လုံ​ခြုံ​စွာ​စောင့်​စိမ့်​သော​ငှာ အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​ကြ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 27:64
5 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ နတ်ဆိုး​သည် သွား​၍ မိမိ​ထက်​ဆိုးညစ်သော​နတ်ဆိုး​ခုနစ်ကောင်​တို့​ကို ခေါ်ပြီး​လျှင် ထို​လူ​အထဲ​သို့ ဝင်​၍ နေကြ၏။ ထို​လူ​၏​အခြေအနေ​သည်လည်း မူလ​ထက် ပို၍​ဆိုးသွမ်းလေ၏။ ဤ​ဆိုးညစ်သော​မျိုးဆက်​သည်လည်း ထို​နည်းတူ ဖြစ်​လိမ့်မည်” ဟု မိန့်တော်မူ၏။


“အရှင်မင်းကြီး… ထို​လှည့်ဖြားသူ​အသက်ရှင်​စဉ်အခါ​က ‘ငါ​သည် သုံးရက်​ကြာ​ပြီးနောက် သေခြင်း​မှ ထမြောက်မည်’ ဟု ပြောဆိုခဲ့သည်​ကို အကျွန်ုပ်တို့ မှတ်မိပါ၏။


ပိလတ်မင်း​ကလည်း “အစောင့်တပ်သားများ​ကို ခေါ်​၍ သင်္ချိုင်းဂူ​ကို သင်တို့​တတ်နိုင်သမျှ လုံခြုံ​အောင် စောင့်ကြပ်ထားကြလော့” ဟု ဆိုလေ၏။


“သင်တို့​သည် ‘ကျွန်ုပ်တို့ ညအချိန် အိပ်ပျော်​နေစဉ် ယေရှု​၏​တပည့်တော်များ​က လာ​၍ အလောင်း​ကို ခိုးယူသွားကြပါသည်’ ဟု ထွက်ဆိုရမည်။


ကျွန်ုပ်တို့​သည် မှားယွင်းခြင်း၊ မကောင်းသော စိတ်သဘောထား​ရှိခြင်း၊ လိမ်လည်​လှည့်ဖြားလိုခြင်း​တို့​အပေါ် အခြေခံ​၍ တိုက်တွန်း​ဟောပြောကြသည်​မဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ