Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 4:4

Judson Bible

ဗေ​သ​လ​မြို့​သို့​သွား၍ ပြစ်​မှား​ကြ​လော့။ ဂိ​လ​ဂါ​လ​မြို့​သို့​လည်း သွား၍ များ​စွာ​သော​ပြစ်​မှား​ခြင်း​ကို ပြု​ကြ​လော့။ နံ​နက်​တိုင်း ပူ​ဇော်​သော​ယဇ်​ကို​လည်း​ကောင်း၊ သုံး​နှစ်​တစ်​ခါ ဥ​စ္စာ​ဆယ်​ဖို့​တစ်​ဖို့​ကို​လည်း​ကောင်း ဆောင်​ခဲ့​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အ​ချင်း​လူ​ပျို၊ အ​သက်​ပျို​သော​အ​ခါ ပျော်​မွေ့​လော့။ အ​သက်​ပျို​စဉ်​ကာ​လ​တွင် စိတ်​ရွှင်​လန်း​ခြင်း​ရှိ​လော့။ ကိုယ်​အ​လို​ရှိ​ရာ လမ်း​နှင့်၊ ကိုယ်​ဉာဏ်​ပြ​သော လမ်း​သို့​လိုက်​လော့။ သို့​ရာ​တွင်၊ ထို​အ​မှု​အ​လုံး​စုံ​တို့​ကို ဘု​ရား​သ​ခင်​စစ်​ကြော၍၊ သင့်​ကို အ​ပြစ်​ပေး​တော်​မူ​မည်​ဟု အောက်​မေ့​လော့။

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သွား​ကြ​လော့။ အ​သီး​အ​သီး မိ​မိ​တို့​ရုပ်​တု​များ​ကို ဝတ်​ပြု​ကြ​လော့။ သို့​ရာ​တွင် အ​ကယ်​စင်​စစ် နောက်​တစ်​ဖန် ငါ့​စ​ကား​ကို​နား​မ​ထောင်သော်​လည်း၊ ငါ၏​သန့်​ရှင်း​သော​နာ​မ​တော်​ကို သင်​တို့​ပူ​ဇော်​သ​ကာ​များ​နှင့် ရုပ်​တု​များ​အား​ဖြင့် မ​ရှုတ်​ချ​ဘဲ​နေ​ရ​ကြ​လိမ့်​မည်။

ဂိ​လဒ်​ပြည်၌ အ​ပြစ်​ရှိ၏။ ပြည်​သူ​ပြည်​သား​တို့​သည် အ​ကျိုး​နည်း ရှိ​ကြ​ပြီ။ ဂိ​လ​ဂါ​လ​မြို့၌ နွား​တို့​ကို ယဇ်​ပူ​ဇော်၍၊ ယဇ်​ပ​လ္လင်​တို့​သည် ထွန်​ကြောင်း​တွင် မြေ​အ​ပုံ​ပုံ ရှိ​သ​ကဲ့​သို့ များ​ကြ၏။

အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် ပြည့်​တန်​ဆာ​လုပ်​သော်​လည်း၊ ယု​ဒ​အ​မျိုး​ကို မ​မှား​ယွင်း​ပါ​စေ​နှင့်။ ဂိ​လ​ဂါ​လ​မြို့​သို့ မ​ချဉ်း​ကပ်​ကြ​နှင့်။ ဗေ​သ​ဝင်​မြို့​သို့ မ​သွား​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း​ဟူ၍ မ​ကျိန်​ဆို​ကြ​နှင့်။

ဂိ​လ​ဂါ​လ​မြို့၌ သူ​တို့​ပြု​သ​မျှ​သော​ဒု​စ​ရိုက်​ရှိ၍၊ ထို​အ​ရပ်၌ သူ​တို့​ကို ငါ​မုန်း၏။ သူ​တို့​ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် ငါ့​အိမ်​မှ ငါ​နှင်​ထုတ်​မည်။ နောက်​တစ်​ဖန် သူ​တို့​ကို​မ​ချစ်။ သူ​တို့ မင်း​အ​ပေါင်း​တို့​သည် ပုန်​ကန်​တတ်​သော​သူ ဖြစ်​ကြ၏။

အ​ကယ်​စင်​စစ် ဣ​သ​ရေ​လ​အ​မျိုး၏​အ​ပြစ်​တို့​ကို စစ်​ကြော​သော​နေ့၌၊ ဗေ​သ​လ​ယဇ်​ပ​လ္လင်​တို့​ကို ငါ​စစ်​ကြော​လျက်၊ ယဇ်​ပ​လ္လင်​ဦး​ချို​တို့​ကို ဖြတ်၍ မြေ​ပေါ်​သို့​ချ​မည်။

ဗေ​သ​လ​မြို့​ကို မ​ရှာ​ကြ​နှင့်။ ဂိ​လ​ဂါ​လ​မြို့​သို့ မ​ဝင်​ကြ​နှင့်။ ဗေ​ရ​ရှေ​ဘ​မြို့​သို့ မ​သွား​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ ဂိ​လ​ဂါ​လ​မြို့​သည် ဆက်​ဆက် သိမ်း​သွား​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ဗေ​သ​လ​မြို့​သည်​လည်း၊ အ​ကျိုး​နည်း ရှိ​ရ​လိမ့်​မည်။

သို့​ဖြစ်၍ ဘိုး​ဘေး​တို့၏ အ​ကျင့်​ပ​မာ​ဏ​ကို မီ​အောင် ကျင့်​ကြ​လော့။-

ထို​နောက် တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ပြန်​လာ​လျှင် ယ​ခု​အိပ်​ပျော်၍ ငြိမ်​ဝပ်​စွာ​နေ​ကြ​လော့။ လူ​သား​ကို ဆိုး​သော​သူ​တို့​လက်​သို့ အပ်​နှံ​ရ​သော​အ​ချိန် ရောက်​လာ​ပြီ။-

သုံး​ကြိမ်​မြောက်​အောင် သူ​တို့​ရှိ​ရာ​သို့ ပြန်​လာ​လျှင်၊ ယ​ခု​အိပ်​ပျော်၍ ငြိမ်​ဝပ်​စွာ​နေ​ကြ​လော့။ အ​မှု​လွန်​ပြီ။ လူ​သား​ကို ဆိုး​သော​သူ​တို့​လက်​သို့ အပ်​နှံ​ရ​သော​အ​ချိန် ရောက်​လာ​ပြီ။-

နေ့​ည​မ​ပြတ် သင်္ချိုင်း​တ​စ​ပြင်၌​လည်း​ကောင်း၊ တောင်​ပေါ်၌​လည်း​ကောင်း၊ ဟစ်​ကြော်​လျက်၊ ကျောက်​ဇောင်း​နှင့် ကိုယ်​ကို​ရှ​စေ​လျက် နေ​တတ်၏။-

သုံး​နှစ်​တွင် ဆယ်​ဖို့​တစ်​ဖို့​ပေး​ရ​သော တ​တိ​ယ​နှစ် ရောက်​သော​အ​ခါ၊ အ​စီး​အ​ပွား​ရှိ​သ​မျှ​တို့​ကို ဆယ်​ဖို့​တစ်​ဖို့​ကောက်​ယူ၍၊ လေ​ဝိ​သား၊ တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​တို့​ကို သင့်​နေ​ရာ​မြို့​များ၌ ဝ​စွာ​ကျွေး​မွေး​ပြီး​မှ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ