Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 4:3

Judson Bible

သင်​တို့​သည် အ​သီး​အ​သီး​ကိုယ်​စီ​တွေ့​သော အ​ပေါက်​ဖြင့်​ထွက်၍ ရဲ​တိုက်​ထဲ​သို့ ချ​ခြင်း​ကို​ခံ​ရ​ကြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ခါ​လ​ဒဲ လူ​တို့​သည် မြို့​ရိုး​ကို​ဖြို​ဖောက်၍ မြို့​ကို​လည်း ဝိုင်း​နေ​သော​ကြောင့်၊ မြို့​သား​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ည​အ​ခါ​ပြေး၍ မြို့​ရိုး​နှစ်​ထပ်​စပ်​ကြား ဥ​ယျာဉ်​တော်​နား တံ​ခါး​ဝ​ဖြင့်​ထွက်​ပြီး​မှ လွင်​ပြင်​သို့​သွား​ကြ၏။

ယော်​ဒန်​မြစ်​တိုင်​အောင် လိုက်​ကြ၏။ ရှု​ရိ​လူ​တို့​သည် အ​လျင်​အ​မြန်၊ ပြေး​ရာ​တွင်၊ ပစ်​ခဲ့​သော အ​ဝတ်​တန်​ဆာ​တို့​သည် လမ်း၌​ပြည့်​လျက်​ရှိ​ကြ၏။ စေ​လွှတ်​သူ​တို့​သည် ပြန်​လာ၍ နား​တော်​လျှောက်​ကြ၏။

ထို​ကာ​လ၌ လူ​တို့​သည် မိ​မိ​တို့​ကိုး​ကွယ်​ဖို့ မိ​မိ​တို့​လုပ်​ဖူး​သော ငွေ​ရုပ်​တု၊ ရွှေ​ရုပ်​တု​တို့​ကို ပွေး​များ၊ လင်း​နို့​များ၌ ပစ်​ထား​ကြ​လိမ့်​မည်။

အ​ကယ်​စင်​စစ် လူ​အ​ပေါင်း​တို့​သည် မိ​မိ​လက်​ဖြင့် အ​သီး​အ​သီး​လုပ်​သော ငွေ​ရုပ်​တု၊ ရွှေ​ရုပ်​တု​တည်း​ဟူ​သော၊ ပြစ်​မှား​ရာ​အ​ရာ​များ​ကို ထို​ကာ​လ၌ ပစ်​လိုက်​ကြ​လိမ့်​မည်။

ခါ​လ​ဒဲ​လူ​တို့​သည် မြို့​ရိုး​ကို ဖြို​ဖောက်၍၊ မြို့​ကို​လည်း​ဝိုင်း​နေ​သော​ကြောင့်၊ မြို့​သား​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ည​အ​ခါ​ပြေး၍၊ မြို့​ရိုး​နှစ်​ထပ်​စပ်​ကြား၊ ဥ​ယျာဉ်​တော်​နား​တံ​ခါး​ဝ​ဖြင့် ထွက်​ပြီး​မှ လွင်​ပြင်​သို့​သွား​ကြ၏။

သင်​တို့၏ မင်း​သည်​လည်း၊ မိ​မိ​ပ​ခုံး​၌​ထမ်း​၍ ညဉ့်​ဦး​ယံ​အ​ချိန်​၌ ထုတ်​သွား​ရ​လိမ့်​မည်။ ထုတ်​သွား​စ​ရာ​ဖို့ အုတ်​ရိုး​ကို တူး​ဖော်​ရ​လိမ့်​မည်။ မြေ​ကို​မ​မြင်​ရ​အောင် မျက်​နှာ​ကို ဖုံး​ရ​လိမ့်​မည်။

သူ​တို့​မျက်​မှောက်၌ အုတ်​ရိုး​ကို​တူး​ဖောက်​၍၊ ဥ​စ္စာ​ပ​ရိ​ကံ​များ​ကို ထုတ်​သွား​လော့။

ထို​သူ​တို့​သည် အ​ဦး​ဆုံး​သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ​တို့​နှင့်​အ​တူ ပါ​သွား​ကြ​လိမ့်​မည်။ လျောင်း၍​နေ​သော​သူ​တို့၏ ပွဲ​သည်​လည်း ကွယ်​ပျောက်​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား အ​မျက်​ထွက်​တော်​မူ​သော​နေ့၌ သူ​တို့​ရွှေ​ငွေ​သည် သူ​တို့​ကို မ​ကယ်​တင်​နိုင်​ရာ။ ဒေါ​သ​အ​မျက်​တော်​မီး​သည် တစ်​ပြည်​လုံး​ကို လောင်​လိမ့်​မည်။ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို အ​လျင်​အ​မြန်​စီ​ရင်၍ အ​ကုန်​အ​စင် သုတ်​သင်​ပယ်​ရှင်း​တော်​မူ​လိမ့်​မည်။

လူ​သည် ဤ​စ​ကြ​ဝ​ဠာ​ကို အ​ကြွင်း​မဲ့​အ​စိုး​ရ၍ မိ​မိ​အ​သက်​ဝိ​ညာဉ် ရှုံး​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို အ​ဘယ်​ဥ​စ္စာ​နှင့် ရွေး​နိုင်​သ​နည်း။-

ဂိ​လဒ်​ပြည်​သား​တို့​သည် ယော်​ဒန်​မြစ်​တစ်​ဖက်၌ ငြိမ်​ဝပ်​စွာ​နေ​ကြ၏။ ဒန်​အ​မျိုး​သည် သင်္ဘော​ဆိပ်​အ​နား​မှာ အ​ဘယ်​ကြောင့် နေ​ရစ်​သ​နည်း။ အာ​ရှာ​အ​မျိုး​သည်​လည်း ပင်​လယ်​ကမ်း​နား သင်္ဘော​ဆိုက်​ရာ​ကွေ့​တို့၌ မ​လှုပ်​ဘဲ​ငြိမ်​ဝပ်​စွာ​နေ​သည်​တ​ကား။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ