Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



အာ​မုတ် 4:5

Judson Bible

လု​ယူ​သော​ဥ​စ္စာ​ထဲ​က ကျေး​ဇူး​ချီး​မွမ်း​ရာ ပူ​ဇော်​သ​ကာ​ကို မီး​ရှို့​ကြ​လော့။ အ​လို​လို​ပြု​သော ပူ​ဇော်​သ​ကာ​များ​ကို​လည်း ကြား​ပြော၍ ကြော်​ငြာ​စေ​ကြ​လော့။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထို​သို့​ပြု​ရာ​တွင် သင်​တို့​သည် မွေ့​လျော်​တတ်​ကြ​သည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​လည်း ထို​သူ​တို့​ကို သူ​တို့​နှ​လုံး​ခိုင်​မာ​ခြင်း၌​အပ်၍၊ သူ​တို့​သည် မိ​မိ​တို့​အ​လို​သို့ လိုက်​ကြ၏။

ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​မင်း၊ ယော​သံ​မင်း၊ အာ​ခတ်​မင်း၊ ဟေ​ဇ​ကိ​မင်း​တို့​လက်​ထက်​၌၊ အာ​မုတ်​၏​သား​ဟေ​ရှာ​ယ​သည် ယေ​ရု​ရှ​လင်​မြို့​မှ​စ​၍၊ ယု​ဒ​ပြည်​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​သည်​မှာ၊

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ပူ​ဇော်​သော​ယဇ်​များ​ကို ငါ​သည်​အ​ဘယ်​သို့​ဆိုင်​သ​နည်း။ မီး​ရှို့​၍ ပူ​ဇော်​သော​သိုး​ကောင်၊ ဆူ​ဖြိုး​အောင်​ကျွေး​သော​တိ​ရ​စ္ဆာန်​တို့​၏​ဆီ​ဥ​နှင့် ငါ​ဝ​ပြီ။ နွား​နှင့် သိုး​သ​ငယ်၊ ဆိတ်​တို့​၏​အ​သွေး​ကို ငါ​မ​နှစ်​သက်။

ငါ၏​နာ​မ​ဖြင့်​သ​မုတ်​သော ဤ​အိမ်​တော်၌၊ ငါ့​ရှေ့​မှာ​ဝင်၍ ရပ်​လျက်၊ ဤ​ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​သော​ကြောင့်၊ အ​ကျွန်ုပ်​တို့​သည် ကယ်​နုတ်​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို​ခံ​ရ​ပါ​ပြီ​ဟု လျှောက်​ရ​ကြ​မည်​လော။

သင်​တို့​သည် သူ့​ဥ​စ္စာ​ကို​ခိုး​လျက်၊ လူ​အ​သက်​ကို သတ်​လျက်၊ သူ့​မ​ယား​ကို​ပြစ်​မှား​လျက်၊ မ​ဟုတ်​မ​မှန်​ဘဲ ကျိန်​ဆို​လျက်၊ ဗာ​လ​ဘု​ရား​ရှေ့၌ နံ့​သာ​ပေါင်း​ကို မီး​ရှို့​လျက်၊ ကိုယ်​မ​သိ​ဖူး​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​နောက်​သို့ လိုက်​လျက်​နှင့်၊

အို ဣ​သ​ရေ​လ​အ​မျိုး၊ တစ်​ပါး​အ​မျိုး​သား​ကဲ့​သို့ ဝမ်း​မြောက်​ရွှင်​မြူး​သော​စိတ်​ရှိ၍ မ​ခုန်​နှင့်။ ကိုယ်​ဘု​ရား​သ​ခင်၌ မ​ဆည်း​ကပ်၊ အ​ခြား​သော​ဘု​ရား​နှင့် မှား​ယွင်း​ပြီ။ ကောက်​နယ်​တ​လင်း​ရှိ​သ​မျှ​တို့၌ မှား​ယွင်း​ခ​ကို နှစ်​သက်​တတ်၏။

တော၌ စ​ပျစ်​သီး​ကဲ့​သို့ ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​တွေ့၏။ သီး​စ​သော သင်္ဘော​သ​ဖန်း​ပင်၌ အ​ဦး​ဆုံး​မှည့်​သော သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့ သင်​တို့​ဘိုး​ဘေး​များ​ကို ငါ​မြင်၏။ သူ​တို့​သည် ကိုယ်​အ​လို​အ​လျောက် ဗာ​လ​ပေ​ဂု​ရ​ဘု​ရား​ထံ​သို့​သွား၍၊ ထို​ရှက်​ဖွယ်​သော​အ​ရာ​အ​ဖို့ ကိုယ်​ကို အပ်​နှံ​သ​ဖြင့် တပ်​မက်​သည်​အ​တိုင်း စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို ပြု​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ အ​ဦး​သီး​သော​အ​သီး၊ တ​ဆေး​ဖြင့်​ဖောင်း​ကြွ​သော မုန့်​ညက်​နှစ်​ဩ​မဲ​နှင့်​လုပ်​သော ချီ​လွှဲ​ရာ​မုန့်​နှစ်​လုံး​ကို သင်​တို့​အိမ်​မှ​ထုတ်​ဆောင်​ခဲ့၍၊

သင်​တို့​စောင့်​သော​ပွဲ​နေ့​တို့​ကို ငါ​မုန်း၏။ စက်​ဆုပ်​ရွံ​ရှာ၏။ ခြိုး​ခြံ​စွာ​ကျင့်​သော​နေ့​ရက်​တို့၌ ငါ​မ​မွေ့​လျော်။

မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​တို့​ကို ဆက်​ကပ်​သော်​လည်း ငါ​လက်​မ​ခံ။ ဆူ​ဝ​သော​တိ​ရ​စ္ဆာန်​တို့​ကို မိတ်​သ​ဟာ​ယ​ယဇ် ပူ​ဇော်​သော်​လည်း ငါ​သည် ပ​မာ​ဏ​မ​ပြု။

နောက်​ဖြစ်​လ​တ္တံ့​သော​အ​ရာ​ကို လျောက်​ပတ်​စွာ ဟော​ခဲ့​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ၏။-

လျှို့​ဝှက်​သော​ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပင်​စိမ်း၊ စ​မွှတ်၊ ဇီ​ယာ၊ အ​သီး​အ​ရွက်​တို့​ကို ဆယ်​ဖို့​တစ်​ဖို့ လှူ​ကြ​သည်​တွင် တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊ သူ​တစ်​ပါး​ကို သ​နား​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​တည်း​ဟူ​သော ပ​ညတ်​တ​ရား​တွင် လေး​သော​အ​ရာ​တို့​ကို​ကား လှပ်၍​ထား​ကြ၏။ အ​ရင်​ဆို​သော​အ​ရာ​တို့​ကို မ​လှပ်​မ​ထား၊ နောက်​ဆို​သော​အ​ရာ​တို့​ကို ကျင့်​ရ​မည်။-

ထို​ကြောင့် သင်​သည် အ​လှူ​ဒါ​န​ကို ပေး​သော​အ​ခါ လျှို့​ဝှက်​သော​သူ တို့​သည် လူ​များ​အ​ချီး​အ​မွမ်း​ကို ခံ​လို၍ ပွဲ​သ​ဘင်​လမ်း​ခ​ရီး၌ မိ​မိ​တို့​ရှေ့​မှာ တံ​ပိုး​ခ​ရာ​မှုတ်​စေ​သည်​နည်း​တူ မ​ပြု​နှင့်။ ငါ​အ​မှန်​ဆို​သည်​ကား၊ ထို​သူ​တို့​သည် မိ​မိ​တို့​အ​ကျိုး​ကို ရ​ကြ​ပြီ။-

ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​မ​မှတ်​လို​သည်​ဖြစ်၍၊ မ​လျောက်​ပတ်​သော အ​မှု​ကို ပြု​စေ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် သူ​တို့​ကို မော​ဟ​လက်​သို့ အပ်​လိုက်​တော်​မူ​သည်​နှင့်​အ​ညီ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ