သင်တို့မူကား၊ နာဇရိလူသောက်ဖို့စပျစ်ရည်ကိုပေးကြပြီ။ ပရောဖက်တို့ကိုလည်း၊ ပရောဖက်ပြု၍ မဟောကြနှင့်ဟု မြစ်တားကြပြီ။
သူတို့ကလည်း၊ ဗျာဒိတ်တော်ကို မခံပါနှင့်ဟု ဗျာဒိတ်ခံသော သူတို့အားလည်းကောင်း၊ မှန်သောစကားကို ငါတို့အား မဟောပါနှင့်။ ချော့မော့သောစကားကို ပြောကြပါ။ လှည့်စားသောစကားကို ဟောကြပါ။
ထာဝရဘုရားမိန့်တော်မူသည်ကား၊ အာနသုတ်မြို့သားတို့က၊ သင်သည် ငါတို့လက်ဖြင့် မသေရမည်အကြောင်း၊ ထာဝရဘုရား၏ နာမတော်အားဖြင့် ပရောဖက်မပြုနှင့်ဟုဆိုလျက်၊ သင်၏အသက်ကိုရှာကြသောကြောင့်၊
ထိုရေခပ် အမျိုးသားတို့ရှေ့၌ စပျစ်ရည်နှင့် ပြည့်သောအိုးများနှင့် ခွက်ဖလားတို့ကို ထည့်၍၊ စပျစ်ရည်ကို သောက်ကြပါဟု သူတို့အားဆို၏။
နောက်တစ်ဖန် ဗေသလမြို့တစ်ဖက်၌ ပရောဖက်မပြုနှင့်။ ရှင်ဘုရင်၏သန့်ရှင်းရာဌာနတော်ဖြစ်၏။ နန်းတော်တည်ရာမြို့လည်းဖြစ်၏ဟု ဆိုလျှင်၊
သို့ဖြစ်၍၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်လော့။ ဣသရေလအမျိုးတစ်ဖက်၌ ပရောဖက်မပြုနှင့်၊ ဣဇာက်အမျိုးတစ်ဖက်၌ မမြွက်နှင့်ဟု သင်ဆိုသော်၊
ပရောဖက်ပြုသော သူတို့၊ ပရောဖက်မပြုကြနှင့်။ သူတို့သည် ရှက်ကြောက်မည်အကြောင်း ပရောဖက် မပြုရကြ။
ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ထာဝရဘုရားအဖို့ မိမိကိုခြားနားစေ၍၊ နာဇရိသစ္စာပြုခြင်းငှာ မိမိကို မိမိခွဲထားသောအခါ၊
စပျစ်ရည်နှင့် ယစ်မျိုးကိုရှောင်ရမည်။ စပျစ်ရည်ချဉ်နှင့် ယစ်မျိုးချဉ်ကိုလည်း မသောက်ရ။ စပျစ်သီးဖြင့်လုပ်သောအရည်ကို အလျှင်းမသောက်ရ။ စပျစ်သီး အစိမ်းအခြောက်ကိုလည်း မစားရ။