Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 2:13

Judson Bible

ထို​ကြောင့်၊ လှည်း​သည် အ​ပြည့်​တင်​သော​ကောက်​လှိုင်း၏ ဖိ​စီး​ခြင်း​ကို​ခံ​ရ​သ​ကဲ့​သို့၊ သင်​တို့၏ နေ​ရာ​အ​ရပ်​ကို ငါ​ဖိ​စီး​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်​တို့​သည် လယ်၌​ကောက်​လှိုင်း​ကို​စည်း၍​နေ​ကြ​စဉ်​တွင်၊ ကျွန်ုပ်​ကောက်​လှိုင်း​သည်​ထ၍ မတ်​တတ်​နေ​သ​ဖြင့်၊ သင်​တို့၏​ကောက်​လှိုင်း​တို့​သည် ဝိုင်း၍​ရပ်​လျက်၊ ကျွန်ုပ်​ကောက်​လှိုင်း​ကို​ရှိ​ခိုး​ကြ​သည်​ဟု ပြော​ဆို​လေ၏။

သင်၏​စ​ပါး​ကို ဆောင်​ခဲ့၍ စ​ပါး​ကျီ၌ စု​သိမ်း​လိမ့်​မည်​ဟု ယုံ​သ​လော။

သူ​တို့​သည် ကိုယ်​တော်​ကို​တော၌​ပုန်​ကန်၍၊ လူ​ဆိတ်​ညံ​ရာ​အ​ရပ်၌ စိတ်​တော်​နာ​ဖွယ်​သော အ​ကြောင်း​ကို ကြိမ်​ဖန်​များ​စွာ ပြု​ကြ​ပါ​သည်​တ​ကား။

ငါ့​ဝိ​ညာဉ်​သည် သင်​တို့​လ​ဆန်း​နေ့​များ​နှင့်၊ သင်​တို့​ပွဲ​များ​ကို​မုန်း​၏။ ငါ့​ကို​နှောင့်​ယှက်​စ​ရာ​ဖြစ်​၏။ သည်း​ခံ​ခြင်း​အား​ဖြင့် ငါ​ပင်​ပန်း​၏။

သင်​သည် မွှေး​သော​ကြံ​ကို ငါ့​ဖို့ ငွေ​နှင့်​မ​ဝယ်။ ပူ​ဇော်​သော​ယဇ်​ကောင်​ဆီ​ဥ​နှင့် ငါ့​ကို ဝ​စွာ​မ​ကျွေး။ သင်​သည် ဒု​စ​ရိုက်​အ​ပြစ်​နှင့် ငါ့​ကို အ​မှု​ထမ်း​စေ​ပြီ​တ​ကား။ အ​ဓ​မ္မ​အ​မှု​ကို​ပြု၍ ငါ့​ကို​ပင်​ပန်း​စေ​ပြီ​တ​ကား။

ထို​အ​ခါ ဟေ​ရှာ​ယ​က၊ အို​ဒါ​ဝိဒ်​အ​မျိုး​သား​တို့၊ နား​ထောင်​ကြ​လော့။ သင်​တို့​သည် လူ​ကို ငြီး​ငွေ့​စေ​သည်​သာ​မ​က၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ကို​ငြီး​ငွေ့​စေ​ကြ​မည်​လော။

သင်​သည် အ​သက်​ငယ်​သော​ကာ​လ​ကို မ​အောက်​မေ့၊ အ​ရာ​ရာ၌ ငါ့​စိတ်​ကို နှောင့်​ယှက်​သော​ကြောင့်၊ သင့်​အ​ပြစ်​ကို သင့်​ခေါင်း​ပေါ်​သို့ ငါ​သက်​ရောက်​စေ​မည်။ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​ရှိ​သ​မျှ​တို့​အ​ပေါ်​မှာ ဆိုး​ညစ်​သော​အ​ကြံ​ကို ထပ်၍ ထို​အ​ကြံ​အ​တိုင်း​မ​ပြု​ရ။

ငါ့​ကို​စွန့်​ပစ်၍ မှား​ယွင်း​တတ်​သော နှ​လုံး​ကို​လည်း​ကောင်း၊ ရုပ်​တု​ဆင်း​တု​တို့​နှင့် မှား​ယွင်း​လို​သ​ဖြင့် လိုက်၍​ကြည့်​သော မျက်​စိ​တို့​ကို​လည်း​ကောင်း ငါ​ပယ်​ဖျက်​သော​အ​ခါ၊ လွတ်​သော​သူ​တို့​သည် သိမ်း​သွား​ခြင်း​ကို​ခံ​ရာ အ​ပြည်​ပြည်​တို့၌ ငါ့​ကို​အောက်​မေ့​ကြ​လိမ့်​မည်။ ပြု​မိ​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကြောင့် ကိုယ်​ကို​ကိုယ် ရွံ​ရှာ​ကြ​လိမ့်​မည်။

သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​နား​တော်​ငြီး​သည်​တိုင်​အောင် စ​ကား​များ​ကြ၏။ နား​တော်​ငြီး​သည်​တိုင်​အောင် အ​ဘယ်​သို့ ပြု​မိ​သ​နည်း​ဟု မေး​သော်၊ ဒု​စ​ရိုက်​ကို​ပြု​သော​သူ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကောင်း၏။ ထို​သို့​သော​သူ​တို့​ကို နှစ်​သက်​တော်​မူ၏ ဟူ၍​လည်း​ကောင်း၊ စစ်​ကြော​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကား၊ အ​ဘယ်​မှာ​ရှိ​သ​နည်း ဟူ၍​လည်း​ကောင်း ဆို​တတ်​ကြ​သည်​တ​ကား။

မင်း​တစ်​ပါး​နွား​ထီး​တစ်​ကောင်​စီ၊ မင်း​နှစ်​ပါး အ​မိုး​ပါ​သော​ရ​ထား​တစ်​ခု​စီ၊ ရ​ထား​ခြောက်​ခု၊ နွား​ဆယ်​နှစ်​ကောင်​တို့​ကို တဲ​တော်​ရှေ့​သို့​ဆောင်​ခဲ့၍ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ