Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 2:11

Judson Bible

သင်​တို့​သား​အ​ချို့​ကို ပ​ရော​ဖက်​အ​ရာ၊ လု​လင်​အ​ချို့​ကို နာ​ဇ​ရိ​လူ​အ​ရာ၌ ငါ​ခန့်​ထား​ပြီ။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ဤ​စ​ကား​မှန်​သည် မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​မေး​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

34 ပူးပေါင်းရင်းမြစ်များ  

ဂိ​လဒ်​ပြည် တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​က၊ ငါ​ကိုး​ကွယ်​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ငါ့​အ​ခွင့်​မ​ရှိ​ဘဲ အင်​တန်​ကာ​လ​ပတ်​လုံး မိုး​မ​ရွာ၊ နှင်း​မ​ကျ​ရ​ဟု အာ​ဟပ်​မင်း​အား​မြွက်​ဆို၏။

ယေ​ဇ​ဗေ​လ​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ရော​ဖက်​တို့​ကို ပယ်​ဖြတ်​သော​အ​ခါ၊ ဩ​ဗ​ဒိ​သည် ပ​ရော​ဖက်​တစ်​ရာ​ကို မြေ​တွင်း​ထဲ​မှာ ငါး​ဆယ်​စီ​ဝှက်​ထား​ပြီး​လျှင်၊ မုန့်​နှင့်​ရေ​ကို​ပေး၍ ကျွေး​လေ၏။

နိမ်​ရှိ​သား ယေ​ဟု​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား၍ ဘိ​သိက်​ပေး​လော့။ အာ​ဗေ​လ​မ​ဟော​လ​မြို့​နေ၊ ရှာ​ဖတ်​သား​ဧ​လိ​ရှဲ​ကို သင့်​ကိုယ်​စား ပ​ရော​ဖက်​အ​ရာ၌​ခန့်​ထား၍ ဘိ​သိက်​ပေး​လော့။

ထို​အ​ခါ ပ​ရော​ဖက်​တစ်​ပါး​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အာ​ဟပ်​ထံ​သို့​လာ၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ကြီး​စွာ​သော အ​လုံး​အ​ရင်း​အ​ပေါင်း​ကို မြင်​ပြီ​လော။ သင့်​လက်၌ ယ​နေ့​ငါ​အပ်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်​ဟု အ​မိန့်​တော်​ကို​ဆင့်​ဆို၏။

ပ​ရော​ဖက်​အ​မျိုး​သား​တစ်​ယောက်​က၊ ငါ့​ကို ရိုက်​ပါ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​အ​တိုင်း အိမ်​နီး​ချင်း​အား​ဆို၏။ ထို​သူ​က ငါ​မ​ရိုက်​ပါ​ဟု ငြင်း​ပယ်၏။

ထို​ပ​ရော​ဖက်​သည် မျက်​နှာ​ဖုံး​ပု​ဝါ​ကို ချက်​ချင်း​ပယ်​သ​ဖြင့်၊ ပ​ရော​ဖက် တစ်​စုံ​တစ်​ပါး​ဖြစ်​ကြောင်း​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သိ၏။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ ထာ​ဝ​ရ​ဘု​ရား​ကို မေး​မြန်း​ရ​သော​သူ​တစ်​ယောက် ဣ​မ​လ​သား မိ​က္ခာ​ရှိ​သေး၏။ သို့​ရာ​တွင် ထို​သူ​ကို ငါ​မုန်း၏။ ငါ၌ မင်္ဂ​လာ​စ​ကား​ကို မ​ဟော။ အ​မင်္ဂ​လာ​စ​ကား​ကို​သာ ဟော​တတ်​သည်​ဟု ယော​ရှ​ဖတ်​အား​ဆို​လျှင်၊ ယော​ရှ​ဖတ်​က ထို​သို့ မင်း​ကြီး​မ​ပြော​ပါ​နှင့်​ဟု ပြန်​ဆို၏။

သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​က အ​ဓ​မ္မ​လမ်း​တို့​ကို ရှောင်​ကြ​လော့။ ငါ​သည် သင်​တို့​ဘိုး​ဘေး​တို့၌ ထား​သော​တ​ရား၊ ငါ့​ကျွန်​ပ​ရော​ဖက်​တို့​ဖြင့် ပေး​လိုက်​သော​တ​ရား​ကို အ​ကုန်​အ​စင်​ကျင့်၍၊ ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ကြ​လော့​ဟု ပ​ရော​ဖက်​များ​နှင့် အ​နာ​ဂတ်​ဟော​ဆ​ရာ​များ​တို့​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး၌ သက်​သေ​ခံ​တော်​မူ​သော်​လည်း၊

ပ​ရော​ဖက်​အ​မျိုး​သား​တို့​က၊ ကိုယ်​တော်​နှင့်​အ​တူ ယ​ခု​နေ​သော​အ​ရပ်​သည် ကျဉ်း​မြောင်း​ပါ၏။

ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​နှင့် မိ​မိ​နေ​တော်​မူ​ရာ​အ​ရပ်​ကို သ​နား​သော​ကြောင့်၊ စော​စော​ထ၍ အ​ထပ်​ထပ် စေ​လွှတ်​သော​တ​မန်​တို့​အား​ဖြင့် မှာ​လိုက်​တော်​မူ​သော်​လည်း၊

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အာ​န​သုတ်​မြို့​သား​တို့​က၊ သင်​သည် ငါ​တို့​လက်​ဖြင့် မ​သေ​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အား​ဖြင့် ပ​ရော​ဖက်​မ​ပြု​နှင့်​ဟု​ဆို​လျက်၊ သင်၏​အ​သက်​ကို​ရှာ​ကြ​သော​ကြောင့်၊

ယ​ခု​ဖြစ်​သော အ​မျိုး​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင်​ခြင်​ကြ​လော့။ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ တော​ကဲ့​သို့​လည်း​ကောင်း၊ မှောင်​မိုက်​နိုင်​ငံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ဖူး​သ​လော။ ငါ၏​လူ​တို့​က၊ ငါ​တို့​သည် အ​ရပ်​ရပ်​သို့ လည်​မည်။ ကိုယ်​တော်​ထံ​သို့ နောက်​တစ်​ဖန် မ​ချဉ်း​ကပ်​ဟု အ​ဘယ်​ကြောင့် ဆို​ကြ​သ​နည်း။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့၏​ဘိုး​ဘေး​တို့​သည် ငါ့​ထံ​မှ​ဝေး​စွာ​ထွက်​သွား၍၊ အ​န​တ္တ​လမ်း​သို့​လိုက်​လျက်၊ အ​န​တ္တ​သက်​သက် ဖြစ်​ရ​မည်​အ​ကြောင်း၊ ငါ၌​အ​ဘယ်​မည်​သော​အ​ပြစ်​ကို တွေ့​ကြ​သ​နည်း။

ယဇ်​ပု​ရော​ဟိတ်​နှင့် ပ​ရော​ဖက်​တို့​က၊ ဤ​သူ​သည် အ​သေ​ခံ​ထိုက်​ပေ၏။ သင်​တို့​သည် ကိုယ်​နား​နှင့် ကြား​သည်​အ​တိုင်း၊ ဤ​မြို့​ကို ဆန့်​ကျင်​ဘက်​ပြု၍ ဟော​ပြော​ပါ​ပြီ​တ​ကား​ဟု မှူး​မတ်​အ​စ​ရှိ​သော လူ​များ​အ​ပေါင်း​တို့​အား ပြော​ဆို​ကြ၏။

သင်​တို့​အ​ဘ​များ​သည် အဲ​ဂု​တ္တု​ပြည်​က ထွက်​သွား​သော​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ ငါ​သည်​နေ့​တိုင်း​စော​စော​ထ၍၊ ငါ၏​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ်​စေ​လွှတ်​သော်​လည်း၊

သူ၏​မှူး​မတ်​တို့​သည် မိုး​ပွင့်​ထက်​သန့်​ရှင်း၍၊ နို့​ရည်​ထက်​လည်း ဖြူ​ကြ၏။ သူ​တို့​အ​သား​သည် ကျောက်​နီ​ထက် နီ၏။ သွေး​ကြော​လည်း နီ​လာ​နှင့်​တူ၏။

ပ​ရော​ဖက်​ပြု​သော သူ​တို့၊ ပ​ရော​ဖက်​မ​ပြု​ကြ​နှင့်။ သူ​တို့​သည် ရှက်​ကြောက်​မည်​အ​ကြောင်း ပ​ရော​ဖက် မ​ပြု​ရ​ကြ။

တ​မန်​တော်​တို့​ကို​ခေါ်၍၊ ယေ​ရှု၏​နာ​မ​ကို အ​မှီ​ပြု​လျက် ဟော​ပြော​သွန်​သင်​ခြင်း​ကို အ​လျှင်း​မ​ပြု​နှင့်​ဟု အ​မိန့်​ရှိ​ကြ၏။

ထို​နာ​မ​ကို​အ​မှီ​ပြု၍ မ​ဆုံး​မ မ​သွန်​သင်​မည်​အ​ကြောင်း ငါ​တို့​သည်​သင်​တို့​အား၊ ကျပ်​တည်း​စွာ စီ​ရင်​မှာ​ထား​သည် မ​ဟုတ်​လော။ ယ​ခု ကြည့်​ကြ။ ယေ​ရု​ရှ​လင်​မြို့​ကို သင်​တို့​အ​ယူ​ဝါ​ဒ​နှင့် ပြည့်​စေ​သည်​ဖြစ်၍၊ ငါ​တို့​အ​ပေါ်​သို့ ထို​သူ၏​အ​သွေး​ကို ရောက်​စေ​ခြင်း​ငှာ သင်​တို့ ကြံ​စည်​ပါ​သည်​တ​ကား​ဟု မေး​မြန်း​ပြော​ဆို​ကြ၏။-

လည်​ပင်း​ခိုင်​မာ၍ နှ​လုံး​ဖြင့်​လည်း​ကောင်း၊ နား​ဖြင့်​လည်း​ကောင်း အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့၊ သင်​တို့​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို အ​စဉ်​မ​ပြတ် ဆန့်​ကျင်​ဘက်​ပြု​လေ့​ရှိ​ကြ၏။ သင်​တို့​ဘိုး​ဘေး​များ၏ အ​လေ့​နှင့် သင်​တို့​အ​လေ့​တူ၏။-

သူ​တို့ အ​မျိုး​သား​ချင်း​တို့​အ​ထဲ၌ သင်​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​ပါး​ကို သူ​တို့​အ​ဖို့ ငါ​ပေါ်​ထွန်း​စေ၍၊ ထို​ပ​ရော​ဖက်​နှုတ်၌ ငါ့​စ​ကား​ကို ငါ​အပ်​သ​ဖြင့် ငါ​မှာ​ထား​သ​မျှ​တို့​ကို သူ​တို့​အား ဆင့်​ဆို​ရ​လိမ့်​မည်။

ဒါ​ဝိဒ်​ကို ဖမ်း​ဆီး​စေ​ခြင်း​ငှာ စေ​လွှတ်​ပြန်၏။ ပ​ရော​ဖက်​အ​ပေါင်း​အ​သင်း​တို့​သည် ပ​ရော​ဖက်​ပြု​လျက်၊ ရှ​မွေ​လ​စီ​ရင်​လျက်​နေ​သည်​ကို တ​မန်​တို့​သည် တွေ့​မြင်​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​သည် ရှော​လု၏ တ​မန်​တော်​တို့​အ​ပေါ်​မှာ သက်​ရောက်၍၊ သူ​တို့​သည်​လည်း ပ​ရော​ဖက်​ပြု​ရ​ကြ၏။

သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ရော​ဖက်​စစ်​ဖြစ်​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်၊ ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် သိ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ