Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 1:2

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​ပေါ်​က ကြွေး​ကြော်၍၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​က အ​သံ​ကို​လွှင့်​တော်​မူ​သော​ကြောင့်၊ သိုး​ထိန်း​နေ​ရာ​တို့​သည် ညှိုး​ငယ်၍၊ က​ရ​မေ​လ​တောင်​ထိပ်​သည် နွမ်း​ရိ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏​အ​သံ​တော်​သည် တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​သံ​တော်​သည် ဘုန်း​အာ​နု​ဘော်​နှင့် ပြည့်​စုံ​တော်​မူ၏။

လူ​မျိုး​တို့​သည် ဟုန်း​ဟုန်း​မြည်​ကြ၏။ တိုင်း​နိုင်​ငံ​တို့​သည် လှုပ်​ရှား​ကြ၏။ ဗျာ​ဒိတ်​သံ​ကို လွှတ်​တော်​မူ၍ မြေ​ကြီး​သည် အ​ရည်​ဖြစ်​လေ၏။

ရှင်​ဘု​ရင်​ကြောက်​စေ​သော​အ​မှု​အ​ရာ​သည် ခြင်္သေ့​ဟောက်​ခြင်း​နှင့် တူ၏။ အ​မျက်​တော်​ကို နှိုး​ဆော်​သော​သူ​သည် မိ​မိ​အ​သက်​ကို ပြစ်​မှား၏။

ပြည်​တော်​သည် ငြို​ငြင်၍ အား​လျော့၏။ လေ​ဗ​နုန်​တော​သည် ရှက်​ကြောက်၍ နွမ်း​ရိ၏။ ရှာ​ရုန်​အ​ရပ်​သည် တော​ကဲ့​သို့​ဖြစ်၏။ ဗာ​ရှန်​တောင်​နှင့် က​ရ​မေ​လ​တောင်​သည် လှုပ်​ရှား၏။

အ​လွန်​ပွင့်​လန်း၍ ဝမ်း​မြောက်​ခြင်း၊ သီ​ချင်း​ဆို​ခြင်း​နှင့်​တ​ကွ မြူး​ထူး​လိမ့်​မည်။ လေ​ဗ​နုန်​တောင်၏ ဘုန်း​နှင့်​လည်း​ကောင်း၊ က​ရ​မေ​လ​တောင်၊ ရှာ​ရုန်​အ​ရပ်​တို့၏ တင့်​တယ်​ခြင်း အ​သ​ရေ​နှင့်​လည်း​ကောင်း ပြည့်​စုံ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​ကို​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်၏​တန်​ခိုး​အာ​နု​ဘော်​တော်​ကို​လည်း​ကောင်း မြင်​ရ​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် သူ​ရဲ​ကဲ့​သို့ ထွက်​ကြွ၍၊ စစ်​သူ​ရဲ​ကဲ့​သို့ ကိုယ်​စိတ်​ကို ကိုယ်​နှိုး​ဆော်​တော်​မူ​လိမ့်​မည်။ အော်​ဟစ်​ကြွေး​ကြော်၍ ရန်​သူ​တို့​တစ်​ဖက်၌ အား​ထုတ်​တော်​မူ​လိမ့်​မည်။

ပြည်​သား​များ​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကြောင့်၊ ပြည်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မြည်​တမ်း​ရ​ပါ​အံ့​နည်း။ အ​ရပ်​ရပ်​တို့၌​ရှိ​သော မြက်​ပင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ညှိုး​နွမ်း​ရ​ပါ​အံ့​နည်း။ ငါ​တို့​ခံ​ရ​သော​အ​ကျိုး​အ​ပြစ် ကို ဘု​ရား​သ​ခင် မ​သိ​မ​မြင်​ဟု ပြည်​သား​များ ဆို​သော​ကြောင့်၊ သား​များ​နှင့် ငှက်​များ​တို့​သည် ပျောက်​ပျက်​ကြ​ပါ​ပြီ။

ယု​ဒ​ပြည်​သည်​ညည်း​တွား၏။ မြို့​တံ​ခါး​တို့၌ မြည်​တမ်း​သော အ​သံ​ရှိ၏။ နက်​သော​အ​ဝတ်​ကို မြေ​တိုင်​အောင်​ဝတ်၍၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၏​ငို​ကြွေး​ခြင်း​အ​သံ​သည် တက်​လေ၏။

ထို​ကြောင့်၊ သင်​သည် ပ​ရော​ဖက်​ပြု​လျက် သူ​တို့​အား ဟော​ပြော​ရ​သော​စ​ကား​များ ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မြင့်​သော​အ​ရပ်​က ကြွေး​ကြော်​တော်​မူ​မည်။ သန့်​ရှင်း​သော ဘုံ​ဗိ​မာန်​တော်​က အ​သံ​ကို လွှင့်​တော်​မူ​မည်။ ကျိန်း​ဝပ်​တော်​မူ​ရာ အ​ရပ်​ဌာ​န တစ်​ဖက်၌ ပြင်း​စွာ ကြွေး​ကြော်​တော်​မူ​မည်။ စ​ပျစ်​သီး​ကို နင်း​နယ်​သော​သူ​များ အော်​ဟစ်​သ​ကဲ့​သို့၊ မြေ​ကြီး​သား​များ တစ်​ဖက်၌ အော်​ဟစ်​တော်​မူ​မည်။

ငါ​တို့​မ​ဖြစ်​မီ ရှေး​ကာ​လ၌​ဖြစ်​ဖူး​သော ပ​ရော​ဖက်​တို့​သည်၊ များ​ပြား​သော​ပြည်၊ အား​ကြီး​သော တိုင်း​နိုင်​ငံ​တို့​ကို ရည်​မှတ်၍၊ စစ်​တိုက်​မည်​အ​ကြောင်း၊ ဘေး​ရောက်​မည်​အ​ကြောင်း၊ ကာ​လ​နာ​ပေါ​မည်​အ​ကြောင်း​တို့​ကို ဟော​ပြော​တတ်​ကြ၏။

ဣ​သ​ရေ​လ​ကို သူ၏​နေ​ရင်း​အ​ရပ်​သို့ ငါ​ဆောင်​ခဲ့​ဦး​မည်။ သူ​သည် က​ရ​မေ​လ​တောင်​နှင့် ဗာ​ရှန်​တောင်​ပေါ်​မှာ​ကျက်​စား၍၊ ဧ​ဖ​ရိမ်​တောင်​နှင့် ဂိ​လဒ်​တောင်​ပေါ်​မှာ ဝ​လိမ့်​မည်။

သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​နောက်​တော်​သို့ လိုက်​ကြ​လိမ့်​မည်။ ခြင်္သေ့​ကဲ့​သို့ ဟောက်​တော်​မူ​မည်။ ဟောက်​တော်​မူ​သော​အ​ခါ သား​သ​မီး​တို့​သည် အ​နောက်​မျက်​နှာ​မှ အ​လျင်​အ​မြန် ပြေး​ကြ​လိမ့်​မည်။

သား​ပျောက်​သော ဝံ​မ​ကဲ့​သို့ သူ​တို့​ကို ငါ​ဆီး​ကြို၍၊ သူ​တို့​နှ​လုံး၌ ဖုံး​သော​အ​မြှေး​ကို ဆုတ်​ဖဲ့​မည်။ ခြင်္သေ့​မ​ကဲ့​သို့ တွေ့​သော​အ​ရပ်၌​ပင် ငါ​ကိုက်​စား​မည်။ တော​သား​ရဲ​ဖြစ်၍ အ​ပိုင်း​ပိုင်း ဆွဲ​ဖြတ်​မည်။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ဟစ်​ကြော်​ပါ၏။ တော၌ ကျက်​စား​ရာ​အ​ရပ်​တို့​ကို မီး​ရှို့​ပါ​ပြီ။ တော​သစ်​ပင်​ရှိ​သ​မျှ​တို့​ကို မီး​လျှံ​လောင်​ပါ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း မိ​မိ​တပ်​တော်​ရှေ့​မှာ အ​သံ​ကို လွှင့်​တော်​မူ​မည်။ တပ်​တော်​သည်​အ​လွန်​ကြီး​မား၏။ စ​ကား​တော်​အ​တိုင်း စီ​ရင်​သော​သူ​သည် တန်​ခိုး​ကြီး​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် ကြီး၍ အ​လွန်​ကြောက်​မက်​ဖွယ်​သော နေ့​ရက်​ဖြစ်၏။ အ​ဘယ်​သူ ခံ​နိုင်​သ​နည်း။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ဇိ​အုန်​တောင်​ပေါ်​က ကြွေး​ကြော်၍၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​က အ​သံ​ကို​လွှင့်​တော်​မူ​သ​ဖြင့်၊ မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​သည် တုန်​လှုပ်​လိမ့်​မည်။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့၏​ခို​လှုံ​ရာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​စွမ်း​သ​တ္တိ ဖြစ်​တော်​မူ​လိမ့်​မည်။

က​ရ​မေ​လ​တောင်​ထိပ်၌ ပုန်း​ရှောင်​သော်​လည်း၊ ငါ​ရှာ၍ ထုတ်​မည်။ ငါ​နှင့်​လွတ်​အံ့​သော​ငှာ သ​မု​ဒ္ဒ​ရာ​အောက်၌ ပုန်း​ရှောင်​သော်​လည်း၊ ငါ​သည် န​ဂါး​ကို​မှာ​လိုက်၍ ကိုက်​စေ​မည်။

ပင်​လယ်​ကို ဆုံး​မ၍ ခန်း​ခြောက်​စေ​တော်​မူ၏။ ခပ်​သိမ်း​သော မြစ်​ရေ​ကို​လည်း ကုန်​စေ​တော်​မူ၏။ ဗာ​ရှန်​တောင်​နှင့် က​ရ​မေ​လ​တောင်​တို့​သည် ညှိုး​နွမ်း​ကြ၏။ လေ​ဗ​နုန်​အ​ပွင့်​လည်း ညှိုး​နွမ်း၏။

ထို​အ​ခါ မော​န​အ​ရပ်၌​နေ၍ က​ရ​မေ​လ​မြို့၌ ဥ​စ္စာ​များ​သော သူ​တစ်​ဦး​ရှိ၏။ ထို​သူ​သည် လူ​ကြီး​ဖြစ်၍၊ သိုး​သုံး​ထောင်၊ ဆိတ်​တစ်​ထောင်​ကို ရ​တတ်၏။ က​ရ​မေ​လ​မြို့​မှာ သိုး​မွေး​ကို​ညှပ်၍​နေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ