Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



အာ​မုတ် 1:1

Judson Bible

ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​မင်း၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယော​ရှ၏​သား ယေ​ရော​ဗောင်​မင်း​တို့​လက်​ထက်၊ မြေ​ကြီး​မ​လှုပ်​မီ နှစ်​နှစ်​အ​ထက်​က၊ သိုး​ထိန်း​စု​အ​ဝင်​ဖြစ်​သော တေ​ကော​ရွာ​သား အာ​မုတ်​သည် ဣ​သ​ရေ​လ​ပြည်​အ​တွက်​ခံ​ရ​သော ဗျာ​ဒိတ်​တော်​စ​ကား​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

တေ​ကော​မြို့​သို့​စေ​လွှတ်၍ ပ​ညာ​ရှိ​သော​မိန်း​မ​ကို​ခေါ်​ပြီး​လျှင်၊ သင်​သည် ဆီ​မ​လိမ်း​ပါ​နှင့်။ စိတ်​မ​သာ ညည်း​တွား​ဟန်​ပြု၍ မ​သာ​အ​ဝတ်​ကို ဝတ်​ပါ​တော့။ လူ​သေ​အ​တွက် ကြာ​မြင့်​စွာ ငို​ကြွေး​သော​မိန်း​မ ယောင်​ဆောင်​လျက်၊

ထို​အ​ရပ်​မှ ဧ​လိ​ယ​သည် သွား​ပြီး​လျှင်၊ နွား​ငါး​ရှဉ်း​နှင့် လယ်​ထွန်​လျက်၊ နောက်​ဆုံး​နွား​ရှဉ်း၌ ကိုယ်​တိုင်​လိုက်​သော ရှာ​ဖတ်​သား​ဧ​လိ​ရှဲ​ကို​တွေ့၍ အ​နား၌​လျှောက်​စဉ်​တွင်၊ မိ​မိ​ဝတ်​လုံ​ကို သူ့​အ​ပေါ်​မှာ​တင်​လေ၏။

ယု​ဒ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် အ​သက်​တစ်​ဆယ့်​ခြောက်​နှစ်​ရှိ​သော သား​တော်​ဩ​ဇိ​ကို​ယူ၍ ခ​မည်း​တော်​အာ​မ​ဇိ​အ​ရာ၌ နန်း​တင်​ကြ၏။

ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​သား အာ​မ​ဇိ နန်း​စံ​ဆယ်​ငါး​နှစ်​တွင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယ​ဟော​ရှ​သား ယေ​ရော​ဗောင်​သည် ရှ​မာ​ရိ​မြို့၌​မင်း​ပြု၍ လေး​ဆယ်​တစ်​နှစ်​စိုး​စံ၏။

ဗက်​လင်​မြို့၊ ဧ​တံ​မြို့၊ တေ​ကော​မြို့၊

နက်​ဖြန်​နံ​နက်​စော​စော​ထ၍၊ တေ​ကော​တော​သို့ ထွက်​သွား​ကြ၏။ သွား​ကြ​စဉ်​တွင်၊ ယော​ရှ​ဖတ်​သည် ရပ်၍၊ အို​ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ နား​ထောင်​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကြ​လော့။ သို့​ပြု​လျှင် တည်​ကြည်​ကြ​လိမ့်​မည်။ ပ​ရော​ဖက်​တော်​တို့​ကို ယုံ​ကြည်​ကြ​လော့။ သို့​ပြု​လျှင် အောင်​မြင်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

မော​ရှေ​သည်၊ မိ​မိ​ယော​က္ခ​မ မိ​ဒျန်​ယဇ်​ပု​ရော​ဟိတ်​ယေ​သ​ရော၏​သိုး​ဆိတ်​များ​ကို ထိန်း​စဉ်၊ တော​နောက်​ဘက်​သို့​ဆောင်​သွား၍၊ ဟော​ရပ်​အ​မည်​ရှိ​သော ဘု​ရား​သ​ခင်၏​တောင်​သို့ ရောက်​လေ၏။

ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​မင်း၊ ယော​သံ​မင်း၊ အာ​ခတ်​မင်း၊ ဟေ​ဇ​ကိ​မင်း​တို့​လက်​ထက်​၌၊ အာ​မုတ်​၏​သား​ဟေ​ရှာ​ယ​သည် ယေ​ရု​ရှ​လင်​မြို့​မှ​စ​၍၊ ယု​ဒ​ပြည်​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​သည်​မှာ၊

ယု​ဒ​ရှင်​ဘု​ရင် အာ​မုန်​သား​ယော​ရှိ​မင်း နန်း​စံ​ဆယ်​သုံး​နှစ်​တွင်​လည်း​ကောင်း၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှိ​သား ယော​ယ​ကိမ် လက်​ထက်၌​လည်း​ကောင်း၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှိ​သား ဇေ​ဒ​ကိ​မင်း နန်း​စံ​ဆယ်​တစ်​နှစ်​စေ့၍ ပ​ဥ္စ​မ​လ​တွင်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို သိမ်း​သွား​ချုပ်​ထား​သည် တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​သော ဗင်္ယာ​မိန်​ပြည်၊ အာ​န​သုတ်​မြို့​နေ ဟိ​လ​ခိ​သား ယဇ်​ပု​ရော​ဟိတ်​ယေ​ရ​မိ​စ​ကား​မှာ၊

ငါ​တို့​မ​ဖြစ်​မီ ရှေး​ကာ​လ၌​ဖြစ်​ဖူး​သော ပ​ရော​ဖက်​တို့​သည်၊ များ​ပြား​သော​ပြည်၊ အား​ကြီး​သော တိုင်း​နိုင်​ငံ​တို့​ကို ရည်​မှတ်၍၊ စစ်​တိုက်​မည်​အ​ကြောင်း၊ ဘေး​ရောက်​မည်​အ​ကြောင်း၊ ကာ​လ​နာ​ပေါ​မည်​အ​ကြောင်း​တို့​ကို ဟော​ပြော​တတ်​ကြ၏။

အို ဗင်္ယာ​မိန်​အ​မျိုး​သား​တို့၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​က​ထွက်၍၊ လွတ်​အောင်​ပြေး​ကြ​လော့။ တေ​ကော​ရွာ၌ တံ​ပိုး​မှုတ်​ကြ​လော့။ ဗေ​သ​က္က​ရင်​ရွာ၌ မီး​ရှူး​ကို မြှောက်၍ ပြ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ဘေး​ဥ​ပဒ်​တည်း​ဟူ​သော ကြီး​စွာ​သော​ပျက်​စီး​ခြင်း အ​ကြောင်း​အ​ရာ​သည် မြောက်​မျက်​နှာ​က ပေါ်​လာ၏။

သင်​သည် ဤ​စ​ကား​အ​လုံး​စုံ​ကို သူ​တို့​အား ပြော​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ကြ။ ခေါ်​သော်​လည်း မ​ထူး​ကြ။

ယု​ဒ​ရှင်​ဘု​ရင်​ဩ​ဇိ​မင်း၊ ယော​သံ​မင်း၊ အာ​ခတ်​မင်း၊ ဟေ​ဇ​ကိ​မင်း၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယော​ရှ​သား ယေ​ရော​ဗောင်​မင်း​တို့​လက်​ထက်၊ ဗေ​ရိ၏​သား ဟော​ရှေ​သို့ ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော် အ​စ​အ​ဦး​ဟူ​မူ​ကား၊

အာ​မုတ်​က၊ ငါ​သည် ပ​ရော​ဖက်​မ​ဟုတ်၊ ပ​ရော​ဖက်၏​သား​လည်း မ​ဟုတ်​ဘဲ၊ နွား​ကျောင်း​သော​သူ၊ သ​ဖန်း​သီး​ကို ဆွတ်​သော​သူ​ဖြစ်​စဉ်​အ​ခါ၊

ယု​ဒ​ရှင်​ဘု​ရင် ယော​သံ​မင်း၊ အာ​ခတ်​မင်း၊ ဟေ​ဇ​ကိ​မင်း​တို့​လက်​ထက်၌ မော​ရ​ရှ​ရွာ​သား မိ​က္ခာ​သည် ရှ​မာ​ရိ​မြို့​နှင့် ယေ​ရု​ရှ​လင်​မြို့​အ​ဖို့ ခံ​ရ​သော ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​ဟူ​မူ​ကား၊

သင်​တို့​သည် ငါ့​တောင်​ကြား​ချိုင့်​လမ်း​ဖြင့် ပြေး​ကြ​လိမ့်​မည်။ ထို​ချိုင့်​သည် အာ​ဇ​လ​မြို့​တိုင်​အောင် မီ လိမ့်​မည်။ ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​မင်း​လက်​ထက်၊ မြေ​ကြီး​လှုပ်၍ သင်​တို့​သည် ပြေး​သ​ကဲ့​သို့ တစ်​ဖန် ပြေး​ကြ​လိမ့်​မည်။ ငါ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကြွ​လာ​တော်​မူ၍၊ မိ​မိ​သန့်​ရှင်း​သူ​အ​ပေါင်း​တို့​သည် ပါ​ကြ​လိမ့်​မည်။

ဂါ​လိ​လဲ​အိုင်​နား​မှာ ကြွ​တော်​မူ​စဉ်၊ ပေ​တ​ရု​ဟူ၍​ခေါ်​ဝေါ်​သော ရှိ​မုန်​နှင့် အ​န္ဒြေ၊ ညီ​အစ်​ကို နှစ်​ယောက်​တို့​သည် တံ​ငါ​ဖြစ်၍၊ အိုင်​တွင် ပိုက်​ကွန်​ဖြန့်​ချ​သည်​ကို မြင်​တော်​မူ​လျှင်၊

ဘု​ရား​သ​ခင်​သည် ပ​ညာ​ရှိ​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ၊ လော​ကီ​အ​ရာ၌ မိုက်​မဲ​သော​သူ​တို့​ကို ရွေး​ကောက်​တော်​မူ၏။ အ​စွမ်း​သ​တ္တိ​ရှိ​သော သူ​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ၊ လော​ကီ​အ​ရာ၌ အား​နည်း​သော သူ​တို့​ကို ရွေး​ကောက်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ