Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟ​ဗက္ကုတ် 3:8

Judson Bible

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ကယ်​တင်​ရာ​မြင်း​ရ​ထား​တော်​ကို စီး​တော်​မူ​မည်​အ​ကြောင်း၊ မြစ်​တို့​ကို အ​မျက်​ထွက်​တော်​မူ​သ​လော။ မြစ်​များ​တစ်​ဖက်၌ စိတ်​ထ​တော်​မူ​သ​လော။ ပင်​လယ်​ကို ရန်​ငြိုး​ဖွဲ့​တော်​မူ​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

နေ​တော်​မူ​ရာ​အ​ထက်​ခန်း၊ အ​မြစ်​ကို​ရေ၌ တည်​တော်​မူ​ထ​သော၊ မိုး​တိမ်​ရ​ထား​ကို​စီး၍၊ လေ​အ​တောင်​တို့​ဖြင့် ကြွ​သွား​တော်​မူ​ထ​သော၊

ပင်​လယ်​သည် မြင်၍​ပြေး​လေ၏။ ယော်​ဒန်​မြစ်​လည်း နောက်​သို့​လှည့်​လေ၏။

အ​ချင်း​ပင်​လယ်၊ သင်​ပြေး​သည်​အ​ကြောင်း၊ အ​ချင်း​ယော်​ဒန်​မြစ်၊ သင်​သည် နောက်​သို့​လှည့်​သည်​အ​ကြောင်း၊

ခေ​ရု​ဗိမ်​ကို​စီး​လျက် ပျံ​တော်​မူ၏။ လေ၏​အ​တောင်​တို့​အ​ပေါ်​မှာ လျင်​စွာ ပျံ​တော်​မူ၏။

သ​စ္စာ​တ​ရား၊ နူး​ညံ့​ခြင်း​တ​ရား၊ ဖြောင့်​မတ်​ခြင်း​တ​ရား​ကြောင့်၊ အ​သ​ရေ​တော်​ထင်​ရှား​လျက်၊ အောင်​မြင်၍ စီး​သွား​တော်​မူ​ပါ။ လက်​ယာ​လက်​တော်​လည်း ကြောက်​မက်​ဖွယ်​သော​အ​ရာ​ကို ကိုယ်​တော်​အား ပြ​ပါ​လိမ့်​မည်။

ဘု​ရား​သ​ခင်၏​ရ​ထား​တော်​တို့​သည် အ​ထောင်​အ​သောင်း​မ​က များ​ကြ၏။ ဘု​ရား​ရှင်​ပါ​တော်​မူ၏။ သိ​နာ​တောင်​လည်း သန့်​ရှင်း​ရာ​ဌာ​န​တော်၌ ရှိ​သ​တည်း။

ဘု​ရား​သ​ခင်​အား သီ​ချင်း​ဆို​ကြ​လော့။ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း ဆို​ကြ​လော့။ သဲ​က​န္တာ​ရ​တစ်​လျောက်​စီး၍ ကြွ​တော်​မူ​သော​အ​ရှင်​ဖို့ လမ်း​ကို​ပြင်​ကြ​လော့။ ထို​အ​ရှင်၏​နာ​မ​တော်​ကား၊ ထာ​ဝ​ရ​ဘု​ရား​တည်း။ ရှေ့​တော်၌ ရွှင်​လန်း​ကြ​လော့။

အို ဘု​ရား​သ​ခင်၊ ရေ​တို့​သည် ကိုယ်​တော်​ကို​မြင်​ကြ​ပါ၏။ ရေ​တို့​သည် ကိုယ်​တော်​ကို​မြင်၍ ကြောက်​ရွံ့​ကြ​ပါ၏။ ရေ​နက်​နဲ​ရာ​အ​ရပ်​တို့​လည်း လှုပ်​ရှား​ကြ​ပါ၏။

သင်​မူ​ကား၊ လှံ​တံ​ကို​ချီ​ပြီး​လျှင်၊ ပင်​လယ်​ပေါ်​မှာ လက်​ကို​ဆန့်၍ ပင်​လယ်​ရေ​ကို​ခွဲ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ လျှောက်​သွား​ရ​ကြ​မည်။

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​မိန့်​တော်​မူ​ပြန်​သည်​ကား၊ အာ​ရုန်​အား သင်၏​လှံ​တံ​ကို​ယူ၍ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော​ချောင်း​ရေ၊ မြစ်​ရေ၊ အိုင်​အင်း​ရေ၊ ကန်​ရေ၊ တွင်း​ရေ​ရှိ​သ​မျှ​အ​ပေါ်​မှာ လက်​ကို​ဆန့်​လော့။ ထို​ရေ​ရှိ​သ​မျှ​တို့​သည် အ​သွေး​ဖြစ်​လိမ့်​မည်။ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၊ သစ်​ခွက်၊ ကျောက်​အိုး၌​မျှ​မ​ကြွင်း အ​သွေး​ရှိ​လိမ့်​မည်​အ​ကြောင်း​ကို​ပြော​လော့​ဟု မိန့်​တော်​မူ၏။

မော​ရှေ​နှင့် အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း​ပြု၍၊ အာ​ရုန်​သည် ဖာ​ရော​ဘု​ရင်​ရှေ့၊ သူ၏​ကျွန်​များ​ရှေ့​မှာ လှံ​တံ​ကို​ချီ၍ မြစ်​ရေ​ကို ရိုက်​သ​ဖြင့်၊ မြစ်​ရေ​ရှိ​သ​မျှ​သည်​အ​သွေး​ဖြစ်​လေ၏။

အဲ​ဂု​တ္တု​ပြည်​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ကား၊ ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် လျင်​မြန်​သော​မိုး​တိမ်​ကို​စီး၍ အဲ​ဂု​တ္တု​ပြည်​သို့ ကြွ​တော်​မူ၏။ ရှေ့​တော်၌ အဲ​ဂု​တ္တု​ပြည်၏ ရုပ်​တု​ဆင်း​တု​တို့​သည်​လှုပ်​ရှား၍၊ အဲ​ဂု​တ္တု​ပြည်၏​နှ​လုံး​သည် သူ၏​အ​ထဲ​မှာ အ​ရည်​ကျို​လျက် ရှိ​လိမ့်​မည်။

ငါ​လာ​သော​အ​ခါ အ​ဘယ်​ကြောင့် လူ​မ​ရှိ​သ​နည်း။ ငါ​ခေါ်​သော​အ​ခါ အ​ဘယ်​ကြောင့် မ​ထူး​သ​နည်း။ ငါ​သည် မ​ရွေး​မ​နုတ်​နိုင်​အောင် လက်​တို​သ​လော။ ကယ်​ချွတ်​နိုင်​သော တန်​ခိုး​မ​ရှိ​သ​လော။ ကြည့်​ရှု​လော့။ ငါ​ဆုံး​မ​သ​ဖြင့် ပင်​လယ်​ရေ​သည် ခန်း​ခြောက်၏။ မြစ်​တို့​ကို လွင်​ပြင်​ဖြစ်​စေ၏။ ရေ​မ​ရှိ​သော​ကြောင့် ငါး​တို့​သည်​နံ​ကြ၏။ ရေ​ငတ်၍ သေ​ကြ၏။

ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ပြင်း​စွာ​သော အ​ရှိန်​အား​ဖြင့် အ​မျက်​တော်​ကို​လည်း​ကောင်း၊ မီး​လျှံ​အား​ဖြင့် ဆုံး​မ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း ထင်​ရှား​စွာ​ပြ​ခြင်း​ငှာ၊ လေ​ပွေ​ကဲ့​သို့​သော ရ​ထား​တော်​တို့​ကို​စီး၍၊ မီး​ကဲ့​သို့ ကြွ​လာ​တော်​မူ​လိမ့်​မည်။

ပင်​လယ်​ကို ဆုံး​မ၍ ခန်း​ခြောက်​စေ​တော်​မူ၏။ ခပ်​သိမ်း​သော မြစ်​ရေ​ကို​လည်း ကုန်​စေ​တော်​မူ၏။ ဗာ​ရှန်​တောင်​နှင့် က​ရ​မေ​လ​တောင်​တို့​သည် ညှိုး​နွမ်း​ကြ၏။ လေ​ဗ​နုန်​အ​ပွင့်​လည်း ညှိုး​နွမ်း၏။

ကိုယ်​တော်​သည် မြင်း​တော်​များ​ကို စီး၍၊ ရေ​ဟုန်း​ဟုန်း​မြည်​သော ပင်​လယ်​အ​လယ်​သို့ ချီ​သွား​တော်​မူ၏။

ကိုယ်​တော်​သည် ထ၍ တိတ်​ဆိတ်​ငြိမ်​ဝပ်​စွာ​နေ​ဟု လေ​နှင့် ပင်​လယ်​ကို ဆုံး​မ​တော်​မူ​သ​ဖြင့် လေ​သည်​ငြိမ်၍ အ​လွန်​သာ​ယာ​လေ၏။-

ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဖ​လား​ကို ဥ​ဖ​ရတ်​မြစ်​ကြီး​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ အ​ရှေ့ မျက်​နှာ​ဘု​ရင်​တို့ သွား​ရာ​လမ်း​ကို ပြင်​ဆင်​စေ​ခြင်း​အ​လို​ငှာ ထို​မြစ်​ရေ​သည် ခန်း​ခြောက်​လေ၏။-

ထို​အ​ခါ ကောင်း​ကင်​ဘုံ ဖွင့်​လှစ်​လျက်​ရှိ​သည်​ကို ငါ​မြင်​လျှင်၊ မြင်း​ဖြူ​ရှိ၏။ မြင်း​စီး​သော သူ​သည် သ​စ္စာ​ဟူ​သော​အ​မည်၊ သ​မ္မာ​ဟူ​သော​အ​မည်​ရှိ သ​တည်း။ ထို​သူ​သည် တ​ရား​သ​ဖြင့် စီ​ရင်​တတ်၏။ တ​ရား​သ​ဖြင့် စစ်​တိုက်​တတ်၏။-

ကောင်း​ကင်​ဗိုလ်​ခြေ​တို့​သည် မြင်း​ဖြူ​ကို​စီး​လျက်၊ စင်​ကြယ်​သော ပိတ်​ချော​ဖြူ​ကို ဝတ်​လျက်၊ နောက်​တော်​သို့ လိုက်​ကြ၏။-

ထို​အ​ခါ ငါ​ကြည့်​လျှင်၊ မြင်း​ဖြူ​တစ်​စီး​ရှိ၏။ မြင်း​စီး​သော​သူ​သည် လေး​ကို​ကိုင်၏။ သူ၌​သ​ရ​ဖူ​ကို ပေး​တော်​မူ၏။ အောင်​မြင်​လျက်​လည်း​ကောင်း၊ အောင်​မြင်​ခြင်း​ငှာ​လည်း​ကောင်း ထွက်​သွား၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ