ဟဗက္ကုတ် 3:7Judson Bibleကုရှန်ပြည်၌ တဲတို့သည် ဆင်းရဲခံခြင်း၊ မိဒျန်ပြည်၌ ကုလားကာတို့သည် လှုပ်ရှားခြင်းကို ငါမြင်၏။ အခန်းကိုကြည့်ပါ။ |
သင်တို့သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ၊ ဧဒုံပင်လယ်ရေကို ထာဝရဘုရား ခန်းခြောက်စေတော်မူကြောင်းကိုလည်းကောင်း၊ ယော်ဒန်မြစ်တစ်ဖက်၌နေ၍ သင်တို့ ရှင်းရှင်းဖျက်ဆီးသော အာမောရိရှင်ဘုရင်ရှိဟုန်နှင့် ဩဃတို့၌ သင်တို့ပြုသောအမှုကိုလည်းကောင်း၊ အကျွန်ုပ်တို့ကြားရကြပြီ။
သူတို့ကလည်း၊ ဤပြည်တစ်လျှောက်လုံးကို သင်တို့အားပေး၍၊ ပြည်သူပြည်သားအပေါင်းတို့ကို သင်တို့ရှေ့မှ ပယ်ရှင်းခြင်းငှာ၊ ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားသည် မိမိကျွန်မောရှေအား မှာထားတော်မူကြောင်းကို ကိုယ်တော်ကျွန်တို့သည် ဆက်ဆက်ကြားသိ၍၊ သင်တို့လက်၌ အသက်ဆုံးမည်ကို အလွန်ကြောက်သောကြောင့်၊ ဤအမှုကို ပြုပါပြီ။