Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟ​ဗက္ကုတ် 3:6

Judson Bible

ရပ်၍ မြေ​ကြီး​ကို​တိုင်း​တော်​မူ၏။ ကြည့်​ရှု၍ လူ​မျိုး​တို့​ကို တုန်​လှုပ်​စေ​တော်​မူ၏။ အ​စဉ်​အ​မြဲ​တည်​သော တောင်​တို့​သည် ကျိုး​ပဲ့၍၊ ထာ​ဝ​ရ​ကုန်း​ရိုး​တို့​သည် ညွတ်​ကြ၏။ ထာ​ဝ​ရ​လမ်း​တို့​ကို ကြွ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

35 ပူးပေါင်းရင်းမြစ်များ  

သင်၏​အ​ဘ​ပေး​သော​ကောင်း​ချီး​မင်္ဂ​လာ​သည်၊ ထာ​ဝ​ရ​တောင်​တို့၌​ဖြစ်​သော ကောင်း​ချီး​မင်္ဂ​လာ၊ ထာ​ဝ​ရ​ကုန်း​တို့၌ နှစ်​သက်​ဖွယ်​သော​အ​ရာ​တို့​ထက် သာ၍​မြတ်၏။ ထို​မင်္ဂ​လာ​သည် ယော​သပ်​ခေါင်း​ပေါ်၊ မိ​မိ​အစ်​ကို​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ၏​ခေါင်း​ထိပ်​ပေါ်​မှာ သက်​ရောက်​ပါ​စေ​သော။

သူ​တို့​သည် လေ​ရှေ့​မှာ​အ​မှိုက်​နှင့် မုန်​တိုင်း​တိုက်​သွား​သော ဖွဲ​ကဲ့​သို့ ဘယ်​နှစ်​ကြိမ်​ဖြစ်​ဖူး​သည်​ကို​လည်း​ကောင်း၊

ဘု​ရား​သ​ခင်​သည် တောင်​တို့​ကို အ​မှတ်​တ​မဲ့ ရွှေ့​တော်​မူ၏။ အ​မျက်​ထွက်၍ မှောက်​လှန်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား၏​က​ရု​ဏာ​တော်​မူ​ကား၊ ကြောက်​ရွံ့​သော သူ​တို့​အ​ပေါ်​သို့ ကာ​လ​အ​စဉ်​အ​ဆက် သက်​ရောက်​တတ်၏။

မြေ​ကြီး​ကို ကြည့်​ရှု​တော်​မူ၍ သူ​သည် တုန်​လှုပ်​တတ်၏။ တောင်​တို့​ကို​တို့​တော်​မူ၍၊ သူ​တို့​သည် မီး​ခိုး​ထွက်​တတ်​ကြ​ပါ၏။

ထို​သူ​တို့​သည် လေ​တိုက်​သော​ဖွဲ​ကဲ့​သို့ ဖြစ်​ကြ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား၏​တ​မန်​သည်​လည်း သူ​တို့​ကို လှဲ​ပါ​စေ​သော။

သင်​တို့​သည် မြင့်​သော​တောင်​ထိပ်​များ​နှင့် ပြည့်​စုံ​သော်​လည်း၊ ဘု​ရား​သ​ခင် ကျိန်း​ဝပ်​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​သော​တောင်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​အ​မြဲ​နေ​ရာ​ချ​တော်​မူ​သော​တောင်​တော်​ကို အ​ဘယ်​ကြောင့် စောင်း​မြောင်း​ကြ​သ​နည်း။

တောင်​များ​ကို မ​ဖော်၊ မြေ​ကြီး​နှင့် လော​က​ဓာတ်​ကို​ဖန်​ဆင်း​တော်​မ​မူ​မီ၊ ကိုယ်​တော်​သည် ရှေး​က​မ္ဘာ အ​ဆက်​ဆက်​မှ​စ၍၊ နောက်​က​မ္ဘာ အ​ဆက်​ဆက်​တိုင်​အောင် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ရ​တော်​မူ​သော အ​ရှင်၏​ရှေ့​တော်၌၊ တောင်​တို့​သည် ဖ​ယောင်း​ကဲ့​သို့ အ​ရည်​ဖြစ်​ကြ၏။

လူ​မျိုး​တို့​သည်​သ​တင်း​ကြား​၍ ကြောက်​လန့်​ကြ​လိမ့်​မည်။ ပါ​လေ​တ္တိ​န​ပြည်​သူ​ပြည်​သား​တို့​သည် ပူ​ပန်​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။

ဧ​ဒုံ​ဗိုလ်​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း၊ မော​ဘ​သူ​ရဲ​တို့​သည် တုန်​လှုပ်​ခြင်း၊ ခါ​နာန်​ပြည်​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​မွေ​ခံ​တော်​မူ​ရာ​တောင်​တည်း​ဟူ​သော ကျိန်း​ဝပ်​တော်​မူ​ရာ​ဖို့ ဖန်​ဆင်း​တော်​မူ​သော​အ​ရပ်​ထဲ​သို့ ကိုယ်​တော်၏​လူ​တို့​ကို သွင်း​တော်​မူ​လိမ့်​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ လက်​တော်​နှင့်​တည်​တော်​မူ​သော သန့်​ရှင်း​ရာ​ဌာ​န​တော်၌ နေ​ရာ​ချ​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ဖြင့်​လွှမ်း​လျက်၊ သိ​နာ​တောင်​ပေါ်​သို့ ဆင်း​သက်​တော်​မူ​သော​ကြောင့်၊ တစ်​တောင်​လုံး မီး​ခိုး​ထွက်​လေ​၏။ မီး​ခိုး​သည်​လည်း မီး​ဖို၏​မီး​ခိုး​ကဲ့​သို့​တက်၍ တစ်​တောင်​လုံး ပြင်း​စွာ​လှုပ်​လေ၏။

သူ​တစ်​ပါး၏​သား​သ​မီး​ကို ခွေ့​လျှင်၊ စီ​ရင်​သည်​အ​တိုင်း​ခံ​ရ​မည်။

မိုး​ကောင်း​ကင်​ကို မျှော်၍ ကြည့်​ကြ​လော့။ မြေ​ကြီး​ကို​လည်း ငုံ့၍ ကြည့်​ကြ​လော့။ မိုး​ကောင်း​ကင်​သည် မီး​ခိုး​ကဲ့​သို့ ကွယ်​ပျောက်၍၊ မြေ​ကြီး​သည် အ​ဝတ်​ကဲ့​သို့ ဟောင်း​နွမ်း​လိမ့်​မည်။ မြေ​ကြီး​သား​တို့​သည် ခြင်​ကောင်​ကဲ့​သို့ သေ​ကြ​လိမ့်​မည်။ ငါ၏​ကယ်​တင်​ခြင်း​တ​ရား​မူ​ကား အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်။ ငါ၏​ဖြောင့်​မတ်​ခြင်း​တ​ရား​လည်း ပ​ပျောက်​ခြင်း မ​ရှိ​နိုင်​ရာ။

အ​ကြောင်း​မူ​ကား၊ ပိုး​ရွ​တို့​သည် သိုး​မွေး​အ​ဝတ်​ကို ကိုက်​စား​သ​ကဲ့​သို့၊ ထို​သူ​တို့​ကို ကိုက်​စား​ဖျက်​ဆီး​ကြ​လိမ့်​မည်။ ငါ၏ ဖြောင့်​မတ်​ခြင်း​တ​ရား​မူ​ကား နိ​စ္စ​ထာ​ဝ​ရ​ဖြစ်၍၊ ငါ၏​ကယ်​တင်​ခြင်း​တ​ရား​သည်​လည်း က​မ္ဘာ​အ​ဆက်​ဆက် တည်​လိမ့်​သ​တည်း။

ကျန်​ကြွင်း​သော ယာ​ကုပ်​အ​မျိုး​သား​တို့​သည် တစ်​ပါး​အ​မျိုး​သား အ​များ​တို့​တွင်​နေ၍၊ တော​သား​ရဲ​တို့​တွင် ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ သိုး​စု​တို့​တွင် ခြင်္သေ့​ပျို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။ ခြင်္သေ့​ဝင်​သော​အ​ခါ အ​ဘယ်​သူ​မျှ မ​ကယ်​နုတ်​နိုင်​အောင် နင်း၍ ကိုက်​စား​တတ်၏။

ကိုယ်​တော်​ကြောင့် တောင်​တို့​သည် တုန်​လှုပ်​လျက်၊ ကုန်း​တို့​သည် အ​ရည်​ကျို​လျက်၊ ရှေ့​တော်၌ မြေ​ကြီး​နှင့် လော​က​ဓာတ်​မှ​စ၍ လော​က​သား​အ​ပေါင်း​တို့​သည် ရွေ့​လျက်​ရှိ​ကြ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​သည် နိ​စ္စ​ထာ​ဝ​ရ တည်​တော်​မူ​သည်​မ ဟုတ်​လော။ သို့​ဟုတ်​လျှင်၊ အ​ကျွန်ုပ်​တို့​သည် သေ​ခြင်း​နှင့် ကင်း​လွတ်​ကြ​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​ကို စစ်​ကြော​စေ​ခြင်း​ငှာ သူ​တို့​ကို ခန့်​ထား​တော်​မူ​ပြီ။ အို ကျောက်​ထ​ရံ၊ ဆုံး​မ​စေ​ခြင်း​ငှာ သူ​တို့​ကို နေ​ရာ​ချ​တော်​မူ​ပြီ။

တောင်​တို့​သည် ကိုယ်​တော်​ကို မြင်၍ တုန်​လှုပ်​ကြ​ပါ၏။ လျှံ​သော​ရေ​သည် လွှမ်း​မိုး​ပါ၏။ ပင်​လယ်​သည် အော်​ဟစ်၍ လက်​ကို ချီ​ပါ၏။

ကောင်း​ကင်​နှင့် မြေ​ကြီး​မ​တည်​သော်​လည်း ငါ့​စ​ကား တည်​လိမ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့​သည် သ​နား​တော်​မူ​ခြင်း ကျေး​ဇူး​ကို အ​စဉ်​မ​ပြတ်​ခံ​စား​ကြ၏။-

ဘု​ရား​သ​ခင်​သည် မြေ​တစ်​ပြင်​လုံး၌ နေ​ရ​သော လူ​အ​မျိုး​မျိုး​တို့​ကို တစ်​သွေး​တည်း​နှင့် ဖန်​ဆင်း​တော်​မူ၍၊ သူ​တို့​အား ခွဲ​ဝေ​စီ​မံ​သော​အ​ချိန် ကာ​လ​ကို​လည်း​ကောင်း၊ သူ​တို့၏ နေ​ရာ​အ​ပိုင်း​အ​ခြား​ကို​လည်း​ကောင်း မှတ်​သား​တော်​မူ၏။-

အ​မြင့်​ဆုံး​သော​ဘု​ရား​သည် အာ​ဒံ၏​အ​မျိုး​အ​နွယ်​ဖြစ်​သော လူ​မျိုး​တို့​ကို ပိုင်း​ခြား၍ အ​မွေ​မြေ​ကို​ဝေ​ပေး​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အ​ရေ​အ​တွက်​ကို ထောက်​ရှု၍၊ လူ​မျိုး​တို့​နေ​ရာ​အ​ပိုင်း​အ​ခြား​ကို စီ​ရင်​တော်​မူ၏။

အ​သက်​ကြီး​သော​တောင်​ထိပ်၊ မြဲ​မြံ​သော​တောင်​ထဲ​က​ထွက်​သော ဘ​ဏ္ဍာ​အား​ဖြင့်​လည်း​ကောင်း၊

ယေ​ရှု​ခ​ရစ်​သည် မ​နေ့၊ ယ​နေ့၊ နောင်​ကာ​လ အ​စဉ်​အ​မြဲ မ​ပြောင်း​မ​လဲ နေ​တော်​မူ၏။-

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ဘက်​မှာ စစ်​တိုက်​တော်​မူ​သော​ကြောင့်၊ ထို​ပြည်​များ​နှင့်​တ​ကွ မင်း​ကြီး​အ​ပေါင်း​တို့​ကို တစ်​ခါ​တည်း​အောင်​လေ၏။

တောင်​ရိုး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​လည်း​ကောင်း၊ သိ​နာ​တောင်​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်၌​လည်း​ကောင်း တုန်​လှုပ်​ပါ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ