ကိုယ်တော်သည် အမျိုးအနွယ်တော်တို့၌ ထားတော်မူသော သစ္စာကတိရှိသည်အတိုင်း၊ လေးလက်နက်တော်ကို ထုတ်ပြတော်မူ၏။ မြေကြီး၌ မြစ်တို့ကို ပေါက်စေတော်မူ၏။
ကျောက်တို့တွင် ရေစီးစေတတ်၏။ သူ၏မျက်စိသည် ထူးဆန်းသောအရာရှိသမျှတို့ကို ကြည့်မြင်တတ်၏။
ကျောက်ကိုလည်း ဖွင့်လှစ်တော်မူသဖြင့်၊ ရေသည်ထွက်၍ သွေ့ခြောက်သောအရပ်၌ မြစ်ကဲ့သို့ စီးသွားလေ၏။
ကိုယ်တော်ထံသို့ လက်တို့ကိုဆန့်ပါ၏။ သွေ့ခြောက်သောမြေကဲ့သို့ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါ၏။
ထိုအရပ်၌ရှိသောကျောက်ပေါ်တွင် သင့်ရှေ့မှာငါရပ်နေမည်။ သင်သည် ထိုကျောက်ကိုရိုက်ရမည်။ လူများသောက်ဖို့ ထိုကျောက်ထဲက ရေထွက်လိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။ မောရှေသည်လည်း ဣသရေလအမျိုး အသက်ကြီးသူတို့ရှေ့မှာ ထိုသို့ပြုလေ၏။
ထာဝရဘုရားသည် ခပ်သိမ်းသော လူအမျိုးမျိုးတို့ရှေ့မှာ၊ သန့်ရှင်းသော လက်ရုံးတော်ကို ဖွင့်ပြတော်မူသဖြင့်၊ မြေကြီးစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းကျေးဇူးကို သိမြင်ကြလတ္တံ့။
ရန်သူကဲ့သို့ လေးကိုတင်လျက်၊ ရန်ဘက်ပြုသောသူကဲ့သို့ လက်ယာလက်ကို ချီကြွလျက်၊ တင့်တယ်ခြင်း အသရေရှိသော သူအပေါင်းတို့ကို သတ်တော်မူပြီ။ ဇိအုန်သတို့သမီး၏နေရာတဲပေါ်မှာ မီးကဲ့သို့သော အမျက်တော်ကို သွန်းလောင်းတော်မူ၏။
နေနှင့် လသည် မိမိတို့နေရာ၌ ရပ်၍ နေပါ၏။ သူတို့ အလင်း၌ မြားတော်တို့သည် သွား၍၊ သူတို့ရောင်ခြည်၌ လှံတော်သည်လည်း လျှပ်စစ်ပြက်ပါ၏။
မိမိလက်ကိုဆန့်၍ ကျောက်ကိုလှံတံနှင့် နှစ်ကြိမ်ရိုက်သဖြင့်၊ ရေသည် များစွာထွက်၍၊ လူပရိသတ်တို့နှင့် တိရစ္ဆာန်တို့သည် သောက်ရကြ၏။
ထိုသူတို့နောက်၌ လိုက်သောဓမ္မကျောက်မှ ထွက်သောရေကို သောက်ကြ၏။ ထိုကျောက်ကား ခရစ်တော်ဖြစ်သတည်း။-
သူတို့အပေါ်မှာ ဘေးဥပဒ်များကိုငါပို့မည်။ ငါ့မြားတို့ကို အကုန်အစင်ပစ်မည်။