Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 5:2

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး၌ မင်း​တို့​သည် အ​ဦး​ပြု​သော​ကြောင့်​လည်း​ကောင်း၊ ဆင်း​ရဲ​သား​တို့​သည် စေ​တ​နာ​စိတ်​နှင့် မိ​မိ​ကိုယ်​ကို လှူ​သော​ကြောင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

စေ​တ​နာ​စိတ်​နှင့် ကိုယ်​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော ဇိ​ခ​ရိ​သား​အာ​မ​သိ​နှင့် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​နှစ်​သိန်း၊

ယေ​ရု​ရှ​လင်​မြို့၌ နေ​ခြင်း​ငှာ အ​လို​လို​ဝန်​ခံ​သော သူ​အ​ပေါင်း​တို့​ကို၊ လူ​များ​တို့​သည် ကောင်း​ချီး​ပေး​ကြ၏။

အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ကျေး​ဇူး​တော်​အ​ပေါင်း​ကို မ​မေ့​လျော့​နှင့်။

တန်​ခိုး​တော်​ပြ​သော နေ့​ရက်​ကာ​လ၌၊ ကိုယ်​တော်၏​လူ​တို့​သည် သန့်​ရှင်း​သော တန်​ဆာ​ကို​ဆင်​လျက်၊ ကြည်​ညို​သော​စေ​တ​နာ​စိတ်​ရှိ၍၊ လူ​ပျို​တော်​တို့​သည် နံ​နက်​ဝမ်း​ထဲ​က​ထွက်​သော ဆီး​နှင်း​ကဲ့​သို့ ဖြစ်​ကြ​ပါ​လိမ့်​မည်။

က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ဖာ​ရော​မင်း​နှင့် ဗိုလ်​ခြေ​များ​ကို ဧ​ဒုံ​ပင်​လယ်​ထဲ၌ လှဲ​ချ​တော်​မူ​ထ​သော၊

ငါ့​ဘက်၌ တ​ရား​သ​ဖြင့်​စီ​ရင်၍၊ လူ​စု​တို့​ကို ငါ့​အောက်​မှာ နှိမ့်​ချ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။

တ​ရား​စီ​ရင်​တော်​မူ​ချက်​များ​ကြောင့် ဇိ​အုန်​တောင်​သည်​ဝမ်း​မြောက်၍၊ ယု​ဒ​အ​မျိုး​သ​မီး​တို့​သည် ရွှင်​လန်း​ကြ​ပါ၏။

အ​ပြစ်​ကို ပေး​ပိုင်​တော်​မူ​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ပြစ်​ကို ပေး​ပိုင်​တော်​မူ​သော ဘု​ရား​သ​ခင်၊ ရောင်​ခြည်​တော်​ကို​လွှတ်​တော်​မူ​ပါ။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့ အ​ကြောင်း​ကြောင့်၊ ဇိ​အုန်​မြို့​သည် ကြား၍ ရွှင်​လန်း​ပါ၏။ ယု​ဒ​သ​တို့​သ​မီး​တို့​လည်း ဝမ်း​မြောက်​ကြ​ပါ၏။

သို့​ဖြစ်၍ အ​မှု​တော်​ကို အ​လို​အ​လျောက် ဆောင်​ရွက်​လျှင် အ​ကျိုး​ရှိ၏။ ကိုယ်​အ​လို​ကို​ငြင်း​ဆန်၍ ဆောင်​ရွက်​လျှင် အ​ရာ​တော်၌ ခန့်​ထား​သော​သူ​ဖြစ်၏။-

အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​သည် အ​သင့်​ရှိ​လျှင်၊ မ​တတ်​နိုင်​သော​အ​မှု​ကို မ​ထောက်​ဘဲ၊ တတ်​နိုင်​သော​အ​မှု​ကို ထောက်၍ နှစ်​သက်​တော်​မူ​ဖွယ် ဖြစ်၏။-

လူ​တိုင်း ကိုယ်​အ​လို​အ​လျောက် လှူ​ရ၏။ နှ​မြော​သော​စိတ်​နှင့် မ​လှူ​ရ၊ မ​လှူ​ဘဲ​မ​နေ​ရ​ဟု စိတ်​ထင်​နှင့် မ​လှူ​ရ၊ အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​နှင့် လှူ​သော​သူ​ကို​သာ ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ၏။-

တစ်​ပါး​အ​မျိုး​သား​တို့၊ သင်​တို့​သည် ဘု​ရား​သ​ခင်၏ လူ​မျိုး​နှင့်​အ​တူ ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်၏​ကျွန်​တို့​ကို သတ်​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ပေး၍ ကိုယ်​တော်၏​ရန်​သူ​တို့၌ အ​ပြစ်​တ​ရား​ကို စီ​ရင်​တော်​မူ​မည်။ ပြည်​တော်​နှင့် မိ​မိ​လူ​မျိုး​ကို ကယ်​မ​သ​နား​တော်​မူ​မည်​ဟူ​သော၊

ရှေ့​ဦး​စွာ​သော​အ​ဖို့​ကို မိ​မိ​အ​ဖို့​ရွေး​ယူ၍၊ တ​ရား​မင်း​ခွဲ​ဝေ​ရာ ထို​အ​ရပ်၌ လုံ​ခြုံ​ရ၏။ လူ​များ​တို့၏ အ​ကဲ​အ​မှူး​ပြု​လျက် လိုက်​လာ၍၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​မှု၊ ဣ​သ​ရေ​လ​အ​မျိုး၌ စီ​ရင်​တော်​မူ​ချက်​တို့​ကို ပြု​လေ၏။

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အ​လို​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျင့်​ကျင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​အ​ထဲ၌ စေ​တ​နာ​တော်​အား​ဖြင့် ပြု​ပြင်​တော်​မူ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။-

သင်​သည် ငါ၌ ကျေး​ဇူး​ပြု​ရာ​တွင် အ​နိုင်​ပြု​ရ​သ​ကဲ့​သို့​မ​ဟုတ်၊ အ​လို​အ​လျောက်​ပြု​စေ​ချင်​သော စိတ်​ရှိ​သည်​ဖြစ်၍၊ သင်၏​အ​ခွင့် မ​ရှိ​လျှင် အ​လျှင်း​မ​ပြု​လို။-

ကောင်း​ကင်​မှ​စ၍ သန့်​ရှင်း​သူ​တ​မန်​တော်၊ ပ​ရော​ဖက်​တို့၊ သူ့​ကို ကြည့်​ရှု၍ ဝမ်း​မြောက်​ကြ​လော့။ ဘု​ရား​သ​ခင်​သည် သင်​တို့​ဘက်၌​နေ၍၊ သူ့​ကို တ​ရား​စီ​ရင်တော်​မူ​ပြီ​ဟု ပြော​ဆို​သည်​ကို ငါ​ကြား၏။-

စီ​ရင်​တော်​မူ​ခြင်း​အ​ရာ​တို့​သည် ဟုတ်​မှန် ဖြောင့်​မတ်​ကြ၏။ မိ​မိ​မ​တ​ရား​သော မေ​ထုန်​အား​ဖြင့် မြေ​ကြီး​ကို ပုပ်​ပျက်​စေ​သော ပြည့်​တန်​ဆာ​ကြီး​ကို စစ်​ကြော​စီ​ရင်​တော်​မူ​ပြီ။ ကိုယ်​တော်​ကျွန်​တို့၏ အ​သွေး​ကို သူ၏ လက်​ဖြင့်​သွန်း​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ပေး​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​သည်​ကို ငါ​ကြား၏။-

စေ​တ​နာ​စိတ်​ရှိ၍ ဆင်း​ရဲ​သား​တို့​တွင် မိ​မိ​ကိုယ်​ကို​လှူ​သော ဣ​သ​ရေ​လ​အ​မျိုး မင်း​တို့​အား​ငါ​စိတ်​နူး​ညွတ်၏။ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ