Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 5:1

Judson Bible

ထို​နေ့၌ ဒေ​ဗော​ရ​နှင့် အ​ဘိ​နောင်၏​သား ဗာ​ရက်​တို့​ဆို​သော သီ​ချင်း​စ​ကား​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည် ရှော​လု​မင်း​မှ​စ၍ ရန်​သူ​အ​ပေါင်း​တို့​လက်​မှ ထာ​ဝ​ရ​ဘု​ရား ကယ်​လွှတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို​ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင် မြွက်​ဆို​သော သီ​ချင်း​စ​ကား​ဟူ​မူ​ကား၊

လူ​များ​နှင့်​တိုင်​ပင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏ က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့​ဟု တပ်​ရှေ့​မှာ​ချီ​သွား​လျက်၊ သန့်​ရှင်း​ခြင်း​အ​သ​ရေ​ကို ချီး​မွမ်း​ရ​သော သီ​ချင်း​သည်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ခန့်​ထား​တော်​မူ၏။

ထို​အ​ခါ သူ​တို့​သည် ရန်​သူ​တို့​အ​ပေါ်​မှာ ဝမ်း​မြောက်​သော​အ​ခွင့်​ကို၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ကြောင့်၊ ယော​ရှ​ဖတ်​သည် ရှေ့​ဦး​စွာ​ကြွ၍ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​သည်၊ ဝမ်း​မြောက်​သော​စိတ်​နှင့် ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား၍၊

လူ​တို့​သည် ချီး​မွမ်း​အပ်​သော​အ​မှု​တော်​ကို ချီး​မြှောက်​ခြင်း​ငှာ သ​တိ​ပြု​လော့။

နံ​နက်​ကြယ်​တို့​သည် တ​ညီ​တ​ညွတ်​တည်း သီ​ချင်း​ဆို၍၊ ဘု​ရား​သ​ခင်​သား​အ​ပေါင်း​တို့​သည် ဝမ်း​မြောက်​သ​ဖြင့်၊ ကြွေး​ကြော်​ကြ​စဉ်၊ တိုက်​ထောင့်​အ​ထွတ်​ကျောက်​ကို အ​ဘယ်​သူ​တင်​ထား​သ​နည်း။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ခွန်​အား​ဗ​လ​တည်း​ဟူ​သော ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​ပါ၏။

ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်​ကို ဘေး​လွတ်​စေ​ခြင်း​ငှာ ကွယ်​ကာ​စောင့်​မ​တော်​မူ၏။ ကယ်​လွှတ်​ကြောင်း​ကို ဆို​သော​သီ​ချင်း​နှင့် အ​ကျွန်ုပ်​ကို ခြံ​ရံ​စေ​တော်​မူ၏။

ထို​အ​ခါ မော​ရှေ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​သော စ​ကား​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည်​ဘုန်း​ပွင့်​လျက် အောင်​ပွဲ​ခံ​တော်​မူ​သည်​ဖြစ်၍၊ ကိုယ်​တော်​အား​သီ​ချင်း​ဆို​ပါ​အံ့။ မြင်း​နှင့် မြင်း​စီး​သူ​ရဲ​ကို ပင်​လယ်​ထဲ​သို့​လှဲ​ချ​တော်​မူ​ပြီ။

မိ​ရိ​အံ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​ပွင့်​လျက် အောင်​ပွဲ​ကို ခံ​တော်​မူ​သည်​ဖြစ်၍၊ ကိုယ်​တော်​အား​သီ​ချင်း​ဆို​ကြ​လော့။ မြင်း​နှင့် မြင်း​စီး​သူ​ရဲ​ကို ပင်​လယ်​ထဲ​သို့​လှဲ​ချ​တော်​မူ​ပြီ​ဟု သူ​တို့​နှင့်​အ​သံ​ပြိုင်၍​ဆို​လေ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို မြှောက်​စား​ပါ​မည်။ နာ​မ​တော်​ကို ချီး​မွမ်း​ပါ​မည်။ အံ့​ဖွယ်​သော အ​မှု​တို့​ကို ပြု​တော်​မူ​ပြီ။ ရှေး​အ​ကြံ​တော်​တို့​သည် မ​ရွေ့၊ သ​စ္စာ​နှင့် မြဲ​မြံ​ကြ​ပါ၏။

ထို​ကာ​လ၌ ယု​ဒ​ပြည်​မှာ သီ​ချင်း​ဆို​လ​တ္တံ့​သော စ​ကား​ဟူ​မူ​ကား၊ ငါ​တို့၌ ခိုင်​ခံ့​သော​မြို့​ရှိ၏။ ကယ်​တင်​ခြင်း ကျေး​ဇူး​ကို ပြ​အိုး၊ ရင်​တား​အ​ရာ၌ စီ​ရင်​ခန့်​ထား​တော်​မူ​လိမ့်​မည်။

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​က၊ အို​တွင်း​ရေ၊ ထွက်​လော့။ ထွက်​အောင် သီ​ချင်း​ဆို​ကြ​လော့။

မာ​ရိ​က​လည်း၊ ငါ့​စိတ်​နှ​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း၏။-

သူ​တို့​သည် ထို​ရှင်​ဘု​ရင်​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင် အ​စဉ်​အောင်​လျက်​နေ​ကြ၏။

ထို​ကာ​လ​အ​ခါ လ​ပိ​ဒုတ်​မယား ပ​ရော​ဖက်​မ​ဒေ​ဗော​ရ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး၏။

တစ်​ဖန် ဟ​န္န​သည် ပ​တ္ထ​နာ​စ​ကား​ကို မြွက်​ဆို​သည်​ကား၊ ငါ့​စိတ်​နှ​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု၍ ရွှင်​လန်း​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ကြောင့် ငါ့​ဦး​ချို​မြင့်​လျက်​ရှိ၏။ ကယ်​တင်​ခြင်း ကျေး​ဇူး​တော်​ကြောင့် ဝမ်း​မြောက်၍၊ ရန်​သူ​တို့​အား ဝါ​ကြွား​သော​စ​ကား​ကို ပြော​ရ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ