Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 5:3

Judson Bible

အို​ရှင်​ဘု​ရင်​တို့ ကြား​ကြ​လော့။ အို​မင်း​သား​တို့ နား​ထောင်​ကြ​လော့။ ငါ​သီ​ချင်း​ဆို​မည်။ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​မည်။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

အ​သက်​ရှင်​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို၊ ကောင်း​ကင်​အောက်​မှ ငါ့​ကိုယ်​တိုင်​ပယ်​ရှင်း​ခြင်း​ငှာ၊ မြေ​ကြီး​ကို ရေ​လွှမ်း​မိုး​စေ​သ​ဖြင့်၊ မြေ​ပေါ်​မှာ​ရှိ​သ​မျှ​တို့​သည် သေ​ရကြ​မည်။

သင်​တို့​နှင့်​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော အ​မျိုး​အ​နွယ်​နှင့်​လည်း​ကောင်း၊

တစ်​ဖန် ဧ​လိ​ယ​က၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရော​ဖက်​ကား ငါ​တစ်​ယောက်​တည်း ကျန်​ရစ်၏။ ဗာ​လ၏​ပ​ရော​ဖက်​ကား လေး​ရာ​ငါး​ဆယ် ရှိ​ကြ၏။

ဧ​လိ​ယ​က​လည်း၊ အ​ကျွန်ုပ်​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဘက်၌ အ​လွန်​စိတ်​အား​ကြီး​ပါ​ပြီ။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်၏ ပ​ဋိ​ညာဉ်​တ​ရား​ကို​စွန့်​ပြီး​လျှင်၊ ကိုယ်​တော်၏​ယဇ်​ပ​လ္လင်​များ​ကို ဖြို​ဖျက်၍ ကိုယ်​တော်၏​ပ​ရော​ဖက်​များ​ကို ဓား​နှင့် သတ်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တစ်​ယောက်​တည်း​ကျန်​ရစ်၍၊ အ​ကျွန်ုပ်​အ​သက်​ကို​ပင်​သတ်​ခြင်း​ငှာ ရှာ​ကြ​ပါ​သည်​ဟု လျှောက်​လေ၏။

ဧ​လိ​ယ​က​လည်း၊ အ​ကျွန်ုပ်​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဘက်၌ အ​လွန်​စိတ်​အား​ကြီး​ပါ​ပြီ။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်၏​ပ​ဋိ​ညာဉ်​တ​ရား​ကို စွန့်​ပြီး​လျှင်၊ ကိုယ်​တော်၏​ယဇ်​ပ​လ္လင်​များ​ကို ဖြို​ဖျက်၍၊ ကိုယ်​တော်၏ ပ​ရော​ဖက်​များ​ကို ဓား​နှင့်​သတ်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တစ်​ယောက်​တည်း ကျန်​ရစ်၍၊ အ​ကျွန်ုပ်​အ​သက်​ကို​ပင် သတ်​ခြင်း​ငှာ ရှာ​ကြ​ပါ​သည်​ဟု လျှောက်​လေ​သော်၊

ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင့်​တ​ရား​ကို လေ့​ကျက်​သော​ဆ​ရာ၊ ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ တောင်း​သ​မျှ​အ​တိုင်း၊

သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို မင်း​များ​ထံ​မှာ ပြန်​ပြော၍၊ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ပါ​လိမ့်​မည်။

ငါ​သည် အ​သက်​ရှင်​စဉ်​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​မည်။ ငါ​ဖြစ်​စဉ်​ကာ​လ​ပတ်​လုံး၊ ငါ၏​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​သီ​ချင်း​ဆို​မည်။

ယ​ခု​ပင် ငါ့​ပတ်​လည်၌​ရှိ​သော ရန်​သူ​တို့၏​အ​ပေါ်​သို့ ငါ၏​ဦး​ခေါင်း​ကို ချီး​မြှောက်​တော်​မူ၏။ ထို​ကြောင့် ဗိ​မာန်​တော်​မှာ တံ​ပိုး​မှုတ်​ခြင်း​နှင့်​တ​ကွ ယဇ်​ပူ​ဇော်​ပါ​မည်။ သီ​ချင်း​ဆို​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။

သို့​ဖြစ်၍ နေ့​ရက်​အ​စဉ်​အ​တိုင်း သ​စ္စာ​ဝတ်​ကို ဖြေ​ခြင်း​ငှာ၊ နာ​မ​တော်​ကို အ​စဉ်​အ​မြဲ ထော​မ​နာ​သီ​ချင်း ဆို​ပါ​လေ​အံ့​သ​တည်း။

သူ​နှင့်​အ​တူ ဒန်​အ​မျိုး​သား​အ​ဟိ​သ​မက်၏​သား၊ အ​ဟော​လျ​ဘ​ကို​လည်း ငါ​ခန့်​ထား၏။ ငါ​သည် သင့်​အား​မှာ​ထား​သ​မျှ​တို့​ကို လိ​မ္မာ​သော​သူ​အ​ပေါင်း​တို့​သည် လုပ်​တတ်​မည်​အ​ကြောင်း၊ သူ​တို့​နှ​လုံး​ထဲ​သို့ ဉာဏ်​ပ​ညာ​ကို​ငါ​သွင်း​ထား​ပြီ။

ငါ​သည်​လည်း​အ​မျက်​ထွက်၍ သင်​တို့​ကို​ဆန့်​ကျင်​ဘက်​ပြု​သ​ဖြင့်၊ သင်​တို့​အ​ပြစ်​ကြောင့် ခု​နစ်​ဆ​သော​ဒဏ်​ကို​ပေး​ဦး​မည်။

အို ကောင်း​ကင်၊ နား​ထောင်​လော့၊ ငါ​ပြော​မည်။ အို​မြေ​ကြီး၊ ငါ​မြွက်​ဆို​သော​စ​ကား​ကို ကြား​လော့။

ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ဖော်​ပြ​သည်​ဖြစ်၍၊ ငါ​တို့​ဘု​ရား​သ​ခင်၏ ဘုန်း​အာ​နု​ဘော်​တော်​ကို ချီး​မွမ်း​ကြ​လော့။

ဣ​သ​ရေ​လ​အ​မျိုး၌ မင်း​ဆက်​ပြတ်​လျက်​ရှိ၏။ ငါ​ဒေ​ဗော​ရ​သည် မ​ပေါ်၊ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ အ​မိ​မ​ပေါ်​ထွန်း​မီ​တိုင်​အောင် မင်း​ဆက်​ပြတ်​လျက်​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ