သင်သည် ကိုယ်ကိုချီးမြှောက်၍ မိုက်သောအမှုကို ပြုမိသော်လည်းကောင်း၊ မကောင်းသောအကြံကို ကြံမိသော်လည်းကောင်း၊ သင်၏နှုတ်ကို လက်နှင့်ပိတ်ထားလော့။
ငါ့ကိုကြည့်ရှုလျက် မိန်းမောတွေဝေ၍၊ သင်တို့ပါးစပ်ကို သင်တို့လက်နှင့် ဖုံးအုပ်ကြလော။
ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်နှုတ်ကို ကိုယ်လက်နှင့် ပိတ်ပါမည်။
မိုက်သောသူပင် တိတ်ဆိတ်စွာနေလျှင် ပညာရှိဟူ၍လည်းကောင်း၊ မိမိနှုတ်ကို မဖွင့်ဘဲနေသောသူကိုလည်း၊ ဉာဏ်ကောင်းသောသူ ဟူ၍လည်းကောင်း သူတစ်ပါးထင်တတ်၏။
ငါသည် ပညာရှိ၏ဟုထင်သောသူရှိလျှင်၊ ထိုသူ၌ မျှော်လင့်စရာ အခွင့်ရှိသည်ထက်၊ မိုက်သောသူ၌ သာ၍ မျှော်လင့်စရာအခွင့်ရှိ၏။
စစ်မြင်းတစ်ပါး၊ ဆိတ်ထီးတစ်ပါး၊ အဘယ်သူမျှမဆီးတားနိုင်သော ရှင်ဘုရင်တစ်ပါးတည်း။
ပညတ်တရား၌ ပါသမျှသောစကားတို့သည် ပညတ်တရားကို ခံသောသူတို့နှင့် စပ်ဆိုင်သည်ကို ငါတို့ သိကြ၏။ ထိုသို့ဖြစ်၍၊ လောကီသားအပေါင်းတို့သည် စကားတစ်ခွန်းကိုမျှ မပြောနိုင်ဘဲ ဘုရားသခင့်ရှေ့တော်၌ အပြစ်သင့်သောသူဖြစ်ကြ၏။-