အကယ်စင်စစ် နို့ကိုမွှေလျှင် ထောပတ်ထွက်တတ်၏။ နှာခေါင်းကိုဆွဲလိမ်လျှင် အသွေးထွက်တတ်၏။ ထိုနည်းတူ၊ ဒေါသကိုနှိုးဆော်လျှင် ခိုက်ရန်ထွက်တတ်၏။
ထိုနောက်၊ နို့နှင့် နို့ဓမ်းကိုလည်းကောင်း၊ ပြင်ဆင်သော နွားသငယ်ကိုလည်းကောင်းယူ၍၊ ထိုသူတို့ရှေ့၌ထည့်ပြီးလျှင်၊ သစ်ပင်အောက်၊ သူတို့အနားမှာရပ်နေ၍၊ သူတို့သည်စားကြ၏။
မုန်းသောစိတ်သည် ရန်တွေ့ရာသို့ တိုက်တွန်းတတ်၏။ ချစ်သောစိတ်မူကား၊ ခပ်သိမ်းသောအပြစ်တို့ကို ဖုံးအုပ်တတ်၏။
မာနကြီးသောသူသည် ရန်ကိုနှိုးဆော်တတ်၏။ သည်းခံနိုင်သောသူမူကား ငြိမ်းတတ်၏။
သဘောကောက်သောသူသည် ရန်မျိုးစေ့ကို ကြဲတတ်၏။ ကုန်းတိုက်သောသူသည်လည်း၊ မိတ်ဆွေတို့ကို ကွဲပြားစေတတ်၏။
ရန်တွေ့စအမှုသည် ရေကန်ပေါင်ပေါက်စကဲ့သို့ ဖြစ်သောကြောင့်၊ ရန်မတွေ့မီ တွေ့စရာအကြောင်းကို ရှောင်လော့။
မီးခဲချင်း ပြုသကဲ့သို့လည်းကောင်း၊ ထင်းသည် မီးကို မွေးသကဲ့သို့လည်းကောင်း၊ ရန်တွေ့တတ်သောသူသည် ခိုက်ရန်မှုကို ပြုစုတတ်၏။
စိတ်မြင့်သောသူသည် ခိုက်ရန်ကိုနှိုးဆော်တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူကား၊ ကြွယ်ဝတတ်၏။
စိတ်ဆိုးတတ်သောသူသည် ခိုက်ရန်မှုကို နှိုးဆော်တတ်၏။ ပြင်းထန်သောသူသည်လည်း၊ အလွန်အကျူးများတတ်၏။
လေမွေလမင်းကြီး၏မယ်တော်သည် သားကို ဆုံးမသွန်သင်သော တရားစကားဟူမူကာ၊