စစ်မြင်းတစ်ပါး၊ ဆိတ်ထီးတစ်ပါး၊ အဘယ်သူမျှမဆီးတားနိုင်သော ရှင်ဘုရင်တစ်ပါးတည်း။
ရှင်ဘုရင်၏အမျက်သည် သေမင်းတမန်ကဲ့သို့ ဖြစ်၏။ သို့သော်လည်း၊ ပညာရှိသောသူသည် အမျက်တော်ကို ဖြေတတ်၏။
ရှင်ဘုရင်ကြောက်စေသောအမှုအရာသည် ခြင်္သေ့ဟောက်ခြင်းနှင့် တူ၏။ အမျက်တော်ကို နှိုးဆော်သောသူသည် မိမိအသက်ကို ပြစ်မှား၏။
တိရစ္ဆာန်တကာတို့ထက် ခွန်အားကြီး၍၊ အဘယ်သူကိုမျှ မရှောင်တတ်သော ခြင်္သေ့တစ်ပါး၊
သင်သည် ကိုယ်ကိုချီးမြှောက်၍ မိုက်သောအမှုကို ပြုမိသော်လည်းကောင်း၊ မကောင်းသောအကြံကို ကြံမိသော်လည်းကောင်း၊ သင်၏နှုတ်ကို လက်နှင့်ပိတ်ထားလော့။