Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 3:1

Judson Bible

ငါ့​သား၊ ငါ​ပေး​သော​တ​ရား​ကို မ​မေ့​နှင့်။ ငါ့​ပ​ညတ်​တို့​ကို သင်၏​နှ​လုံး​စောင့်​ရှောက်​ပါ​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

31 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ကို မ​ပြစ်​မှား​ဘဲ နေ​နိုင်​မည်​အ​ကြောင်း၊ ဗျာ​ဒိတ်​တော်​ကို နှ​လုံး​ထဲ​မှာ သို​ထား​ပါ​ပြီ။

အ​ကျွန်ုပ်​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​ကို​ကြည့်​ရှု၍၊ ကယ်​နုတ်​တော်​မူ​ပါ။ ကိုယ်​တော်၏​တ​ရား​ကို မ​မေ့​မ​လျော့​ပါ။

အ​ထုံး​အ​ဖွဲ့​တော်​တို့၌ မွေ့​လျော်​ပါ၏။ နှုတ်​က​ပတ်​တော်​ကို မ​မှတ်​ဘဲ​မ​နေ​ပါ။

ပျောက်​သော​သိုး​ကဲ့​သို့ အ​ကျွန်ုပ်​သည် လမ်း​လွဲ​ပါ​ပြီ။ ကိုယ်​တော်၏​ကျွန်​ကို ရှာ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ပ​ညတ်​တော်​တို့​ကို မ​မေ့​မ​လျော့​ပါ။

ဉာဏ်​ကို ပေး​တော်​မူ​ပါ။ တ​ရား​တော်​ကို စောင့်​ပါ​မည်။ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​စောင့်​ပါ​မည်။

မ​တ​ရား​သော​သူ​အ​ပေါင်း​တို့​သည် ကျွန်ုပ်​ကို​ဝိုင်း​ကြ​သော်​လည်း၊ အ​ကျွန်ုပ်​သည် တ​ရား​တော်​ကို မ​မေ့​မ​လျော့​ပါ။

ကိုယ်​တော်၏ ဥ​ပ​ဒေ​များ​ကို အ​စဉ်​မ​မေ့​မ​လျော့​နိုင်​ပါ။ အ​ကြောင်း​မူ​ကား၊ ထို​ဥ​ပ​ဒေ​သ​များ​အား​ဖြင့်၊ အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ၏။

ရှည်​သော​အ​သက်​နှင့် သူ့​ကို​ရောင့်​ရဲ​စေ၍၊ ငါ၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို သူ့​အား​ပြ​မည်။

ငါ့​ကို​ချစ်၍ ငါ့​ပ​ညတ်​တို့​ကို​ကျင့်​သော​သူ​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက် အ​ထောင်​အ​သောင်း​တိုင်​အောင်၊ က​ရု​ဏာ​ကို​ပြ​သော ဘု​ရား​ဖြစ်၏။

ငါ့​သား၊ အ​ဘ၏​နည်း​ဥ​ပ​ဒေ​သ​ကို​နား​ထောင်​လော့။ အ​မိ၏​တ​ရား​ကို​လည်း မ​ပယ်​နှင့်။

ဖြူ​သော​ဆံ​ပင်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​လမ်း၌​တည်​လျှင်၊ ဘုန်း​ကြီး​သော​သ​ရ​ဖူ​ဖြစ်၏။

ငါ့​သား၊ သင်​သည်​ပ​ညာ​စ​ကား​ကို နား​ထောင်၍၊

ငါ့​သား၊ သင့်​နှ​လုံး​ကို ငါ့​အား​ပေး​လော့။ သင့်​မျက်​စိ​တို့​သည် ငါ​သွား​သော​လမ်း​ကို ကြည့်​မှတ်​ပါ​စေ။

သူ​တို့​သည်​သောက်​လျက် တ​ရား​တော်​ကို​မေ့​လျော့၍၊ ဆင်း​ရဲ​သော​အ​မှု​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​ဆုံး​ဖြတ်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။

ကောင်း​သော​ဩ​ဝါ​ဒ​ကို ငါ​ပေး၏။ ငါ့​ပ​ညတ်​တ​ရား​ကို မ​ပယ်​ကြ​နှင့်။

သင့်​မျက်​မှောက်​မှ မ​ကွာ​စေ​နှင့်။ နှ​လုံး​တွင်း၌ စောင့်​ထား​လော့။

ပ​ညာ​ကို ဆည်း​ပူး​လော့။ ဉာဏ်​ကို ဆည်း​ပူး​လော့။ သ​တိ​မ​လစ်​စေ​နှင့်။ ငါ၏​နှုတ်​ထွက်​စ​ကား​ကို မ​လွှဲ​မ​ရှောင်​နှင့်။

ဉာဏ်​ပ​ညာ​သည်​ခေါ်၍ မိ​မိ​အ​သံ​ကို လွှင့်​သည် မ​ဟုတ်​လော။

ဉာဏ်​ပ​ညာ​သည် အိမ်​တိုင်​ခု​နစ်​တိုင်​ကို​ခုတ်၍၊ မိ​မိ​နေ​ရာ​အိမ်​ကို ဆောက်​လေ​ပြီ။

ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်၌ အ​မျက်​တော်​ဖ​လား​ကို သောက်​သော ယေ​ရု​ရှ​လင်​မြို့၊ နိုး​လော့။ နိုး၍​ထ​လော့။ သင်​သည် တုန်​လှုပ်​စေ​သော​ဖ​လား​ကို အ​ကုန်​သောက်​ခဲ့​ပြီ။ အ​နည်​အ​ဖတ်​ကို​လည်း ညှစ်​ခဲ့​ပြီ။

နောင်​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ငါ​ပေး​အံ့​သော ပ​ဋိ​ညာဉ်​တ​ရား​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ပ​ညတ်​တ​ရား​ကို သူ​တို့​အ​တွင်း​ထဲ​သို့ သွင်း​မည်။ သူ​တို့​နှ​လုံး​ပေါ်​မှာ ရေး​ထား​မည်။ ငါ​သည် သူ​တို့၏​ဘု​ရား​ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်။

ငါ့​လူ​တို့​သည် ပ​ညာ​နည်း​သော​ကြောင့်​ဆုံး​ရှုံး​ကြ၏။ သင်​သည် ပ​ညာ​ကို​ပယ်​သော​ကြောင့်၊ ငါ့​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​သို့ မ​ရောက်​စေ​ခြင်း​ငှာ သင့်​ကို​ငါ​ပယ်​မည်။ သင်၏​ဘု​ရား​သ​ခင့်​တ​ရား​ကို သင်​မေ့​လျော့​သော​ကြောင့်၊ သင်၏​သား​သ​မီး​တို့​ကို ငါ​မေ့​လျော့​မည်။

သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌​ထား​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​ကို​မေ့​လျော့၍၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မြစ်​တား​တော်​မူ​သော အ​ရာ​တို့၏ သ​ဏ္ဌာန်​ရှိ​သော​ရုပ်​တု​ကို မ​လုပ်​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​ကြ​လော့။

သင်​တို့​သည်၊ ဟော​ရပ်​အ​ရပ်​မှာ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​ကြ​သော​အ​ခါ၊ ကိုယ်​တိုင်​မြင်​သော အ​မှု​အ​ရာ​တို့​ကို မ​မေ့​မ​လျော့။ နောက်​တစ်​သက်​လုံး နှ​လုံး​သွင်း​နိုင်​မည်​အ​ကြောင်း ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​ကြ​လော့။ ကိုယ်​စိတ်​နှ​လုံး​ကို​ကြိုး​စား၍ စောင့်​ရှောက်​ကြ​လော့။ ထို​အ​ရာ​တို့​ကို သား​မြေး​တို့​အား​လည်း သွန်​သင်​ကြ​လော့။

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်​သည် အ​သက်​တာ​ရှည်၍ ကောင်း​စား​ရ​မည်​အ​ကြောင်း၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သင်၏​မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။

သင်​တို့​ဝင်​စား​လ​တ္တံ့​သော​ပြည်၌ သင်​တို့​သည် သေ​ဘေး​လွတ်​လျက် ချမ်း​သာ​ရ၍၊ အ​သက်​တာ​ရှည်​မည်​အ​ကြောင်း၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သော လမ်း​အ​ပေါင်း​တို့၌ လျှောက်​သွား​ရ​ကြ​မည်။

သင်​သည် အ​သက်​ရှင်၍ များ​ပြား​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့​သွား၍ ဝင်​စား​မည်​အ​ကြောင်း၊ ယ​နေ့ ငါ​မှာ​ထား​သော ပ​ညတ်​အ​လုံး​စုံ​တို့​ကို ကျင့်​ဆောင်​အံ့​သော​ငှာ သ​တိ​ပြု​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ