Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 3:2

Judson Bible

အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​သည် အ​သက်​တာ​ရှည်​သော ကာ​လ​နှစ်​ပေါင်း​များ​ကို​လည်း​ကောင်း၊ ငြိမ်​ဝပ်​ခြင်း​ကို​လည်း​ကောင်း တိုး​ပွား​စေ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

သင့်​အ​ဘ​ဒါ​ဝိဒ် ကျင့်​သည်​အ​တိုင်း ငါ့​လမ်း​သို့​လိုက်၍ ငါ​စီ​ရင်​ချက် ပ​ညတ်​တ​ရား​တို့​ကို စောင့်​ရှောက်​လျှင်၊ တာ​ရှည်​သော အ​သက်​ကို​လည်း ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။

အ​ချိန်​တန်​လျှင် သိမ်း​ယူ​သော​ကောက်​လှိုင်း​ကဲ့​သို့၊ သင်​သည် အ​သက်​ကြီး​ရင့်၍ သင်္ချိုင်း​သို့ ရောက်​ရ​လိမ့်​မည်။

တ​ရား​တော်​ကို​နှစ်​သက်​သော​သူ​တို့၌ ကြီး​စွာ​သော​ငြိမ်​ဝပ်​ခြင်း​ရှိ​ပါ၏။ သူ​တို့ စိတ်​ပျက်​စ​ရာ​အ​ကြောင်း​မ​ရှိ​ပါ။

မိ​မိ​သား​သ​မီး​တို့၌ ဖွား​မြင်​သော​သား​သ​မီး​တို့​ကို​လည်း မြင်​ရ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး၌ ငြိမ်​ဝပ်​ခြင်း ရှိ​ပါ​စေ​သော။

သူ​သည် အ​သက်​ကို​ဆု​တောင်း၍၊ ကိုယ်​တော်​သည် အ​သက်​မ​က၊ ထာ​ဝ​ရ​အ​သက်​ကို ပေး​သ​နား​တော်​မူ​ပြီ။

ရှည်​သော​အ​သက်​နှင့် သူ့​ကို​ရောင့်​ရဲ​စေ၍၊ ငါ၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို သူ့​အား​ပြ​မည်။

ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော​သ​ဘော​သည် အ​သက်​တာ​ကို ရှည်​စေ​တတ်၏။ မ​တ​ရား​သော​သူ၏ နှစ်​ပေါင်း​ကာ​လ​မူ​ကား တို​တတ်၏။

ဖြူ​သော​ဆံ​ပင်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​လမ်း၌​တည်​လျှင်၊ ဘုန်း​ကြီး​သော​သ​ရ​ဖူ​ဖြစ်၏။

ငါ့​သား၊ ငါ့​စ​ကား​ကို နား​ထောင်​နာ​ယူ​လော့။ သို့​ပြု​လျှင်၊ သင့်​အ​သက် နှစ်​ပေါင်း​များ​လိမ့်​မည်။

ငါ့​အ​ဘ​သွန်​သင်၍ မြွက်​ဆို​လေ​သည်​ကား၊ ငါ့​စ​ကား​ကို သင်၏​နှ​လုံး၌​သွင်း​မိ၍၊ ငါ့​ပ​ညတ်​တို့​ကို ကျင့်​စောင့်​သ​ဖြင့် အ​သက်​ရှင်​လော့။

အ​ကြောင်း​မူ​ကား၊ ငါ့​ကို​အ​မှီ​ပြု၍၊ သင်၏​နေ့​ရက်​ကာ​လ​နှင့် အ​သက်​အ​ပိုင်း​အ​ခြား နှစ်​ပေါင်း​ကာ​လ​တိုး​ပွား​လိမ့်​မည်။

ဖြောင့်​မတ်​ခြင်း တ​ရား​သည်​လည်း၊ ငြိမ်​သက်​ခြင်း​ကို ပြု​စု​လိမ့်​မည်။ ဖြောင့်​မတ်​ခြင်း​အ​ကျိုး​မူ​ကား၊ ထာ​ဝ​ရ ငြိမ်​သက်​ခြင်း​နှင့် လုံ​ခြုံ​ခြင်း​တည်း။

ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် အ​စား​အ​သောက်၌ မ​တည်။ ဖြောင့်​မတ်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​အား​ဖြင့် ခံ​ရ​သော ဝမ်း​မြောက်​ခြင်း၌ တည်၏။-

သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ တန်​ခိုး​အား​ဖြင့် မျှော်​လင့်​ခြင်း​ပါ​ရ​မီ​နှင့် ကြွယ်​ဝ​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​သော​စိတ်​ရှိ၍ ဝမ်း​မြောက်​သက်​သာ​ခြင်း​အ​မျိုး​မျိုး​တို့​နှင့် ပြည့်​စုံ​မည်​အ​ကြောင်း၊ မျှော်​လ​င့်​ခြင်း၏​အ​ရှင်၊ ဘု​ရား​သ​ခင်​သည် ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော။

ထို​ကြောင့်၊ ငါ​တို့​သည် ယုံ​ကြည်​ခြင်း​ရှိ၍ ဖြောင့်​မတ်​ရာ​သို့​ရောက်​လျှင်၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ငြိမ်​သက်​ခြင်း​ကို ခံ​စား​ကြ၏။-

သို့​ပြု​လျှင် ထာ​ဝ​ရ​ဘု​ရား​သည် ဘိုး​ဘေး​တို့​အား​ပေး​ခြင်း​ငှာ ကျိန်​ဆို​တော်​မူ​သော​ပြည်၌ သင်​တို့​အ​သက်၊ သား​သ​မီး​များ​အ​သက်​တာ​သည်၊ ကောင်း​ကင်၌ အ​သက်​တာ​ရှည်​သ​ကဲ့​သို့၊ မြေ​ကြီး​ပေါ်​မှာ တာ​ရှည်​ရ​လိမ့်​မည်။

သို့​ဖြစ်၍ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​သည်​ကျင့်​အံ့​သော​ငှာ စောင့်​နေ​ရ​ကြ​မည်။ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​လွှဲ​မ​ရှောင်​ရ​ကြ။

ကိုယ်​ကာ​ယ​ကို​ဆုံး​မ​ခြင်း​သည် များ​စွာ​သော အ​ကျိုး​ကို မ​ပေး​တတ်။ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​မူ​ကား၊ ယ​ခု​ဘ​ဝ၊ နောင်​ဘ​ဝ​နှင့် စပ်​ဆိုင်​သော​က​တိ​တော်​ကို ရ​သည်​ဖြစ်၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ