Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 2:22

Judson Bible

အ​ဓ​မ္မ​လူ​တို့​မူ​ကား၊ ပြည်​တော်​မှ​ပယ်​ရှင်း​ခြင်း၊ လွန်​ကျူး​သော​သူ​တို့​သည် နုတ်​ပစ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

အ​ချိန်​ရောက်​မှ ယေ​ရော​ဗောင်​အ​မျိုး​ကို ပယ်​ဖြတ်​လ​တ္တံ့​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တစ်​ပါး​ကို ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​တို့​အ​ဖို့ ပေါ်​ထွန်း​စေ​တော်​မူ​မည်။ အ​ဘယ်​အ​ချိန်​နည်း​ဟု​မေး​သော်၊ ယ​ခု​ပင်​ဖြစ်​လိမ့်​မည်။

ထို​သို့​ရှော​လု​သည် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်၊ လွန်​ကျူး၍ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်​လည်း​ကောင်း၊

ဖျက်​ဆီး​ရာ​နေ့​ရက်​ကာ​လ​ဖို့ မ​တ​ရား​သော​သူ​တို့​သည် ယ​ခု​ဘေး​လွတ်​လိမ့်​မည်​အ​ကြောင်း၊ ဒေါ​သ​အ​မျက်​ခံ​ရာ နေ့​ရက်​ကာ​လ​ဖို့ ယ​ခု​ထွက်​မြောက်​လိမ့်​မည် အ​ကြောင်း​တည်း​ဟူ​သော သူ​တို့​လ​က္ခ​ဏာ​သက်​သေ​များ​ကို မ​သိ​ကြ​သ​လော။

ပြစ်​မှား​သော​သူ​တို့​ကို မြေ​ကြီး​မှ​သုတ်​သင်​ပယ်​ရှင်း၍၊ မ​တ​ရား​သော​သူ​တို့​သည် နောက်​တစ်​ဖန်​မ​ဖြစ်​ရ​ကြ။ အို​ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ဟာ​လေ​လု​ယ။

ထာ​ဝ​ရ​ဘု​ရား​သည် ကြည်​ညို​သူ​အ​ပေါင်း​တို့​ကို စောင့်​မ​တော်​မူ၏။ မ​တ​ရား​သော​သူ​အ​ပေါင်း​တို့​ကို​ကား၊ ဖျက်​ဆီး​တော်​မူ​မည်။

မ​တ​ရား​သော​သူ​တို့​မူ​ကား၊ ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား၏​ရန်​သူ​တို့​သည် ကျက်​စား​ရာ​အ​ရပ်၏ အ​သ​ရေ​ကဲ့​သို့​ဆုံး၍၊ မီး​ခိုး​ဖြစ်​လျက် ကွယ်​ပျောက်​ကြ​လိမ့်​မည်။

ကောင်း​ချီး​ပေး​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​သည် ပြည်​တော်​ကို အ​မွေ​ခံ​ရ​လိမ့်​မည်။ ကျိန်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​မူ​ကား၊ ပယ်​ရှင်း​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​ကို​နှစ်​သက်​တော်​မူ၏။ မိ​မိ​သန့်​ရှင်း​သူ​တို့​ကို​လည်း စွန့်​တော်​မ​မူ။ သူ​တို့​သည် စောင့်​မ​တော်​မူ​ခြင်း​ကို အ​စဉ်​အ​မြဲ​ခံ​ရ​ကြ​လိမ့်​မည်။ မ​တ​ရား​သော​သူ၏​သား​မြေး​တို့​မူ​ကား၊ ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် သင့်​ကို အ​စဉ်​အ​မြဲ ချိုး​ဖျက်​ပယ်​ရှင်း​လျက်၊ သင်၏​နေ​ရာ​ထဲ​က​နှင်​ထုတ်၍၊ အ​သက်​ရှင်​သော​သူ​တို့၏​နေ​ရာ​ထဲ​က နုတ်​ပစ်​တော်​မူ​မည်။

ဘု​ရား​သ​ခင်​ကို မ​ခို​လှုံ၊ မိ​မိ​ဥ​စ္စာ​ကြွယ်​ဝ​ခြင်း၌ ကိုး​စား၍၊ မိ​မိ​ဒု​စ​ရိုက်၌ ခိုင်​ခံ့​သော​သူ​ကို​ကြည့်​ပါ​ဟူ၍ သူ၌​ရယ်​ကြ​လိမ့်​မည်။

ဖြောင့်​မတ်​သော​သူ​သည် အ​စဉ်​မ​ပြတ် နေ​ရာ​မှ​မ​ရွေ့​ရ။ မ​တ​ရား​သော​သူ​မူ​ကား၊ မြေ​ပေါ်​မှာ အ​တည်​မ​ကျ​ရ။

ဖြောင့်​သော​သ​ဘော​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ပဲ့​ပြင်​တတ်၏။ ကောက်​သော​သ​ဘော​မူ​ကား၊ လွန်​ကျူး​သော​သူ​တို့​ကို ဖျက်​ဆီး​တတ်၏။

ထို​သူ​ကို ထာ​ဝ​ရ​ဘု​ရား နှ​မြော​တော်​မ​မူ။ အ​ပြစ်​ရှိ​သည်​ဟု ထင်​လွယ်​သော​စိတ်၊ အ​မျက်​တော်​အ​ရှိန် မီး​ခိုး​ထွက်၍ ဤ​ကျမ်း​စာ၌​ရေး​ထား​သော အ​မင်္ဂ​လာ​ရှိ​သ​မျှ​တို့​သည် ထို​သူ​အ​ပေါ်​မှာ တည်​နေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ၏​အ​မည်​ကို မိုး​ကောင်း​ကင်​အောက်၌ ချေ​တော်​မူ​လိမ့်​မည်။

ပြင်း​စွာ​သော ဒေါ​သ​အ​မျက် အ​ရှိန်​အား​ကြီး​လျက် သူ​တို့​ပြည်​ထဲ​က သူ​တို့​ကို​နုတ်​ပယ်၍၊ ယ​နေ့​တိုင်​အောင် အ​ခြား​တစ်​ပါး​သော​ပြည်​သို့ နှင်​ထုတ်​တော်​မူ​သည်​ဟု ပြန်​ပြော​ကြ​လိမ့်​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ထို​လူ​မျိုး​တို့​ကို သင့်​ထံ​က​တ​ရွေ့​ရွေ့ နှင်​ထုတ်​တော်​မူ​လိမ့်​မည်။ တော​သား​ရဲ​တို့​သည် သင့်​တစ်​ဖက်၌ များ​ပြား​မည်​ကို စိုး​ရိမ်၍၊ သူ​တို့​ကို​ချက်​ချင်း မ​ပယ်​မ​ရှား​သင့်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ