Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 2:21

Judson Bible

ဖြောင့်​မတ်​သော​သူ​တို့​သည် ပြည်​တော်၌​နေ၍၊ စုံ​လင်​သော​သူ​တို့​သည် နေ​ရာ​ကျ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ယော​ဘ​အ​မည်​ရှိ​သော​သူ တစ်​ယောက်​သည် ဥ​ဇ​ပြည်၌​နေ၏။ ထို​သူ​သည် စုံ​လင်​ဖြောင့်​မတ်​ခြင်း​ရှိ၏။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ၊ မ​ကောင်း​သော​အ​ကျင့်​ကို ရှောင်​သော​သူ​ဖြစ်၏။

ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ဘ၏​ရှေ့​ဖြစ်​ဟန်​ကို ကောင်း​ချီး​ပေး​တော်​မူ​သည်ထက်၊ နောက်ဖြစ်ဟန်ကိုသာ၍ ကောင်းချီးပေးတော်မူသ​ဖြင့်၊ သူ​သည် သိုး​တစ်​သောင်း​လေး​ထောင်၊ ကု​လား​အုတ်​ခြောက်​ထောင်၊ နွား​ရှဉ်း​တစ်​ထောင်၊ မြည်း​မ​တစ်​ထောင်​ကို ရ​တတ်၏။

စိတ်​နှိမ့်​ချ​သော​သူ​တို့​မူ​ကား၊ ပြည်​တော်​ကို​အ​မွေ​ခံ၍၊ များ​ပြား​သော​ငြိမ်​သက်​ခြင်း၌ မွေ့​လျော်​ကြ​လိမ့်​မည်။

ဖြောင့်​မတ်​သော​သူ​တို့၏​နေ့​ရက်​ကာ​လ​ကို ထာ​ဝ​ရ​ဘု​ရား သိ​မှတ်​တော်​မူ၍၊ သူ​တို့၏​အ​မွေ​ဥ​စ္စာ​သည် အ​စဉ်​အ​မြဲ တည်​လိမ့်​မည်။

ကောင်း​ချီး​ပေး​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​သည် ပြည်​တော်​ကို အ​မွေ​ခံ​ရ​လိမ့်​မည်။ ကျိန်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​မူ​ကား၊ ပယ်​ရှင်း​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်။

ဖြောင့်​မတ်​သော​သူ​တို့​သည် ပြည်​တော်​ကို အ​မွေ​ခံ၍ အ​စဉ်​အ​မြဲ​နေ​ရ​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ၍၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​လော့။ ပြည်​တော်၌​နေ၍၊ သ​စ္စာ​တ​ရား​ကို ကျက်​စား​လော့။

ပြစ်​မှား​သော​သူ​တို့​သည် ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​တို့​မူ​ကား၊ ပြည်​တော်​ကို အ​မွေ​ခံ​ရ​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် နေ​လည်း​ဖြစ်​တော်​မူ၏။ အ​ကွယ်​အ​ကာ​လည်း ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​တော်​နှင့် ဘုန်း​အ​သ​ရေ​ကို ပေး​တော်​မူ၏။ ဖြောင့်​မတ်​စွာ​ကျင့်​သော​သူ​တို့​အား ကောင်း​သော​အ​ရာ​ကို ငြင်း​တော်​မ​မူ။

ဖြောင့်​မတ်​သော​သူ​သည် အ​စဉ်​မ​ပြတ် နေ​ရာ​မှ​မ​ရွေ့​ရ။ မ​တ​ရား​သော​သူ​မူ​ကား၊ မြေ​ပေါ်​မှာ အ​တည်​မ​ကျ​ရ။

ဖြောင့်​မတ်​သော​သူ​ကို လမ်း​လွှဲ၍၊ မ​ကောင်း​သော​လမ်း​ထဲ​သို့ သွေး​ဆောင်​သော​သူ​သည် မိ​မိ​တူး​သော​တွင်း​ထဲ​သို့ မိ​မိ​ကျ​လိမ့်​မည်။ သ​ဘော​ဖြောင့်​သော​သူ​မူ​ကား၊ ကောင်း​သော​အ​ရာ​တို့​ကို အ​မွေ​ခံ​ရ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ