Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 28:17

Judson Bible

လူ​အ​သက်​ကို​ညှဉ်း​ဆဲ​သော​သူ​သည် သင်္ချိုင်း​တွင်း​သို့​ပြေး​ပါ​လေ​စေ။ အ​ဘယ်​သူ​မျှ​မ​ဆီး​တား​စေ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​မှ​စ၍​မြေ၌​လုပ်​သော​အ​ခါ ပ​က​တိ​အ​တိုင်း အ​သီး​အ​နှံ​ကို​မ​ရ ရ။ မြေ​ကြီး​ပေါ်​မှာ ပြေး​ရ​သော​သူ၊ အ​ရပ်​ရပ်​လည်​ရ​သော​သူ ဖြစ်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။

အ​ကြင်​သူ​သည် လူ၏​အ​သွေး​ကို​သွန်း၏။ ထို​သူ၏​အ​သွေး​ကို လူ​လက်​ဖြင့်​သွန်း​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် မိ​မိ​ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ လူ​ကို ဖန်​ဆင်း​တော်​မူ၏။

ထို​အ​ခါ ကင်း​စောင့်​လု​လင်​သည် မျှော်​ကြည့်၍၊ မိ​မိ​နောက်၌ တောင်​ခြေ​ရင်း​လမ်း​မှာ လူ​များ​လာ​သည်​ကို မြင်၏။

လက်​နက်​ဆောင်​လု​လင် တစ်​ကျိပ်​တို့​သည်​လည်း ဝိုင်း၍ အ​ဗ​ရှ​လုံ​ကို အ​သေ​သတ်​ကြ၏။

ယွာ​ဘ​သည် ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​သို့​ပြေး​ပါ​ပြီ။ ယဇ်​ပ​လ္လင် အ​နား​မှာ​ရှိ​ပါ​သည်​ဟု ရှော​လ​မုန်​မင်း​ကြီး​အား လျှောက်​သော​အ​ခါ၊ ယွာ​ဘ​ကို လုပ်​ကြံ​လော့​ဟု ယော​ယ​ဒ​သား​ဗေ​နာ​ယ​ကို စေ​လွှတ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် လူ​အ​သက်​ကို​သတ်၍ သူ့​ဥ​စ္စာ​ကို သိမ်း​ယူ​ပြီ​လော။ တစ်​ဖန်​မိန့်​တော်​မူ​သည်​ကား၊ ခွေး​တို့​သည် နာ​ဗုတ်​အ​သွေး​ကို လျက်​သော​အ​ရပ်၌ သင့်​အ​သွေး​ကို​ပင်​လျက်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု မှာ​ထား​တော်​မူ၏။

ယေ​ဇ​ဗေ​လ​အ​မှု​မှာ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သည်​ကား၊ ယေ​ဇ​ရေ​လ​မြို့​ရိုး​နား​မှာ ခွေး​တို့​သည် ယေ​ဇ​ဗေ​လ​ကို စား​ကြ​လိမ့်​မည်။

အ​ကယ်​စင်​စစ် နာ​ဗုတ်​အ​သွေး၊ သူ့​သား​တို့၏​အ​သွေး​ကို မ​နေ့​က ငါ​ကြည့်​မြင်​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ ဤ​မြေ​ကွက်၌ သင့်​ကို အ​ပြစ်​နှင့်​အ​လျောက် ငါ​ဒဏ်​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ရှိ​သည် အ​တိုင်း၊ ဤ​မြေ​ကွက်၌ အ​လောင်း​ကို​ချ​ပစ်​လော့​ဟု မိ​မိ​ရ​ထား​မှူး​ဗိ​ဒ​က​ကို ဆို၏။

အိမ်​နီး​ချင်း​ကို သတ်​မည်​အ​ကြံ​ရှိ၍ အ​နိုင်​တိုက်​သော​သူ​ကို​ကား၊ ငါ့​ယဇ်​ပ​လ္လင်၌ ခို​လှုံ​သော်​လည်း၊ ဆွဲ​ယူ၍​သတ်​ရ​မည်။

ထောင်​လွှား​သော မျက်​နှာ​တစ်​ပါး၊ မု​သား၌ ကျင်​လည်​သော​လျှာ​တစ်​ပါး၊ အ​ပြစ်​မ​ရှိ​သော​သူ၏ အ​သက်​ကို​သတ်​သော လက်​တစ်​ပါး၊

နာ​သ​နိ​သား ဣ​ရှ​မေ​လ​သည် လူ​ရှစ်​ယောက်​နှင့် တ​ကွ၊ ယော​ဟ​နန်​လက်​မှ လွတ်​ပြေး၍၊ အ​မ္မုန်​အ​မျိုး​သား​တို့​ထံ​သို့ သွား​လေ၏။

ထို​လူ​ရိုင်း​တို့​သည် မြင်​လျှင်၊ ဤ​လူ​ကား၊ လူ​အ​သက်​ကို သတ်​သော​သူ အ​မှန်​ဖြစ်၏။ ပင်​လယ်​ဘေး​မှ လွတ်​သော်​လည်း၊ အ​သက်​ရှင်​စေ​ခြင်း​ငှာ တ​ရား​သည် အ​ခွင့်​မ​ပေး​ဟု အ​ချင်း​ချင်း​ဆို​ကြ၏။-

တစ်​နည်း​ကား၊ မိ​မိ​အ​ဖော်​ကို​ရန်​ငြိုး​ဖွဲ့​သ​ဖြင့် ချောင်း​မြောင်း၍ သေ​အောင်​တိုက်​သော​သူ​သည် ထို​မြို့ တစ်​စုံ​တစ်​မြို့​သို့​ပြေး၍ ရောက်​သော်​လည်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ