Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 28:18

Judson Bible

ဖြောင့်​သော​လမ်း​သို့ လိုက်​သော​သူ​သည် ဘေး​လွတ်​လိမ့်​မည်။ ကောက်​သော​လမ်း​သို့​လိုက်​သော​သူ​မူ​ကား၊ ချက်​ချင်း​လဲ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ကောက်​သော​လမ်း​များ​သို့ လွှဲ​သွား​သော​သူ​တို့​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​တို့​နှင့်​အ​တူ ထုတ်​သွား​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး၌ ငြိမ်​ဝပ်​ခြင်း​ရှိ​ပါ​စေ​သော။

ကိုယ်​တော်​ကို​မျှော်​လင့်​လျက်​နေ​ပါ​သည်​ဖြစ်၍၊ အ​ပြစ်​ကင်း​ခြင်း​နှင့် သ​ဘော​ဖြောင့်​ခြင်း​သည် အ​ကျွန်ုပ်​ကို စောင့်​ရှောက်​ပါ​စေ​သော။

အ​ကျွန်ုပ်​မူ​ကား၊ ဖြောင့်​မတ်​ခြင်း​လမ်း​သို့​လိုက်​ပါ၏။ အ​ကျွန်ုပ်​ကို ရွေး​နုတ်၍ ကယ်​မ​သ​နား​တော်​မူ​ပါ။

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် နေ​လည်း​ဖြစ်​တော်​မူ၏။ အ​ကွယ်​အ​ကာ​လည်း ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​တော်​နှင့် ဘုန်း​အ​သ​ရေ​ကို ပေး​တော်​မူ၏။ ဖြောင့်​မတ်​စွာ​ကျင့်​သော​သူ​တို့​အား ကောင်း​သော​အ​ရာ​ကို ငြင်း​တော်​မ​မူ။

မ​တ​ရား​သော​သူ​သည် လွန်​သွား​သော လေ​ပွေ​ကဲ့​သို့ ပျောက်​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ မြဲ​မြံ​သော တိုက်​မြစ်​ဖြစ်၏။

ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော​သ​ဘော​သည် အ​သက်​တာ​ကို ရှည်​စေ​တတ်၏။ မ​တ​ရား​သော​သူ၏ နှစ်​ပေါင်း​ကာ​လ​မူ​ကား တို​တတ်၏။

ဖြောင့်​မတ်​ခြင်း​လမ်း​သို့ လိုက်​သော​သူ​သည် အ​နင်း​မှန်​လိမ့်​မည်။ ကောက်​သော​လမ်း​သို့ လိုက်​သော​သူ​မူ​ကား၊ သ​ဘော​ထင်​ရှား​လိမ့်​မည်။

ဖြောင့်​မတ်​သော​သူ​ကို လမ်း​လွှဲ၍၊ မ​ကောင်း​သော​လမ်း​ထဲ​သို့ သွေး​ဆောင်​သော​သူ​သည် မိ​မိ​တူး​သော​တွင်း​ထဲ​သို့ မိ​မိ​ကျ​လိမ့်​မည်။ သ​ဘော​ဖြောင့်​သော​သူ​မူ​ကား၊ ကောင်း​သော​အ​ရာ​တို့​ကို အ​မွေ​ခံ​ရ​လိမ့်​မည်။

မ​မှန်​သော​အ​မှု​ကို ပြု​သော​သူ​သည် ငွေ​ရ​တတ်​သော်​လည်း၊ ဖြောင့်​မတ်​ခြင်း​လမ်း​သို့​လိုက်​သော ဆင်း​ရဲ​သား​သည် သာ၍​မြတ်၏။

နံ​နက်​ရောက်​မှ ဗာ​လမ်​ထ၍ မြည်း​ကို​ကုန်း​နှီး​တင်​ပြီး​လျှင်၊ မော​ဘ​အ​ရာ​ရှိ​တို့​နှင့်​အ​တူ လိုက်​လေ၏။

ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က​လည်း၊ သင်၏​မြည်း​ကို သုံး​ကြိမ်​တိုင်​အောင် အ​ဘယ်​ကြောင့်​ရိုက်​သ​နည်း။ သင်​သွား​သော​လမ်း​သည် ငါ​နှင့်​ဆန့်​ကျင်​ဘက်​ဖြစ်​သော​ကြောင့်၊ သင့်​ကို​ဆီး​တား​ခြင်း​ငှာ ငါ​ထွက်​လာ​ပြီ။

ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က၊ သူ​တို့​နှင့်​အ​တူ လိုက်​လော့။ သို့​ရာ​တွင် ငါ​မှာ​ထား​သော​စ​ကား​ကို​သာ ဟော​ပြော​ရ​မည်​ဟု ဗာ​လမ်​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​သည် ဗာ​လက်​မင်း၏​ကျွန်​တို့​နှင့်​အ​တူ လိုက်​သွား​လေ၏။

သူ​တို့​သည် မှန်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့်​အ​ညီ ဖြောင့်​မတ်​စွာ မကျင့်​ကြောင်း​ကို ငါ​သည်​မြင်​လျှင်၊ ထို​သူ​အ​ပေါင်း​တို့​ရှေ့​မှာ ပေ​တ​ရု​အား ငါ​ဆို​သည်​ကား၊ သင်​သည် ယု​ဒ​လူ​ဖြစ်​လျက်​ပင် ယု​ဒ​ထုံး​စံ​အ​တိုင်း​မ​ကျင့်​ဘဲ၊ တစ်​ပါး​အ​မျိုး၏​ထုံး​စံ​အ​တိုင်း ကျင့်​လျှင်၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် ယု​ဒ​ထုံး​စံ​အ​တိုင်း ကျင့်​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် သူ​တို့​ကို အ​နိုင်​အ​ထက်​ပြု​သ​နည်း။

ငြိမ်​ဝပ်​ခြင်း​ရှိ၏၊ ဘေး​အ​န္တ​ရာယ်​နှင့် ကင်း​လွတ်၏​ဟု ဆို​စဉ်​တွင်၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ၌ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရောက်​သ​ကဲ့​သို့၊ သူ​တို့​အ​ပေါ်၌ လျင်​မြန်​စွာ​သော ပျက်​စီး​ခြင်း​ရောက်၍ လွတ်​ခြင်း​အ​ခွင့် မ​ရှိ​ရ​ကြ။-

ထို​ကြောင့်၊ သင်​သည်​ခံ​ယူ၍ နား​ထောင်​ပြီး​သည်​အ​ရာ​ကို အောက်​မေ့၍ စောင့်​ရှောက်​လော့။ နောင်​တ​ရ​လော့။ စောင့်၍ မ​နေ​လျှင် သူ​ခိုး​ကဲ့​သို့ သင်​ရှိ​ရာ​သို့ ငါ​လာ​မည်။ လာ​မည့်​အ​ချိန်​နာ​ရီ​ကို​လည်း သင်​မ​သိ​ရ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ