Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 26:5

Judson Bible

မိုက်​သော​သူ၏​သ​ဘော​သို့​လိုက်၍ သူ၏​စ​ကား​ကို ချေ​လော့။ သို့​မ​ဟုတ်၊ သူ​သည် ဝါ​ကြွား​သော​စိတ် ရှိ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် ပ​ညာ​ရှိ၏​ဟု​ထင်​သော​သူ​ရှိ​လျှင်၊ ထို​သူ၌ မျှော်​လင့်​စ​ရာ အ​ခွင့်​ရှိ​သည်​ထက်၊ မိုက်​သော​သူ၌ သာ၍ မျှော်​လင့်​စ​ရာ​အ​ခွင့်​ရှိ၏။

မိုက်​သော​သူ၏​သ​ဘော​သို့​လိုက်၍၊ သူ၏​စ​ကား​ကို မ​ချေ​နှင့်။ ထို​သို့​ချေ​လျှင် သူ​နှင့်​တူ​လိမ့်​မည်။

မိုက်​သော​သူ​တွင် မှာ​လိုက်​သော​သူ​သည် ကိုယ်​ခြေ​ကို​ဖြတ်၍ အ​ကျိုး​နည်း​ရှိ၏။

ငွေ​ရ​တတ်​သော​သူ​က၊ ငါ​သည်​ပ​ညာ​ရှိ၏​ဟု ကိုယ်​ကို​ထင်​တတ်၏။ ဉာဏ်​ကောင်း​သော​ဆင်း​ရဲ​သား​မူ​ကား၊ ထို​သူ​ကို စစ်​ကြော​တတ်၏။

ငါ​သည်​ပ​ညာ​ရှိ၏​ဟု ကိုယ်​ကို​မ​ထင်​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍ ဒု​စ​ရိုက်​ကို​ရှောင်​လော့။

ငါ​သည် ပ​ညာ​ရှိ​သည်​ဟု ကိုယ်​ကို​ထင်​သော​သူ၊ သ​မ္မာ​သ​တိ​နှင့် ပြည့်​စုံ​သည်​ဟု ထင်​မှတ်​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

ထို​သူ​တို့​သည် အ​ထပ်​ထပ်​မေး​လျှောက်​ကြ​သော​အ​ခါ ကိုယ်​ကို​လှန်​တော်​မူ၍၊ သင်​တို့​တွင် အ​ပြစ်​ကင်း​သော​သူ​သည် ရှေ့​ဦး​စွာ ကျောက်​ခဲ​နှင့်​ပစ်​စေ​ဟု မိန့်​တော်​မူ​ပြီး​မှ၊-

ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ဝါ​ကြွား​သော​စိတ် မ​ရှိ​စေ​မည်​အ​ကြောင်း၊ တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​သည် မ​ဝင်​မီ​တိုင်​အောင်၊ ဣ​သ​ရေ​လ​လူ​အ​ချို့​တို့​ကို မှောင်​မိုက်​ဖုံး​လွှမ်း​ခြင်း​အ​ကြောင်း​တည်း ဟူ​သော နက်​နဲ​သော​အ​ရာ​ကို မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ။-

အ​ချင်း​ချင်း စိတ်​သ​ဘော တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ​လော့။ ဂုဏ်​စည်း​စိမ်​ကို ငဲ့​ကွက်​ခြင်း​မ​ရှိ​ကြ​နှင့်။ နှိမ့်​ချ​သော​သူ​တို့​ကို အ​ပေါင်း​အ​ဖော်​လုပ်​ကြ​လော့။ ငါ​သည် ပ​ညာ​ရှိ၏​ဟု ကိုယ်​ကို​မ​ထင်​ကြ​နှင့်။-

ဤ​သက်​သေ မှန်၏။ ထို​ကြောင့်၊ သူ​တို့​သည် ယု​ဒ​ဒ​ဏ္ဏာ​ရီ​စ​ကား​ကို​လည်း​ကောင်း၊ သ​မ္မာ​တ​ရား​ကို​စွန့်​သော လူ​တို့၏ ပ​ညတ်​တို့​ကို​လည်း​ကောင်း၊ အ​မှု​မ​ထား​ဘဲ ယုံ​ကြည်​ခြင်း​အ​မှု၌ စင်​ကြယ်​စေ​ခြင်း​ငှာ၊ သူ​တို့​ကို ကျပ်​တည်း​စွာ ဆုံး​မ​ပြစ်​တင်​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ