မိုက်သောသူတွင် မှာလိုက်သောသူသည် ကိုယ်ခြေကိုဖြတ်၍ အကျိုးနည်းရှိ၏။
ပုံးရည်သည် သွား၌လည်းကောင်း၊ မီးခိုးသည် မျက်စိ၌လည်းကောင်းဖြစ်သကဲ့သို့၊ ပျင်းရိသောသူသည် စေလွှတ်သောသူ၌ ဖြစ်၏။
မတရားသောအစေခံသည် မိမိစောင့်သောအမှုကို ဖျက်တတ်၏။ သစ္စာရှိသောသံတမန်မူကား၊ ကျန်းမာခြင်းအကြောင်း ဖြစ်၏။
စပါးရိတ်ရာကာလ၌ မိုးပွင့်ကြောင့်ချမ်းသကဲ့သို့၊ သစ္စာစောင့်သောတမန်သည် စေလွှတ်သောသူ၌ဖြစ်၍၊ သခင်စိတ်ကို ချမ်းဧစေတတ်၏။
မိုက်သောသူ၏သဘောသို့လိုက်၍ သူ၏စကားကို ချေလော့။ သို့မဟုတ်၊ သူသည် ဝါကြွားသောစိတ် ရှိလိမ့်မည်။
သုတ္တံစကားကို မိုက်သောသူ ပြောခြင်းသည် ခြေဆွံ့သောသူ၏ ခြေကြွခြင်းကဲ့သို့ ဖြစ်၏။
သူနှင့်အတူလိုက်သွားသောသူတို့က ထိုပြည်သားတို့ကို ငါတို့မတိုက်နိုင်။ သူတို့သည် ငါတို့ထက်သာ၍ အားကြီးကြသည်ဟူ၍လည်းကောင်း၊