Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 26:4

Judson Bible

မိုက်​သော​သူ၏​သ​ဘော​သို့​လိုက်၍၊ သူ၏​စ​ကား​ကို မ​ချေ​နှင့်။ ထို​သို့​ချေ​လျှင် သူ​နှင့်​တူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ငါ့​ခ​မည်း​တော်​သည် သင်​တို့​အ​ပေါ်​မှာ လေး​သော​ထမ်း​ပိုး​ကို တင်​လေ​ပြီ။ ငါ​သည်​လည်း​ထပ်၍ တင်​ဦး​မည်။ ငါ့​ခ​မည်း​တော်​သည် သင်​တို့​ကို ကြိမ်​လုံး​နှင့် ရိုက်​လေ​ပြီ။ ငါ​သည်​လည်း ကင်း​မြီး​ကောက်​နှင့် ရိုက်​ဦး​မည်​ဟု ကြမ်း​တမ်း​စွာ ပြန်​ပြော​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင် နား​မ​ထောင်​ကြောင်း​ကို သိ​မြင်​လျှင်၊ ငါ​တို့​သည် ဒါ​ဝိဒ်​နှင့် အ​ဘယ်​သို့​ဆက်​ဆံ​သ​နည်း။ ယေ​ရှဲ၏​သား​နှင့် အ​ဘယ်​သို့​အ​မွေ​ခံ​ရ​သေး​သ​နည်း။ အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​နေ​ရာ​သို့ သွား​ကြ။ အို​ဒါ​ဝိဒ်၊ သင်၏​အိမ်​ကို ကြည့်​ရှု​လော့​ဟု ရှင်​ဘု​ရင်​အား​ပြန်​ပြော​လျက်၊ ဣ​သ​ရေ​လ​လူ​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။

ရန်​တွေ့​စ​အ​မှု​သည် ရေ​ကန်​ပေါင်​ပေါက်​စ​ကဲ့​သို့ ဖြစ်​သော​ကြောင့်၊ ရန်​မ​တွေ့​မီ တွေ့​စ​ရာ​အ​ကြောင်း​ကို ရှောင်​လော့။

မိုက်​သော​သူ​ကြား​အောင် စ​ကား​မ​ပြော​နှင့်။ သင်၏​စ​ကား၌​ပါ​သော​ပ​ညာ​ကို မ​ထီ​မဲ့​မြင် ပြု​လိမ့်​မည်။

မိုက်​သော​သူ၏​သ​ဘော​သို့​လိုက်၍ သူ၏​စ​ကား​ကို ချေ​လော့။ သို့​မ​ဟုတ်၊ သူ​သည် ဝါ​ကြွား​သော​စိတ် ရှိ​လိမ့်​မည်။

ပ​ညာ​ရှိ​သော​သူ​သည် မိုက်​သော​သူ​နှင့် အ​မှု​တွေ့​လျှင်၊ စိတ်​ဆိုး​သည် ဖြစ်​စေ၊ ပြုံး​ရယ်​သည် ဖြစ်​စေ၊ အား​ရ​စ​ရာ​အ​ကြောင်း မ​ရှိ။

ယု​ဒ​လူ​တို့​လည်း၊ စ​ကား​တစ်​ခွန်း​ကို​မျှ​မ​ပြန်​ဘဲ တိတ်​ဆိတ်​စွာ​နေ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပြန်​မ​ပြော​နှင့်​ဟု ရှင်​ဘု​ရင် အ​မိန့်​တော်​ရှိ​သ​တည်း။

ဖြူ​စင်​သော​အ​ရာ​ကို ခွေး​တို့​အား မ​ပေး​ကြ​နှင့်။ ပု​လဲ​ရ​တ​နာ​တို့​ကို ဝက်​တို့​ရှေ့​မှာ မ​ချ​မ​ထား​ကြ​နှင့်။ သို့​ပြု​လျှင် ထို​အ​ရာ​တို့​ကို ကျော်​နင်း၍ သင်​တို့​ကို​လှည့်​လျက် ကိုက်​ဖြတ်​ကြ​လိမ့်​မည်။-

သင်​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို အ​မွေ​ခံ​စေ​ခြင်း​အ​လို​ငှာ ခေါ်​တော်​မူ​သော​သူ ဖြစ်​သည်​ဟု သိ​မှတ်၍၊ အ​ချင်း​ချင်း ရန်​တုံ့​မ​မူ၊ ပြန်၍ မ​ကဲ့​ရဲ့၊ မေ​တ္တာ​ပို့​ခြင်း​ကို ပြု​ကြ​လော့။-

ကောင်း​ကင်​တ​မန် မင်း​မိ​က္ခေ​လ​မူ​ကား၊ မော​ရှေ၏ ကိုယ်​ကို အ​ကြောင်း​ပြု၍ မာရ်​နတ်​နှင့် ငြင်း​ခုံ​သော​အ​ခါ၊ ကဲ့​ရဲ့​စွာ​သော ပြစ်​တင်​ခြင်း​ကို​မ​ပြု​ဝံ့​ဘဲ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ဆုံး​မ​တော်​မူ​စေ​သ​တည်း​ဟူ၍ သာ​ပြော​ဆို၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ