Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 19:9

Judson Bible

မ​မှန်​သော​သက်​သေ​သည် အ​ပြစ်​မ​ခံ​ဘဲ မ​နေ​ရ။ မု​သား​ကို​သုံး​သော​သူ​သည်​လည်း၊ ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သ​စ္စာ​နှုတ်​ခမ်း​သည် အ​စဉ်​အ​မြဲ​တည်၏။ မု​သား​လျှာ​မူ​ကား ခ​ဏ​သာ​တည်၏။

မ​မှန်​သော​သက်​သေ​သည် အ​ပြစ်​မ​ခံ​ဘဲ​မ​နေ​ရ။ မု​သား​ကို​သုံး​သော​သူ​သည်​လည်း ဒဏ်​နှင့်​မ​လွတ်​ရ။

မ​မှန်​သော​သက်​သေ​သည် ပျက်​တတ်၏။ ကိုယ်​တိုင်​ကြား​သော​သူ​မူ​ကား၊ တည်​ကြည်​စွာ ပြော​တတ်၏။

မု​သား​စ​ကား​ကို​ပြော၍ မ​မှန်​သော​သက်​သေ​တစ်​ပါး၊ အ​ပေါင်း​အ​ဖော်​ချင်း ရန်​တွေ့​စေ​ခြင်း​ငှာ ပြု​တတ်​သော​သူ တစ်​ပါး​တည်း။

ငါ​မ​ညှိုး​ငယ်​စေ​သော လူ​ကောင်း​တို့​ကို သင်​တို့​သည် မု​သား​စ​ကား​အား​ဖြင့် ညှိုး​ငယ်​စေ​သော​ကြောင့်​လည်း​ကောင်း၊ လူ​ဆိုး​တို့​သည် ဆိုး​သော​လမ်း​ကို မ​ရှောင်​စေ​ခြင်း​ငှာ အ​သက်​ချမ်း​သာ​ပေး၍၊ သူ​တို့​ကို ခိုင်​မာ​စေ​သော​ကြောင့်​လည်း​ကောင်း၊

ထို​နောက်၊ ဒံ​ယေ​လ၌ အ​ပြစ်​တင်​သော သူ​တို့​ကို ရှင်​ဘု​ရင်၏​အ​မိန့်​တော်​နှင့် ခေါ်၍၊ သား​မ​ယား​နှင့်​တ​ကွ ခြင်္သေ့​တွင်း​ထဲ​သို့ ချ​ပစ်​ကြ​လျှင်၊ မြေ​သို့​မ​ရောက်​မီ ခြင်္သေ့​တို့​သည်​နိုင်၍ သူ​တို့ အ​ရိုး​ရှိ​သ​မျှ​တို့​ကို ချိုး​ဖဲ့​ကြ၏။

သား​ရဲ​ကို ဖမ်း​မိ​ကြ၏။ သား​ရဲ၏ တံ​ဆိပ်​လက်​မှတ်​ကို ခံ၍၊ သူ၏​ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ​တို့​ကို လှည့်​ဖြား၍ သား​ရဲ​ရှေ့၌ နိ​မိတ်​များ​ကို ပြ​တတ်​သော မိ​စ္ဆာ​ပ​ရော​ဖက်​ကို​လည်း ဖမ်း​မိ​ကြ၏။ အ​သက်​ရှင်​လျက်​ရှိ​သော ထို​သူ​နှစ်​ဦး​ကို ကန့်​နှင့် လောင်​သော​မီး​အိုင်​ထဲ​သို့ ချ​ပစ်​ကြ၏။-

ကြောက်​တတ်​သော​သူ၊ မ​ယုံ​ကြည်​သော​သူ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ မ​တ​ရား​သော မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ပြု​စား​တတ်​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ၊ သ​စ္စာ​ပျက်​သော​သူ အ​ပေါင်း​တို့​မူ​ကား၊ ဒု​တိ​ယ​သေ​ခြင်း​တည်း​ဟူ​သော ကန့်​နှင့်​လောင်​သော မီး​အိုင်​ထဲ၌ မိ​မိ​တို့​အ​ဖို့​ကို ရ​ကြ​လိမ့်​မည် ဟူ၍​လည်း​ကောင်း ငါ့​အား မိန့်​တော်​မူ၏။

ပြင်၌​ကား၊ ခွေး​ဖြစ်​သော​သူ၊ ပြု​စား​တတ်​သော​သူ၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ ရုပ်​ထု​ကို ကိုး​ကွယ်​သော​သူ၊ သ​စ္စာ​ပျက်​ခြင်း​ကို​နှစ်​သက်၍ ပြု​သော​သူ​အ​ပေါင်း​တို့​သည် ရှိ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ