Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 19:8

Judson Bible

ပ​ညာ​ကို​ရ​သော​သူ​သည် မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို ချစ်​ရာ​ရောက်၏။ ဉာဏ်​ကို​စွဲ​လမ်း​သော​သူ​သည်​လည်း၊ ကောင်း​ကျိုး​ကို ခံ​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

တ​ရား​တော်​အား​ဖြင့် ကိုယ်​တော်၏​ကျွန်​သည် သ​တိ​ရ၍၊ တ​ရား​စောင့်​ခြင်း​အ​ကျိုး​သည် ကြီး​လှ​ပါ၏။

ပ​ညာ​နှင့် အ​မှု​စောင့်​သော​သူ​သည် အ​ကျိုး​ကို​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​သူ​သည်​လည်း မင်္ဂ​လာ​ရှိ၏။

မိုက်​သော​သူ​သည် ပ​ညာ​ကို အ​လို​မ​ရှိ​သည်​ဖြစ်၍၊ ပ​ညာ​အ​ဖိုး​ကို အ​ဘယ်​ကြောင့် သူ၌​အပ်​ရ​သ​နည်း။

မ​မှန်​သော​သက်​သေ​သည် အ​ပြစ်​မ​ခံ​ဘဲ မ​နေ​ရ။ မု​သား​ကို​သုံး​သော​သူ​သည်​လည်း၊ ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။

သင်၏​နှ​လုံး၌​သွင်း​မိ​နိုင်​လျှင် သာ​ယာ​သော​အ​ကျိုး ရှိ​လိမ့်​မည်။ သင်၏​နှုတ်၌​လည်း အ​စဉ် အ​သင့်​ရှိ​လိမ့်​မည်။

ပ​ညာ​ကို ကိုင်​ဆွဲ​သော​သူ​သည် အ​သက်​ပင်​ကို​ရ​ပြီ။ လက်​မ​လွှတ်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

ငါ့​သား၊ ပ​ညာ​ရ​တ​နာ​နှင့် သ​မ္မာ​သ​တိ​ကို သင့်​မျက်​မှောက်​မှ မ​ကွာ​စေ​ဘဲ၊ အ​စဉ်​စောင့်​ရှောက်​လော့။

သို့​ပြု​လျှင်၊ ထို​ရ​တ​နာ​တို့​သည် သင်၏​ဝိ​ညာဉ်၌​အ​သက်၊ သင်၏​လည်​ပင်း၌ ဂုဏ်​အ​သ​ရေ​ဖြစ်​လိမ့်​မည်။

သင့်​မျက်​မှောက်​မှ မ​ကွာ​စေ​နှင့်။ နှ​လုံး​တွင်း၌ စောင့်​ထား​လော့။

ငါ့​အ​ဘ​သွန်​သင်၍ မြွက်​ဆို​လေ​သည်​ကား၊ ငါ့​စ​ကား​ကို သင်၏​နှ​လုံး၌​သွင်း​မိ၍၊ ငါ့​ပ​ညတ်​တို့​ကို ကျင့်​စောင့်​သ​ဖြင့် အ​သက်​ရှင်​လော့။

ပ​ညာ​ကို မ​စွန့်​နှင့်။ သူ​သည်​သင့်​ကို ထိန်း​သိမ်း​လိမ့်​မည်။ သူ့​ကို​ချစ်​လော့။ သင့်​ကို စောင့်​မ​လိမ့်​မည်။

စိတ်​နှ​လုံး​သစ်​ကို ငါ​ပေး​မည်။ သ​ဘော​သစ်​ကို သွင်း​ထား​မည်။ သင်​တို့​ကိုယ်​ခ​န္ဓာ​ထဲ​က ကျောက်​နှ​လုံး​ကို​နုတ်၍ အ​သား​နှ​လုံး​ကို ပေး​မည်။

မိ​မိ​အ​သက်​ကို နှ​မြော​သော​သူ​သည် အ​သက်​ဆုံး​လိမ့်​မည်။ ဤ​လော​က၌ မိ​မိ​အ​သက်​ကို မုန်း​သော​သူ​မူ​ကား၊ ထာ​ဝ​ရ​အ​သက်​ကို စောင့်​ရှောက်​လျက်​နေ၏။-

ငါ့​ပ​ညတ်​တို့​ကို​ရ၍ စောင့်​ရှောက်​သော​သူ​သည် ငါ့​ကို​ချစ်​သော​သူ​ဖြစ်၏။ ငါ့​ကို​ချစ်​သော​သူ​ကို ငါ့​ခ​မည်း​တော်​သည် ချစ်​တော်​မူ​မည်။ ငါ​သည်​လည်း ထို​သူ​ကို​ချစ်၍ သူ့​အား​ကိုယ်​တိုင်​ထင်​ရှား​မည်​ဟု မိန့်​တော်​မူ၏။

အ​သက်​ကို မွေ့​လျော်​စေ၍၊ ကောင်း​မွန်​သော နေ့​ရက်​တို့​ကို တွေ့​မြင်​ခြင်း​ငှာ အ​လို​ရှိ​သော​သူ​သည်၊ မိ​မိ​လျှာ​ကို မ​ကောင်း​သော​အ​ရာ​နှင့် ကင်း​လွတ်​စေ။ မိ​မိ​နှုတ်​ခမ်း​လည်း မု​သား​စ​ကား​ကို မ​ပြော​စေ​နှင့်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ