မိုက်သောသူသည် မပျော်မွေ့သင့်။ ထိုမျှမက၊ ကျွန်သည်မင်းတို့ကို အစိုးမရသင့်။
ငါသည် ဘိသိက်ခံရ၍ ရှင်ဘုရင်ဖြစ်သော်လည်း ယနေ့အားနည်း၏။ ဇေရုသားဖြစ်သော ဤသူတို့သည် ငါ့ထက်လွန်၍ အားကြီးကြ၏။ မတရားသဖြင့် ပြုသောသူကို မိမိအပြစ်နှင့်အလျောက် ထာဝရဘုရားပေးဆပ်တော်မူစေသတည်းဟု မိမိကျွန်တို့အား မိန့်တော်မူ၏။
ရှုရှန်နန်းတော်၌ ထိုအမိန့်တော်စာကို ကြော်ငြာပြီးမှ၊ ရှင်ဘုရင် စီရင်သည်အတိုင်း၊ စာပို့လုလင်တို့သည် အလျင်အမြန် ပြေးသွားကြ၏။ ရှင်ဘုရင်နှင့် ဟာမန်သည် စပျစ်ရည်သောက်ပွဲ၌ ထိုင်၍၊ ရှုရှန်မြို့တော်သည် ဆင်းရဲခြင်းသို့ ရောက်သတည်း။
မြတ်သောစကားသည် မိုက်သောသူနှင့် မတော်မသင့်။ ထိုမျှမက၊ မုသားစကားသည် မင်းနှင့် မတော်မသင့်။
နွေကာလ၌ မိုးပွင့်ကဲ့သို့လည်းကောင်း၊ စပါးရိတ်ရာကာလ၌ မိုးရေကဲ့သို့လည်းကောင်း၊ မိုက်သောသူသည် ဂုဏ်အသရေကို မခံသင့်။
ပြည်သားတို့သည် တစ်ယောက်ကိုတစ်ယောက်၊ အိမ်နီးချင်း တစ်ယောက်ကိုတစ်ယောက် ညှဉ်းဆဲကြလိမ့်မည်။ သူငယ်သည် အသက်ကြီးသူကိုလည်းကောင်း၊ လူယုတ်သည် လူမြတ်ကိုလည်းကောင်း စော်ကားလိမ့်မည်။
အို ဣသရေလအမျိုး၊ တစ်ပါးအမျိုးသားကဲ့သို့ ဝမ်းမြောက်ရွှင်မြူးသောစိတ်ရှိ၍ မခုန်နှင့်။ ကိုယ်ဘုရားသခင်၌ မဆည်းကပ်၊ အခြားသောဘုရားနှင့် မှားယွင်းပြီ။ ကောက်နယ်တလင်းရှိသမျှတို့၌ မှားယွင်းခကို နှစ်သက်တတ်၏။
တစ်ဖန်တုံ၊ သူဌေးတစ်ယောက်သည် နီမောင်းသော ကမ္ဗလာနှင့်ပိတ်ချောကို ဝတ်ဆင်၍၊ ကာမဂုဏ်စည်းစိမ်၌ နေ့တိုင်း ပျော်မွေ့လျက်နေ၏။-
မရဏနိုင်ငံ၌ ပြင်းပြစွာသောဝေဒနာကိုခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကိုလည်းကောင်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကိုလည်းကောင်း အဝေးကမြင်လျှင်၊-
ဆင်းရဲငြိုငြင်ခြင်း၊ စိတ်မသာညည်းတွားခြင်း၊ ငိုကြွေးမြည်တမ်းခြင်း ရှိကြလော့။ သင်တို့ရယ်ခြင်းကို စိတ်မသာညည်းတွားခြင်း ဖြစ်စေကြလော့။ ဝမ်းမြောက်ခြင်းကိုလည်း ဝမ်းနည်းခြင်းဖြစ်စေကြလော့။-
အဘိဂဲလသည်လည်း နာဗလထံသို့ ပြန်သွား၍၊ သူသည် ရှင်ဘုရင်၏ ပွဲကဲ့သို့သောပွဲကို မိမိအိမ်၌ခံသဖြင့်၊ ယစ်မူး၍ စိတ်ရွှင်လန်းလျက် နေသောကြောင့်၊ မိုးမလင်းမီ မယားသည် အလျှင်းမပြော။