Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 19:29

Judson Bible

မ​ထီ​မဲ့​မြင်​ပြု​သော​သူ​တို့​အ​ဖို့ အ​ပြစ်​စီ​ရင်​ခြင်း၊ မိုက်​သော​သူ​တို့၏​ကျော​အ​ဖို့ ဒဏ်​ပေး​ခြင်း​သည် အ​သင့်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဧ​လိ​ရှဲ​သည် လှည့်​ကြည့်​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကျိန်​ဆို​သ​ဖြင့်၊ ဝံ​မ​နှစ်​ကောင်​တို့​သည် တော​ထဲ​က​ထွက်၍ လု​လင်​ပျို လေး​ကျိပ်​နှစ်​ယောက်​တို့​ကို ကိုက်​သတ်​လေ၏။

မ​တ​ရား​သော​သူ​တို့​၏ တိုက်​တွန်း​ခြင်း​သို့​မ​လိုက်၊

အို​လူ​မိုက်​တို့၊ သင်​တို့​သည် မိုက်​သော​အ​ကျင့်​ကို နှစ်​သက်​လျက်၊ ကဲ့​ရဲ့​သော​သူ​တို့​သည် ကဲ့​ရဲ့​ခြင်း၌​မွေ့​လျော်​လျက်၊ မိုက်​မဲ​သော​သူ​တို့​သည် ပ​ညာ​အ​တတ်​ကို​မုန်း​လျက်၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ကြ​လိမ့်​မည်​နည်း။

သင်​တို့​သည် ဘေး​ဥ​ပဒ်​နှင့်​တွေ့​ကြုံ​သော​အ​ခါ ငါ​ရယ်​မည်။ ကြောက်​မက်​ဖွယ်​သော​အ​မှု​ရောက်​သော​အ​ခါ ငါ​ပြက်​ရယ်​ပြု​မည်။

ဉာဏ်​ကောင်း​သော​သူ​သည် ပ​ညာ​စ​ကား​ကို ပြော​တတ်၏။ ဉာဏ်​မဲ့​သော​သူ၏​ကျော​အ​ဖို့​မူ​ကား ကြိမ်​လုံး​ရှိ၏။

မိုက်​သော​သူ​သည် ဒဏ်​ချက်​တစ်​ရာ​ကို အ​မှု​ထား​သည်​ထက်၊ ပ​ညာ​ရှိ​သော​သူ​သည် ဆုံး​မ​သော​စ​ကား​ကို သာ၍ အ​မှု​ထား​တတ်၏။

မိုက်​သော​သူ၏ နှုတ်​ခမ်း​တို့​သည် ရန်​တွေ့​တတ်၏။ သူ၏​နှုတ်​သည်​လည်း အ​ပြစ်​ဒဏ်​ကို တောင်း​တတ်၏။

မြင်း​ဖို့​နှင်​တံ၊ မြည်း​ဖို့​ဇက်​ကြိုး၊ မိုက်​သော​သူ၏​ကျော​ဖို့ ကြိမ်​လုံး​သည် သင့်​ပေ၏။

အ​ကယ်​စင်​စစ် ကဲ့​ရဲ့​တတ်​သော​သူ​တို့​ကို ကဲ့​ရဲ့​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား​ကား၊ ကျေး​ဇူး​ပြု​တော်​မူ၏။

နွား​သည် အ​သေ​ခံ​ရာ​သို့​လိုက်​သ​ကဲ့​သို့​လည်း​ကောင်း၊ သ​မင်​ဒ​ရယ်​သည် မိ​မိ​အ​သည်း၌ မြား​မ​ထိုး​မီ​တိုင်​အောင်၊ ဖမ်း​မိ​ရာ​ထဲ​သို့ ဝင်​သ​ကဲ့​သို့​လည်း​ကောင်း၊

သင်​သည် ပ​ညာ​ရှိ​လျှင်၊ ကိုယ်​တိုင်​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။ မ​ထီ​မဲ့​မြင်ပြု​လျှင် ကိုယ်​တိုင်​သာ​အ​ပြစ်​ကို​ခံ​ရ​လိမ့်​မည်။

ယ​ခု​မှာ သင်​တို့​သည် သာ၍​ပြင်း​စွာ​သော ဆုံး​မ​ခြင်း​နှင့် လွတ်​မည်​အ​ကြောင်း၊ နောက်​တစ်​ဖန် ဆဲ​ရေး​ခြင်း​ကို မ​ပြု​ကြ​နှင့်။ ပြည်​တစ်​ပြည်​လုံး၌ အ​နှံ့​အ​ပြား စီ​ရင်​ဆုံး​ဖြတ်​သော သုတ်​သင်​ပယ်​ရှင်း​ခြင်း​ရှိ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ငါ​ကြား​ရ​ပြီ။

အ​ကြောင်း​မူ​ကား၊ ကြောက်​မက်​ဖွယ်​သော​သူ​သည် ဆုံး​ရှုံး​ရ၏။ ဆဲ​ရေး​သော​သူ​သည် ပျောက်​ကုန်​ရ၏။ သူ့​အ​ပြစ်​ကို ချောင်း​မြောင်း​သော​သူ၊

ဆိုး​သော​သူ​သည် အ​ရိုက်​ခံ​ထိုက်​လျှင်၊ တ​ရား​သူ​ကြီး​သည် ကိုယ်​မျက်​မှောက်၌ သူ့​ကို​ချ၍၊ အ​ပြစ်​နှင့်​အ​လျောက် ညီ​မျှ​သော​ဒဏ်​ချက်​ဖြင့် ရိုက်​စေ​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ချစ်​တော်​မူ​သော​သူ​ကို ဆုံး​မ​တော်​မူ​တတ်၏။ လက်​ခံ​တော်​မူ​သ​မျှ​သော သား​တို့​ကို ဒဏ်​ခတ်​တော်​မူ​တတ်၏​ဟု သူ​ငယ်​တို့​ကို ဆို​သ​ကဲ့​သို့၊ သင်​တို့​ကို ပြော​ဆို​သော ဩ​ဝါ​ဒ​စ​ကား​ကို မေ့​လျော့​ကြ​သ​လော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ