Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 20:1

Judson Bible

စ​ပျစ်​ရည်​သည် လှည့်​စား​တတ်၏။ သေ​ရည် သေ​ရက်​သည် ရုန်း​ရင်း​ခတ်​ပြု​ခြင်း​အ​မှု​ကို ဖြစ်​စေ​တတ်၏။ ထို​သို့​သော​အား​ဖြင့် မှား​ယွင်း​သော​သူ​သည် ပ​ညာ​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည်​လည်း ဥ​ရိ​ယ​ကို​ခေါ်၍ ရှေ့​တော်၌​စား​သောက်​လျက် ယစ်​မူး​သည်​တိုင်​အောင် သောက်​ရ၏။ သို့​သော်​လည်း ညဉ့်​ဦး​မှာ​မိ​မိ​အိမ်​သို့ မ​သွား​ဘဲ၊ အ​ရှင်၏​ကျွန်​တို့​နှင့်​အ​တူ အိပ်​ခြင်း​ငှာ ထွက်​သွား​လေ၏။

အ​ဗ​ရှ​လုံ​က​လည်း၊ အာ​မ​နုန်​သည် စ​ပျစ်​ရည်​ကို​သောက်၍ ရွှင်​လန်း​သော​အ​ခါ စောင့်​နေ​ကြ။ အာ​မ​နုန်​ကို ထိုး​ခုတ်​ကြ​ဟု ငါ​ဆို​သော​အ​ခါ၊ သေ​အောင်​လုပ်​ကြံ​ကြ။ မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​စီ​ရင်​သည် မ​ဟုတ်​လော။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့​ဟု မိ​မိ​ကျွန်​တို့​အား မှာ​ထား​နှင့်​သည်​အ​တိုင်း၊

စ​ပျစ်​ရည်​သောက်​ကြူး​သော​သူ၊ အ​မဲ​သား စား​ကြူး​သော​သူ​တို့​ကို အ​ပေါင်း​အ​ဖော် မ​လုပ်​နှင့်။

အို​လေ​မွေ​လ၊ စ​ပျစ်​ရည်​သောက်​သော​အ​မှု​နှင့် သေ​ရည်​သောက်​သော​အ​မှု​သည် ရှင်​ဘု​ရင်၊ မင်း​သား​တို့​နှင့် မ​တော်​မ​သင့်။

သို့​သော်​လည်း၊ ထို​သူ​တို့​သည် စ​ပျစ်​ရည်​ကြောင့် မှား​ယွင်း​ကြ​ပြီ။ သေ​ရည်​သေ​ရက်​ကြောင့် လမ်း​လွဲ​ကြ​ပြီ။ ယဇ်​ပု​ရော​ဟိတ်​နှင့် ပ​ရော​ဖက်​တို့​သည် သေ​ရည်​သေ​ရက်​ကြောင့် မှား​ယွင်း​ကြ​ပြီ။ စ​ပျစ်​ရည်​နှင့် မွှန်​ကြ​ပြီ။ သေ​ရည်​သေ​ရက်​ကြောင့် လမ်း​လွဲ​ကြ​ပြီ။ ဗျာ​ဒိတ်​ခံ​သည်​အ​ရာ၌ မှား​ယွင်း​လျက်၊ တ​ရား​စီ​ရင်​သည်​အ​ရာ၌ ထိ​မိ၍ လဲ​လျက်​နေ​ကြ၏။

သေ​ရည်​သေ​ရက်​ကို သောက်​အံ့​သော​ငှာ၊ နံ​နက် စော​စော​ထ၍ စ​ပျစ်​ရည်​နှင့် ယစ်​မူး​အံ့​သော​ငှာ၊ ည​ကို​လည်း လွန်​စေ​တတ်​သော သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

စ​ပျစ်​ရည်​ကို များ​စွာ​သောက်​နိုင်​သော​သူ၊ ဆေး​နှင့်​ရော​သော သေ​ရည်​သေ​ရက်​ကို​သောက်​ခြင်း​အ​မှု၌၊ အား​ကြီး​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

လာ​ကြ။ စ​ပျစ်​ရည်​ကို​ယူ​ခဲ့​မည်။ သေ​ရည်​သေ​ရက်​ကို ဝ​စွာ​သောက်​ကြ​စို့။ ယ​နေ့​ဖြစ်​သ​ကဲ့​သို့ နက်​ဖြန်​နေ့​ဖြစ်​လိမ့်​မည်။ ထို​မျှ​မ​က၊ သာ၍ ကြွယ်​ဝ​လိမ့်​မည်​ဟု ဆို​တတ်​ကြ၏။

အ​ကြောင်း​မူ​ကား စိတ်​နှ​လုံး​ကို ယစ်​မူး​စေ​တတ်​သော ကာ​မ​ဂုဏ်၌ ပျော်​မွေ့​ခြင်း၊ စ​ပျစ်​ရည်​နှင့် သေ​ရည်​သေ​ရက်​ကို သောက်​ခြင်း၌ မှီ​ဝဲ​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ပစ်​ကြ​ပြီ။

ငါ​တို့​ရှင်​ဘု​ရင်၏ နှစ်​စဉ်​ပွဲ​နေ့၌ မင်း​တို့​သည် စ​ပျစ်​ရည်​အ​ရှိန်​နှင့် ယစ်​မူး၍ ရှင်​ဘု​ရင်​သည် မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​ကို လက်​ခံ​တတ်၏။

သင်​နှင့် သင်၏​သား​တို့​သည် သေ​ဘေး​နှင့်​ကင်း​လွတ်​ခြင်း​ငှာ​လည်း​ကောင်း၊ သန့်​ရှင်း​သော​အ​ရာ၊ မ​သန့်​ရှင်း​သော​အ​ရာ၊ စင်​ကြယ်​သော​အ​ရာ၊ မ​စင်​ကြယ်​သော​အ​ရာ​တို့​ကို ပိုင်း​ခြား​တတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မှာ​ထား​သ​မျှ​သော​ပ​ညတ်​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ သွန်​သင်​တတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သို့ ဝင်​သော​အ​ခါ၊ စ​ပျစ်​ရည်​အ​စ​ရှိ​သော ယစ်​မျိုး​ကို​မ​သောက်​နှင့်။ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက် စောင့်​ရ​သော​ပ​ညတ်​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

ထို​မှ​တစ်​ပါး၊ စ​ပျစ်​ရည်​နှင့်​ပျော်​မွေ့​သော​သူ​သည် သ​စ္စာ​ပျက်​တတ်၏။ မာ​န​ထောင်​လွှား​သော​သူ​သည် ကိုယ်​နေ​ရာ၌ မ​နေ​နိုင်​ဘဲ၊ မိ​မိ​လော​ဘ​ကို မ​ရ​ဏ​နိုင်​ငံ​ကဲ့​သို့ ကျယ်​စေ​လျက်၊ သေ​မင်း​ကဲ့​သို့ မ​ပြေ​နိုင်​သော စိတ်​ရှိ​လျက်၊ တိုင်း​သူ​နိုင်​ငံ​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို မိ​မိ​ထံ​သို့​ဆွဲ​ငင်၍ စု​ဝေး​စေ၏။

သူ့​ဥ​စ္စာ​ကို​ခိုး​သော​သူ၊ လော​ဘ​လွန်​ကျူး​သော​သူ၊ သေ​ရည်​သေ​ရက်​နှင့် ယစ်​မူး​သော​သူ၊ ဆဲ​ရေး​ကဲ့​ရဲ့​သော​သူ၊ အ​နိုင်​အ​ထက်​လု​ယူ​သော သူ​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​ရ​ကြ။-

သူ့​အ​ကျိုး​ကို​ငြူ​စူ​ခြင်း၊ လူ​အ​သက်​ကို​သတ်​ခြင်း၊ ယစ်​မျိုး​ကို သောက်​ကြူး​ခြင်း၊ ပွဲ​လုပ်​ခြင်း​မှ​စ၍ ထို​သို့​သော အ​ကျင့်​ပေ​တည်း။ ထို​သို့​သော အ​ကျင့်​ကို ကျင့်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​ရ​ကြ​ဟု အ​ထက်​က ငါ​ပြော​နှင့်​ခဲ့​ပြီး​သည်​အ​တိုင်း ယ​ခု​ပင်​လည်း ငါ​ပြော​နှင့်၏။-

လွန်​ကျူး​စေ​တတ်​သော စ​ပျစ်​ရည်​နှင့် ယစ်​မူး​ခြင်း​ကို​ရှောင်၍ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​လျက်​ရှိ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ