အဓမ္မသက်သေသည် တရားကို မထီမဲ့မြင်ပြုတတ်၏။ မတရားသောသူသည်လည်း၊ ဒုစရိုက်ကိုစား၍ မျိုတတ်၏။
ဩမရိပြုမူသောအမှုအရာကြွင်းသမျှတို့နှင့် တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
သူ့ရှေ့မှာ အဓမ္မလူနှစ်ယောက်ကိုထား၍၊ သင်သည် ဘုရားသခင်နှင့် ရှင်ဘုရင်ကိုစွန့်ပယ်ပြီဟု သက်သေခံပါလေစေ။ သို့ပြီးမှ သူ့ကိုထုတ်၍ သေစေခြင်းငှာ ကျောက်ခဲနှင့်ပစ်ကြလော့ဟု ပါသတည်း။
အဓမ္မလူနှစ်ယောက်သည်လာ၍ သူ့ရှေ့မှာထိုင်လျက်၊ နာဗုတ်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို စွန့်ပယ်ပြီဟု လူများရှေ့တွင် နာဗုတ်တစ်ဖက်၌ သက်သေခံကြလျှင်၊ နာဗုတ်ကို မြို့ပြင်သို့ထုတ်၍ သေအောင် ကျောက်ခဲနှင့်ပစ်ကြ၏။
သို့ဖြစ်လျှင်၊ ရေကိုသောက်သကဲ့သို့ ဒုစရိုက်အပြစ်ကို သောက်လျက်၊ ဆိုးညစ်ရွံရှာဖွယ်သော လူသတ္တဝါ၌ အဘယ်ဆိုဖွယ်ရှိသနည်း။
ယောဘနှင့်တူသောသူ တစ်စုံတစ်ယောက် ရှိလိမ့်မည်လော။ ရေကို သောက်သကဲ့သို့ ကဲ့ရဲ့ခြင်းကိုမျိုတတ်၏။
ထိုသူက၊ ဘုရားသခင်သည် မေ့လျော့တော်မူ၏။ မျက်နှာကို လွှဲတော်မူ၏။ မြင်တော်မမူဟု အောက်မေ့တတ်ပါ၏။
အစဉ်ခိုင်မာစွာ ကျင့်ကြံပြုမူတတ်ပါ၏။ တရားစီရင်တော်မူချက်တို့သည် သူနှင့်ဝေးမြင့်သည်ဖြစ်၍ ခပ်သိမ်းသောရန်သူတို့ကို မထီမဲ့မြင်ပြုတတ်ပါ၏။
ဉာဏ်ကောင်းသောသူ၏စိတ်နှလုံးသည် ပညာအတတ်ကို ရှာတတ်၏။ မိုက်သောသူတို့၏နှုတ်မူကား၊ မိုက်ခြင်းကို ကျက်စားတတ်၏။
အဓမ္မလူသည် မကောင်းသောအမှုကို ကြိုးစား၍ ကြံစည်တတ်၏။ သူ၏နှုတ်ခမ်း၌ လောင်သောမီးကဲ့သို့ ရှိ၏။
ငါ့သား၊ ပညာတရားကို ပယ်စေခြင်းငှာ၊ သွန်သင်သောသူ၏စကားကို နားမထောင်နှင့်။
ငါ့လူတို့၏ အပြစ်ဖြေရာယဇ်တို့ကို စားလျက်နှင့်ပင်၊ ထိုအပြစ်ကို စိတ်စွဲလမ်းတတ်ကြ၏။