Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 18:7

Judson Bible

မိုက်​သော​သူ၏​နှုတ်​သည် ပျက်​စီး​ရာ​အ​ကြောင်း၊ နှုတ်​ခမ်း​တို့​သည်​လည်း မိ​မိ​အ​သက်​ကို ကျော့​မိ​ရာ​အ​ကြောင်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​သော​သူ​တို့​သည် အ​ကျွန်ုပ်​ပတ်​လည်၌၊ မိ​မိ​တို့​ဦး​ခေါင်း​ကို မ​ချီး​မြှောက်​ရ​ဘဲ၊ မိ​မိ​တို့​မြွက်​ဆို​သော မ​ကောင်း​ကျိုး​သည် မိ​မိ​တို့​ကို လွှမ်း​မိုး​ပါ​စေ​သော။

သို့​ဖြစ်၍ မိ​မိ​တို့​လျှာ​သည် မိ​မိ​တို့​ကို တိုက်​စေ၍၊ မြင်​သော​သူ​အ​ပေါင်း​တို့​သည် ပြေး​သွား​ကြ​လိမ့်​မည်။

ပ​ညာ​ရှိ​သော​သူ​တို့​သည် ကြား​သိ​သော​အ​ရာ​ကို သိမ်း​ထား​တတ်၏။ မိုက်​သော​သူ၏​နှုတ်​မူ​ကား၊ အ​ကျိုး​နည်း​ခြင်း​နှင့် နီး​စပ်၏။

လိ​မ္မာ​သော​သူ​သည် ပ​ညတ်​တ​ရား​ကို​ခံ​တတ်၏။ စ​ကား​များ​သော​လူ​မိုက်​မူ​ကား​ဆုံး​ရှုံး​တတ်၏။

စ​ကား​လွန်​ကျူး​ရာ​တွင် ဆိုး​သော​ကျော့​ကွင်း​ရှိ၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ အ​မှု​ထဲ​က ထ​မြောက်​တတ်၏။

မိ​မိ​နှုတ်​ကို​စောင့်​သော​သူ​သည် မိ​မိ​အ​သက်​ကို​စောင့်၏။ မိ​မိ​နှုတ်​ကို​ကျယ်​ကျယ်​ဖွင့်​သော​သူ​မူ​ကား၊ ပျက်​စီး​ခြင်း​သို့ ရောက်​တတ်၏။

မိုက်​သော​သူ၏​နှုတ်၌ မာ​န​ကြိမ်​လုံး​ရှိ၏။ ပ​ညာ​ရှိ​သော​သူ၏​နှုတ်​ခမ်း​တို့​သည် ကယ်​တင်​သော​အ​မှု​ကို ပြု​တတ်၏။

ဉာဏ်​ပ​ညာ​ကို​ရ​သော​သူ​သည် အ​သက်​စမ်း​ရေ​တွင်း​ကို ရ၏။ မိုက်​သော​သူ​တို့၏ သွန်​သင်​ခြင်း​မူ​ကား၊ မိုက်​ခြင်း​ဖြစ်၏။

ကုန်း​တိုက်​သော​သူ၏​စ​ကား​သည် မြိန်​သော ခဲ​ဖွယ်​စား​ဖွယ်​ကဲ့​သို့​ဖြစ်၍၊ ဝမ်း​အ​တွင်း​သို့ ဝင်​တတ်၏။

အ​ဓ​မ္မ​လူ​သည် မိ​မိ​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ဖြင့်​ဖမ်း​မိ​ခြင်း၊ မိ​မိ​အ​ပြစ်​ကြိုး​တို့​ဖြင့် ချည်​နှောင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

ကိုယ်​နှုတ်​ထွက်​စ​ကား​ဖြင့် ကျော့​မိ​ပြီ။ ကိုယ်​ပြော​သော​စ​ကား​ကြောင့် အ​မှု​ရောက်​လေ​ပြီ။

ယေ​ဖ​သ​သည် သူ့​ကို​မြင်​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍၊ အို ငါ့​သ​မီး၊ သင်​သည် ငါ့​ကို အ​လွန်​နှိမ့်​ချ​ပြီ​တ​ကား။ ငါ့​ကို နှောင့်​ယှက်​သော​သူ​တစ်​ယောက် ဖြစ်​ပါ​သည်​တ​ကား။ ထာ​ဝ​ရ​ဘု​ရား​အား ငါ​လျှောက်​ထား​ပြီ။ နုတ်​ရ​သော​အ​ခွင့်​မ​ရှိ​ဟု ဆို​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ