ကုန်းတိုက်သောသူ၏စကားသည် မြိန်သော ခဲဖွယ်စားဖွယ်ကဲ့သို့ဖြစ်၍၊ ဝမ်းအတွင်းသို့ ဝင်တတ်၏။
သင်၏လျှာသည် ထက်သောသင်တုန်းကဲ့သို့ လှည့်စားသဖြင့်၊ သူ့အကျိုးကိုဖျက်ခြင်းအမှုကို ပြုစုတတ်၏။
သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ်သော လူတစ်ချို့ရှိ၏။ ပညာရှိတို့၏လျှာမူကား အနာကိုပင် ပျောက်စေတတ်၏။
သဘောကောက်သောသူသည် ရန်မျိုးစေ့ကို ကြဲတတ်၏။ ကုန်းတိုက်သောသူသည်လည်း၊ မိတ်ဆွေတို့ကို ကွဲပြားစေတတ်၏။
မိုက်သောသူ၏နှုတ်သည် ပျက်စီးရာအကြောင်း၊ နှုတ်ခမ်းတို့သည်လည်း မိမိအသက်ကို ကျော့မိရာအကြောင်းဖြစ်၏။
အလုပ်လုပ်သောအခါ ပျင်းရိသောသူသည်၊ မိမိဥစ္စာကို အချည်းနှီးကုန်စေသောသူနှင့် ညီအစ်ကိုတော်ပေ၏။
သူ့အသရေပျက်သော သတင်းကိုကြားပြောခြင်းငှာ၊ ကိုယ်အမျိုးသားချင်းတို့တွင် မလှည့်လည်ရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှာ မကြံစည်ရ။ ငါသည် ထာဝရဘုရားဖြစ်၏။