Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 18:6

Judson Bible

မိုက်​သော​သူ၏ နှုတ်​ခမ်း​တို့​သည် ရန်​တွေ့​တတ်၏။ သူ၏​နှုတ်​သည်​လည်း အ​ပြစ်​ဒဏ်​ကို တောင်း​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

မိုက်​သော​သူ၏​အ​မျက်​ဒေါ​သ​သည် ချက်​ချင်း​ထင်​ရှား​တတ်၏။ ပ​ညာ​သ​တိ​ရှိ​သော​သူ​မူ​ကား၊ ရှက်​စ​ရာ​အ​မှု​ကို ဖုံး​တတ်၏။

မာ​န​ကြောင့်​သာ ရန်​တွေ့​ခြင်း​ဖြစ်၏။ သ​တိ​ပေး​သော​စ​ကား​ကို နား​ခံ​သော​သူ​မူ​ကား ပ​ညာ​ရှိ၏။

ပ​ညာ​ရှိ​သော​သူ​သည် ကြောက်၍ ဒု​စ​ရိုက်​ကို ရှောင်​တတ်၏။ မိုက်​သော​သူ​မူ​ကား မာ​န​ကြီး၍ ရဲ​ရင့်​တတ်၏။

မိုက်​သော​သူ၏​နှုတ်၌ မာ​န​ကြိမ်​လုံး​ရှိ၏။ ပ​ညာ​ရှိ​သော​သူ၏​နှုတ်​ခမ်း​တို့​သည် ကယ်​တင်​သော​အ​မှု​ကို ပြု​တတ်၏။

ရန်​တွေ့​စ​အ​မှု​သည် ရေ​ကန်​ပေါင်​ပေါက်​စ​ကဲ့​သို့ ဖြစ်​သော​ကြောင့်၊ ရန်​မ​တွေ့​မီ တွေ့​စ​ရာ​အ​ကြောင်း​ကို ရှောင်​လော့။

ဒေါ​သ​အ​မျက်​ကြီး​သော​သူ​သည် အ​ပြစ်​ဒဏ်​ကို ခံ​ရ​လိမ့်​မည်။ သူ့​ကို​ကယ်​နုတ်​လျှင် အ​ဖန်​ဖန် ကယ်​နုတ်​ရ​မည်။

မ​ထီ​မဲ့​မြင်​ပြု​သော​သူ​တို့​အ​ဖို့ အ​ပြစ်​စီ​ရင်​ခြင်း၊ မိုက်​သော​သူ​တို့၏​ကျော​အ​ဖို့ ဒဏ်​ပေး​ခြင်း​သည် အ​သင့်​ရှိ၏။

ရန်​တွေ့​ခြင်း​ကို ငြိမ်း​စေ​သော​သူ​သည် ဂုဏ်​အ​သ​ရေ​ရှိ၏။ မိုက်​သော​သူ​မူ​ကား၊ အ​မှု​နှင့် ရော​နှော​တတ်၏။

မ​ထီ​မဲ့​မြင်​ပြု​သော​သူ​ကို​နှင်​ထုတ်​လော့။ သို့​ပြု​လျှင် ရန်​မာန်​လည်း ထွက်​သွား​လိမ့်​မည်။ ရန်​တွေ့​ခြင်း​နှင့် ကဲ့​ရဲ့​ခြင်း​လည်း ငြိမ်း​လိမ့်​မည်။

ရန်​တွေ့​တတ်​သော​မိန်း​မ​နှင့် လူ​များ​သော​အိမ်၌​နေ​သည်​ထက်၊ အိမ်​မိုး​ပေါ်​ထောင့်​ထဲ​မှာ​နေ​သော် သာ၍​ကောင်း၏။

ကျောက်​နှင့် သဲ​သည်​လေး၏။ မိုက်​သော​သူ၏​ဒေါ​သ​သည် ထို​နှစ်​ပါး​ထက်​သာ၍​လေး၏။

ပ​ညာ​ရှိ​သော​သူ​သည် မိုက်​သော​သူ​နှင့် အ​မှု​တွေ့​လျှင်၊ စိတ်​ဆိုး​သည် ဖြစ်​စေ၊ ပြုံး​ရယ်​သည် ဖြစ်​စေ၊ အား​ရ​စ​ရာ​အ​ကြောင်း မ​ရှိ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ