တရားတွေ့ရာအမှု၌ ဖြောင့်မတ်သောသူကို ရှုံးစေခြင်းငှာ၊ မတရားသောသူ၏မျက်နှာကို မထောက်ကောင်း။
ထိုမျှမက၊ မင်းတို့၏မျက်နှာကို ထောက်တော်မမူ။ ဆင်းရဲသောသူကို အားနာသည်ထက်၊ ရတတ်သောသူကို သာ၍ အားနာတော်မမူသော ဘုရားသခင်ကို မဆိုသင့်သည် မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်းသောသတ္တဝါတို့ကို ဖန်ဆင်းတော်မူပြီ။
သင်တို့သည် မတရားသောသူတို့၏မျက်နှာကိုထောက်၍၊ အဘယ်မျှကာလပတ်လုံး မတရားသဖြင့် စီရင်ကြမည်နည်း။
လူများနောက်သို့လိုက်၍ မတရားသဖြင့်မပြုရ။ တရားတွေ့သည်အမှုမှာ ကြီးသောသူဘက်၌နေ၍၊ တရားလမ်းမှ လွဲစေခြင်းငှာမပြောရ။
ဆင်းရဲသောသူဘက်၌လည်း မငဲ့ကွက်ရ။
သင်၌ ဆင်းရဲသောသူသည် တရားတွေ့သောအခါ၊ သူ့ကို မတရားသဖြင့်မစီရင်ရ။
မတရားသောသူတို့ကို အပြစ်မှလွှတ်သောသူနှင့်၊ ဖြောင့်မတ်သောသူတို့ကို အပြစ်စီရင်သောသူ နှစ်ယောက်လုံးတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။
ဖြောင့်မတ်သောသူကို အပြစ်ဒဏ်မပေးကောင်း။ တရားသဖြင့် စီရင်သောမင်းကိုလည်း မထိခိုက်ကောင်း။
ထိုမှတစ်ပါး၊ ပညာရှိတို့နှင့်ဆိုင်သော အရာဟူမူကား၊ တရားတွေ့မှုစီရင်ရာတွင် လူမျက်နှာကို မထောက်ကောင်း။
လူမျက်နှာကိုမထောက်ကောင်း။ သို့သော်လည်း၊ လူသည် မုန့်တဖဲ့ကိုရခြင်းငှာ ဒုစရိုက်ကို ပြုလိမ့်မည်။
သူတို့သည်သောက်လျက် တရားတော်ကိုမေ့လျော့၍၊ ဆင်းရဲသောအမှုကို မတရားသဖြင့် စီရင်ဆုံးဖြတ်မည်ဟု စိုးရိမ်စရာရှိ၏။
ထိုသူတို့သည် တံစိုးကိုစားခြင်းငှာ၊ မတရားသောသူတို့ကို အပြစ်မပေးဘဲလွှတ်၍၊ ဖြောင့်မတ်သောသူတို့၏ဖြောင့်မတ်ခြင်းကို ဝန်မခံ၊ ပယ်ရှားတတ်ကြ၏။
ဖြောင့်မတ်စွာ စီရင်ခြင်းသည် ဆုတ်သွားပြီ။ တရားသည် အဝေးကရပ်၍ နေ၏။ သစ္စာသည် လမ်း၌လဲပြီ။ ဖြောင့်သောသဘော မဝင်နိုင်ရာ။
တရားတွေ့သည်အမှုမှာ မတရားသဖြင့်မစီရင်ရ။ ဆင်းရဲသောသူဘက်၌ မငဲ့ကွက်၊ ကြီးသောသူ၏ မျက်နှာကိုမထောက်ဘဲ၊ ကိုယ်အမျိုးသားချင်းကို တရားသဖြင့်စီရင်ရမည်။
ဖြောင့်မတ်စွာ စီရင်ခြင်းကို ရွံရှာ၍ ခပ်သိမ်းသောတရားကို ဖျက်လျက်၊
ဒုစရိုက်ကို ကြိုးစား၍ပြုခြင်းငှာ အသင့်ရှိကြ၏။ မင်းသည် လက်ဆောင်ကို တောင်းတတ်၏။ တရားသူကြီးသည် တံစိုးကို စားတတ်၏။ သူတစ်ပါးထက်ကြီးသောသူသည် မတရားသော လောဘကို ထင်ရှားစေတတ်၏။ ထိုသို့အမှုကို ရှုပ်စေခြင်းငှာ ပြုတတ်ကြ၏။
မိမိတပည့်တို့နှင့် ဟေရုဒ်တပည့်တို့ကို အထံတော်သို့ စေလွှတ်၍ အရှင်ဘုရား၊ ကိုယ်တော်သည် သစ္စာရှိပါ၏။ အဘယ်သူကိုမျှမကြောက်၊ လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏ တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့ သိကြပါ၏။-
သင်သည် တရားလမ်းမှ မလွှဲရ။ လူမျက်နှာကို မထောက်ရ။ တံစိုးကို မစားရ။ တံစိုးသည် ပညာရှိမျက်စိကို ကွယ်စေတတ်၏။ ဖြောင့်မတ်သောသူ၏စကားကို ကောက်စေတတ်၏။