Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 16:9

Judson Bible

လူ​သည် မိ​မိ​သွား​ရာ​လမ်း​ကို စိတ်​ထဲ​မှာ ကြံ​စည်၏။ သို့​သော်​လည်း သူ၏​ခြေ​ရာ​တို့​ကို ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​သည်​အ​တိုင်း၊ အာ​ခ​ဇိ​သည် ယော​ရံ​ထံ​သို့​ရောက်​သော​အား​ဖြင့်၊ ဆုံး​ရှုံး​လေ​သည် အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ အာ​ဟပ်​အ​မျိုး​ကို သုတ်​သင်​ပယ်​ရှင်း​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား ဘိ​သိက်​ပေး​တော်​မူ​သော​နိမ်​ရှိ​သား​ယေ​ဟု​ကို ဆီး​ကြို​ခြင်း​ငှာ၊ ယော​ရံ​နှင့် အာ​ခ​ဇိ​တို့​သည် ထွက်​သွား၏။

ကောင်း​သော​သူ၏​ခြေ​ရာ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် ပဲ့​ပြင်၍၊ သူ​သွား​ရာ​လမ်း​ကို နှစ်​သက်​တော်​မူ၏။

စိတ်​နှ​လုံး​အ​ကြံ​အ​စည်​တို့​သည် လူ​နှင့်​ဆိုင်​ကြ၏။ လျှာ​နှင့် ပြန်​ပြော​ချက်​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ၏။

ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​နှင့် ယှဉ်​သော ဥ​စ္စာ​အ​နည်း​ငယ်​သည်၊ မ​တ​ရား​သ​ဖြင့်​ရ​သော ဥ​စ္စာ​အ​များ​ထက်​သာ၍​ကောင်း၏။

လူ​သည် အ​ထူး​ထူး အ​ပြား​ပြား ကြံ​စည်​တတ်၏။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​ကြံ​တော်​သည် တည်​လိမ့်​မည်။

လူ​သွား​ရာ​လမ်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ၏။ သို့​ဖြစ်၍ သူ​သည် မိ​မိ​သွား​ရာ​လမ်း​တို့​ကို အ​ဘယ်​သို့ နား​လည်​နိုင်​သ​နည်း။

ရှင်​ဘု​ရင်၏​စိတ်​နှ​လုံး​သည် ရေ​ချောင်း​ကဲ့​သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်၌​ရှိ​သ​ဖြင့်၊ အ​လို​တော်​ရှိ​သည်​အ​တိုင်း လှည့်​စေ​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ ဉာဏ်​မ​တည်၊ ပ​ညာ​မ​တည်၊ အ​ကြံ​တစ်​စုံ​တစ်​ခု​မျှ မ​တည်​နိုင်။

အ​ဦး​မှ​စ၍ အ​ဆုံး​တိုင်​အောင်​လည်း​ကောင်း၊ ရှေး​ကာ​လ​မှ​စ၍ မ​ဖြစ်​သေး​သော အ​မှု​အ​ရာ​တို့​ကို​လည်း​ကောင်း ဖော်​ပြ​လျက်၊ ငါ့​အ​ကြံ​တည်​လိမ့်​မည်။ ငါ့​အ​လို​ရှိ​သ​မျှ​ကို ငါ​ပြည့်​စုံ​စေ​မည်​ဟု ဆို​လျက်၊

အို​ထာ​ဝ​ရ​ဘု​ရား၊ လူ​သည် မိ​မိ​သွား​ရာ​လမ်း​ကို အ​စိုး​မ​ရ။ သွား​စဉ်​အ​ခါ မိ​မိ​ခြေ​ရာ​တို့​ကို မ​စီ​ရင်​တတ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။

ဤ​အ​ချိန်၌ ဗင်္ယာ​မိန်​ပြည်​မှ လူ​တစ်​ယောက်​ကို သင်​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်။ သင်​သည် ထို​သူ​ကို ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး၏​မင်း​အ​ရာ၌ ခန့်​ထား၍ ဆီ​လောင်း​ခြင်း​ဘိ​သိက်​ကို​ပေး​ရ​မည်။ သူ​သည် ငါ၏​လူ​တို့​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ ကယ်​တင်​ရ​လိမ့်​မည်။ ငါ​သည် သူ​တို့​အော်​ဟစ်​သံ​ကို​ကြား၍၊ သူ​တို့​ကို ကြည့်​ရှု​သည်​ဟု ရှ​မွေ​လ​နား​အ​ပါး၌ မိန့်​တော်​မူ​နှင့်​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ