Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 16:8

Judson Bible

ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​နှင့် ယှဉ်​သော ဥ​စ္စာ​အ​နည်း​ငယ်​သည်၊ မ​တ​ရား​သ​ဖြင့်​ရ​သော ဥ​စ္စာ​အ​များ​ထက်​သာ၍​ကောင်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဖြောင့်​မတ်​သော​သူ၌ နည်း​သော​ဥ​စ္စာ​သည် မ​တ​ရား​သော​သူ​ကြီး​တို့၌ ကြွယ်​ဝ​သော​ဥ​စ္စာ​ထက် သာ၍​ကျေး​ဇူး​ရှိ၏။

နှောင့်​ယှက်​ခြင်း​နှင့်​ယှဉ်၍ ကြီး​စွာ​သော​စည်း​စိမ်​ထက် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​နှင့်​ယှဉ်​သော ဥ​စ္စာ​အ​နည်း​ငယ်​သည် သာ၍​ကောင်း၏။

ဆူ​အောင်​ကျွေး​သော နွား​တစ်​ကောင်​လုံး​ကို အ​ချင်း​ချင်း​အ​ငြိုး​ထား​သော​စိတ်​နှင့် စား​ရ​သည်​ထက်၊ ချစ်​ခြင်း​မေ​တ္တာ​ပါ​သော ဟင်း​ရွက်​တစ်​နပ်​စာ​သည် သာ၍​ကောင်း၏။

လူ​ကျင့်​သော​အ​ကျင့်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် နှစ်​သက်​သော​အ​ခါ၊ ထို​သူ၏​ရန်​သူ​ကို​ပင် သူ​နှင့် သင့်​တင့်​စေ​တော်​မူ၏။

လူ​သည် မိ​မိ​သွား​ရာ​လမ်း​ကို စိတ်​ထဲ​မှာ ကြံ​စည်၏။ သို့​သော်​လည်း သူ၏​ခြေ​ရာ​တို့​ကို ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ၏။

တစ်​အိမ်​လုံး​ပြည့်​သော ယဇ်​ပူ​ဇော်​ပွဲ​ကို ရန်​တွေ့​သော​စိတ်​နှင့် စား​ရ​သည်​ထက်၊ ငြိမ်​သက်​ခြင်း​နှင့် ယှဉ်​သော မုန့်​တစ်​လုပ်​စာ​သည် သာ၍​ကောင်း၏။

မ​မှန်​သော​အ​မှု​ကို ပြု​သော​သူ​သည် ငွေ​ရ​တတ်​သော်​လည်း၊ ဖြောင့်​မတ်​ခြင်း​လမ်း​သို့​လိုက်​သော ဆင်း​ရဲ​သား​သည် သာ၍​မြတ်၏။

ငြိမ်​သက်​ခြင်း​နှင့် ယှဉ်​လျက်၊ လက်​တစ်​ဆုပ်​တည်း​သော ဥ​စ္စာ​သည် ပင်​ပန်း​စွာ​လုပ်​ခြင်း၊ လေ​ကို​ကျက်​စား​ခြင်း​နှင့် ယှဉ်​လျက်၊ လက်​နှစ်​ဖက်၌​ပြည့်​သော ဥ​စ္စာ​ထက်​သာ၍​ကောင်း၏။

ကော​ရ​ငှက်​သည် မိ​မိ​မ​ဥ​သော​ဥ​ကို ဝပ်​သ​ကဲ့​သို့၊ မ​တ​ရား​သ​ဖြင့် ဥ​စ္စာ​ဆည်း​ပူး​သော​သူ​သည် အ​သက်​ပျို​စဉ်​က​ပင်၊ ဆင်း​ရဲ​ခြင်း​သို့ ရောက်၍ အ​ဆုံး၌​ကား၊ လူ​မိုက်​ဖြစ်​လိမ့်​မည်။

မ​တ​ရား​သော​သူ​တို့၏​အိမ်၌ မ​တ​ရား​သ​ဖြင့် ဆည်း​ပူး​သော ဥ​စ္စာ​နှင့်၊ ရွံ​ရှာ​ဖွယ်​သော တင်း​တောင်း​ငယ် ရှိ​သေး​သ​လော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ