ရှင်ဘုရင်၏နှုတ်ခမ်းတို့၌ ဗျာဒိတ်တော်ရှိသည်ဖြစ်၍၊ တရားဆုံးဖြတ်ရာအမှု၌ နှုတ်တော်သည် မမှားစေနှင့်။
ယောသပ်ကလည်း၊ သင်တို့သည် အဘယ်သို့ပြုပြီးသနည်း။ ငါကဲ့သို့သောယောက်ျားသည် ထူးဆန်းသောဉာဏ်ရှိကြောင်းကို သင်တို့မသိကြသလောဟု ဆို၏။
ငါ့သခင်သောက်သောဖလားမဟုတ်လော။ ထူးဆန်းသောဉာဏ်ကိုဖြစ်စေတတ်သော ဖလားမဟုတ်လော။ သင်တို့ပြုသောဤအမှုသည် မကောင်းပါတကားဟု ပြောဆိုလော့ဟု မှာသည်အတိုင်း၊
ငါနှင့် ငါ့သားကို ဘုရားသခင်၏အမွေတော်မြေပေါ်က သုတ်သင်ပယ်ရှင်းသော သူ၏လက်မှ ငါ့ကိုနုတ်အံ့သောငှာ နားထောင်တော်မူလိမ့်မည်ဟု ဆိုပါ၏။
ထိုသို့ ရှင်ဘုရင်စီရင်တော်မူသည်အရာကို ဣသရေလအမျိုးသားအပေါင်းတို့သည် ကြားသိကြသောအခါ၊ တရားစီရင်စေခြင်းငှာ ဘုရားသခင်ပေးတော်မူသောဉာဏ်နှင့် ရှင်ဘုရင်ပြည့်စုံကြောင်းကို သိမြင်၍၊ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြ၏။
ဩဇိမင်းသည် တန်ခိုးကြီးသောအခါ၊ ကိုယ်အကျိုးနည်းအောင် ထောင်လွှားသောစိတ်ထသဖြင့်၊ မိမိ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှား၍၊ နံ့သာပေါင်းကို မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့ခြင်းငှာ၊ ထာဝရဘုရား၏ ဗိမာန်တော်ထဲသို့ ဝင်လေ၏။
တရားကိုနှစ်သက်သော ရှင်ဘုရင်၏တန်ခိုးတော်ကို ချီးမွမ်းကြစေ။ ကိုယ်တော်သည် မှန်သောစီရင်ခြင်းကို တည်စေတော်မူ၏။ ယာကုပ်အမျိုး၌ တရားသဖြင့်ပြု၍၊ ဖြောင့်မတ်စွာဆုံးဖြတ်တော်မူ၏။
တရားသဖြင့် စီရင်သောရှင်ဘုရင်သည် တိုင်းပြည်ကို တည်စေတတ်၏။ တံစိုးစားသော ရှင်ဘုရင်မူကား၊ တိုင်းပြည်ကို မှောက်လှန်တတ်၏။
သူတို့ ကျိန်ဆိုသောစကားသည် စကားသက်သက်ဖြစ်၍၊ မိတ်သဟာယဖွဲ့သောအခါ မုသားစကားကိုသာ ပြောတတ်ကြ၏။ တရားစီရင်ခြင်းအမှုသည် လယ်ကန်ဆည်ရိုးပေါ်မှာ ဘင်းခါးပင်ကဲ့သို့ ပေါက်ရလိမ့်မည်။
တရားသဖြင့်စီရင်ခြင်းကို ဒေါနဖြစ်စေ၍ ဖြောင့်မတ်ခြင်းတရားကို မြေသို့ချကြပြီးသောသူတို့၊
မြင်းသည် ကျောက်ပေါ်မှာ ပြေးတတ်သလော။ လူသည် ကျောက်ပေါ်မှာ နွားနှင့် ထွန်တတ်သလော။ သင်တို့သည်တရားသဖြင့် စီရင်ခြင်းကို ခါးစွာသော သစ်ရွက်ဖြစ်စေခြင်းငှာလည်းကောင်း၊ ဖြောင့်မတ်ခြင်းကို ဒေါနရွက် ဖြစ်စေခြင်းငှာလည်းကောင်း ပြုကြသည်တကား။