လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း၊ အဆုံး၌ သေခြင်းသို့ပို့သောလမ်းတစ်မျိုးရှိ၏။
ယေရောဗောင်က၊ ဤနိုင်ငံသည် ဒါဝိဒ်မင်းမျိုးလက်သို့ ပြန်ကောင်းပြန်လိမ့်မည်။
သူတစ်ပါးနှင့်တိုင်ပင်၍ ရွှေနွားသငယ်နှစ်ကောင်ကိုလုပ်ပြီးလျှင်၊ သင်တို့သည် ယေရုရှလင်မြို့သို့ သွားရသောအမှုခက်လှ၏။ အို ဣသရေလအမျိုး၊ သင်တို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သောဘုရားတို့ကို ကြည့်ရှုကြလော့ဟု ဆိုလျက်၊
မိုက်သောသူသည် မိမိပြုသောအမှုကို မှန်သည်ဟု ထင်တတ်၏။ အကြံပေးသောစကားကို နားထောင်သောသူမူကား ပညာရှိ၏။
ငါသည် စင်ကြယ်၏ဟု မိမိကိုယ်ထင်သော်လည်း၊ မိမိအညစ်အကြေးမှ မဆေးကြောသေးသော လူတစ်မျိုး၊
ကျဉ်းမြောင်းသောတံခါးဝကို ဝင်ခြင်းငှာ ကြိုးစားအားထုတ်ကြလော့။ အကြောင်းမူကား၊ အများသောသူတို့သည် ဝင်ခြင်းငှာအလိုရှိသော်လည်း မစွမ်းနိုင်ကြဟု ငါဆို၏။-
ယခု သင်တို့ရှက်ကြောက်သော ထိုအကျင့်တို့ကို ကျင့်စဉ်အခါ၊ အဘယ်အကျိုးကို ရကြသနည်း။ ထိုသို့သောအကျင့်သည် သေခြင်း၌ လမ်းဆုံးသတည်း။-
အကြင်သူသည် ဘာမျှမဟုတ်ဘဲလျက်၊ ဤမျှလောက်ငါဖြစ်သည်ဟုစိတ်ထင်လျှင်၊ ထိုသူသည် ကိုယ်ကို လှည့်ဖြားသောသူဖြစ်၏။-
လျှပ်ပေါ်သောစကားဖြင့် အဘယ်သူမျှ သင်တို့ကို မလှည့်ဖြားစေနှင့်။ ထိုအမှုကြောင့် ဘုရားသခင်၏ အမျက်တော်သည် ငြင်းဆန်တတ်သော သူတို့ အပေါ်သို့ သင့်ရောက်ပေ၏။-
ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူ မဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့။-