Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 14:11

Judson Bible

မ​တ​ရား​သော​သူ၏​အိမ်​သည် ပြို​လဲ​တတ်၏။ ဖြောင့်​မတ်​သော​သူ၏​တဲ​မူ​ကား၊ ပွင့်​လန်း​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

အ​ဓ​မ္မ​လူ၏​အ​သင်း​သည် ဆိတ်​ညံ​လိမ့်​မည်။ တံ​စိုး​စား​သော​သူ​တို့၏ နေ​ရာ​သည် မီး​လောင်​လိမ့်​မည်။

အ​ကယ်​စင်​စစ် ဆိုး​သော​သူ၏​နေ​ရာ​သည် ထို​သို့​သော လ​က္ခ​ဏာ​ရှိ၏။ ဘု​ရား​သ​ခင်​ကို​မ​သိ​သော​သူ​သည် ထို​သို့​သော​နေ​ရာ​သို့ ရောက်​လိမ့်​မည်​ဟု မြွက်​ဆို၏။

အာ​ဏာ​ထား​တတ်​သော​သူ၏​အိမ်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ မ​တ​ရား​သော​သူ​တို့၏ ဘုံ​ဗိ​မာန်​တို့​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု သင်​တို့​သည် ဆို​ကြ​လိမ့်​မည်။

ထို​သူ​သည် မိ​မိ​အိမ်​ကို​မှီ၍ အိမ်​သည်​အ​မှီ​မ​ခံ။ လက်​နှင့်​ကိုင်​သော်​လည်း မ​တည်​စေ​နိုင်။

သင့်​ကို​မုန်း​သော သူ​တို့​သည် ရှက်​ခြင်း​နှင့် ဖုံး​လွှမ်း​လျက်​ရှိ​ရ​ကြ​လိမ့်​မည်။ ဆိုး​သော​သူ​နေ​ရာ အ​ရပ်​သည်​လည်း ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်​ဟု မြွက်​ဆို၏။

စင်​စစ် သင့်​အ​တွက် ကိုယ်​တော်​သည်​ထ​ပြီး​လျှင် သင်၏​ဖြောင့်​မတ်​သော​နေ​ရာ​ကို ကောင်း​စား​စေ​တော်​မူ​သ​ဖြင့်၊

သင်၏​မ​ယား​သည် သင့်​အိမ်​နား​မှာ များ​စွာ​အ​သီး​သီး​သော စ​ပျစ်​နွယ်​ပင်​ကဲ့​သို့​လည်း​ကောင်း၊ သား​သ​မီး​တို့​သည် သင့်​စား​ပွဲ​ပတ်​လည်၌ စိုက်​ပျိုး​သော​သံ​လွင်​ပင်​များ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။

ခ​ဏ​ကြာ​ပြီး​မှ၊ မ​တ​ရား​သော​သူ​သည် မ​ရှိ​ရ။ သူ၏​နေ​ရာ​ကို စေ့​စေ့​ရှာ၍​မ​တွေ့​ရ။

မိ​မိ​စည်း​စိမ်​ကို ကိုး​စား​သော​သူ​သည် ရှုံး​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ သစ်​ခက်​ကဲ့​သို့ စိမ်း​လန်း​လိမ့်​မည်။

မ​တ​ရား​သော​သူ၏​အိမ်​သည် ပြို​လဲ​ပျောက်​ပျက်​ခြင်း၊ ဖြောင့်​မတ်​သော​သူ၏​အိမ်​မူ​ကား၊ အ​မြဲ​တည်​ခြင်း ရှိ​တတ်၏။

မာ​န​ထောင်​လွှား​သော​သူ၏​အိမ်​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မူ​မည်။ မု​ဆိုး​မ​နေ​ရာ အ​ရပ်​ကို​ကား၊ တည်​စေ​တော်​မူ​မည်။

တ​ရား​သော​သူ​သည် မ​တ​ရား​သော​သူ၏​အိမ်​ကို ပ​ညာ​စိတ်​နှင့် ဆင်​ခြင်​တတ်၏။ မ​တ​ရား​သော​သူ​တို့​မူ​ကား၊ မိ​မိ​တို့​ပြု​သော​ဒု​စ​ရိုက်​အား​ဖြင့် ပျက်​စီး​ခြင်း​သို့ ရောက်​တတ်​ကြ၏။

ပ​ညာ​ရှိ​သော​သူ၏​အိမ်၌ နှစ်​သက်​ဖွယ်​သော​ဘ​ဏ္ဍာ​နှင့် ဆီ​ရှိ​တတ်၏။ မိုက်​သော​သူ​မူ​ကား၊ ကုန်​စေ​တတ်၏။

မ​တ​ရား​သော​သူ၏​နေ​ရာ​သည် ထာ​ဝ​ရ​ဘု​ရား​ကျိန်​တော်​မူ​ခြင်း​ကို တွေ့​တတ်၏။ တ​ရား​သော​သူ၏​နေ​ရာ​ကို​ကား ကောင်း​ချီး​ပေး​တော်​မူ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​စာ​စောင်​ကို ငါ​ထုတ်​ဖော်​မည်။ ခိုး​တတ်​သော သူ၏​အိမ်​ထဲ​သို့​လည်း​ကောင်း၊ ငါ့​နာ​မ​ကို တိုင်​တည်၍ မ​မှန်​သော​ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၏ အိမ်​ထဲ​သို့​လည်း​ကောင်း​ဝင်၍ နေ​ရာ​ကျ​သ​ဖြင့်၊ သစ်​သား​များ၊ ကျောက်​များ​နှင့်​တ​ကွ ထို​အိမ်​ကို​စား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ