Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 14:13

Judson Bible

လူ​သည် ရယ်​စဉ်​အ​ခါ​ပင်၊ ဝမ်း​နည်း​သော စိတ်​သ​ဘော​ရှိ၏။ ထို​ရယ်​မော​ရွှင်​လန်း​ခြင်း အ​ဆုံး၌​လည်း ညှိုး​ငယ်​ခြင်း​ရှိ​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အ​ဆုံး၌​ကား၊ သူ​သည် ဘင်း​ခါး​ရွက်​ကဲ့​သို့​ခါး၍၊ သန်​လျက်​နှင့်​အ​မျှ ထက်၏။

အ​ချင်း​လူ​ပျို၊ အ​သက်​ပျို​သော​အ​ခါ ပျော်​မွေ့​လော့။ အ​သက်​ပျို​စဉ်​ကာ​လ​တွင် စိတ်​ရွှင်​လန်း​ခြင်း​ရှိ​လော့။ ကိုယ်​အ​လို​ရှိ​ရာ လမ်း​နှင့်၊ ကိုယ်​ဉာဏ်​ပြ​သော လမ်း​သို့​လိုက်​လော့။ သို့​ရာ​တွင်၊ ထို​အ​မှု​အ​လုံး​စုံ​တို့​ကို ဘု​ရား​သ​ခင်​စစ်​ကြော၍၊ သင့်​ကို အ​ပြစ်​ပေး​တော်​မူ​မည်​ဟု အောက်​မေ့​လော့။

တစ်​ဖန် ငါ​သည် ကိုယ်​စိတ်​နှ​လုံး​ထဲ​မှာ​ပြော​သည်​ကား၊ လာ​ပါ။ ရွှင်​လန်း​ခြင်း​အား​ဖြင့် သင့်​ကို​ငါ​စုံ​စမ်း​မည်။ သို့​ဖြစ်၍၊ ကာ​မ​ဂုဏ်၌ ပျော်​မွေ့​လော့​ဟု​ဆို​ရာ​တွင်၊ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်လေ၏။

ရယ်​မော​ခြင်း​ကို သင်​သည်​အ​ရူး​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊ ရွှင်​လန်း​ခြင်း​ကို အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း ဟူ၍​လည်း​ကောင်း ငါ​ဆို​ရ၏။

အာ​ဗြ​ဟံ​က​လည်း၊ ငါ့​သား၊ သင်​သည် အ​သက်​ရှင်​စဉ်​အ​ခါ ချမ်း​သာ​ရ​သည်​ကို​လည်း​ကောင်း၊ လာ​ဇ​ရု​သည် ဆင်း​ရဲ​စွာ နေ​ရ​သည်​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ယ​ခု​မူ​ကား၊ သူ​သည် သက်​သာ​ခြင်း​ရှိ၏။ သင်​သည် ဒု​က္ခ​ဝေ​ဒ​နာ​ကို ခံ​ရ၏။-

ဆင်း​ရဲ​ငြို​ငြင်​ခြင်း၊ စိတ်​မ​သာ​ညည်း​တွား​ခြင်း၊ ငို​ကြွေး​မြည်​တမ်း​ခြင်း ရှိ​ကြ​လော့။ သင်​တို့​ရယ်​ခြင်း​ကို စိတ်​မ​သာ​ညည်း​တွား​ခြင်း ဖြစ်​စေ​ကြ​လော့။ ဝမ်း​မြောက်​ခြင်း​ကို​လည်း ဝမ်း​နည်း​ခြင်း​ဖြစ်​စေ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ