Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 13:11

Judson Bible

လျှပ်​ပေါ်​ခြင်း​အား​ဖြင့် ဥ​စ္စာ​သည်​လျော့​တတ်၏။ ကြိုး​စား​အား​ထုတ်၍ ဆည်း​ပူး​သော​သူ၏​ဥ​စ္စာ​မူ​ကား၊ ပြန့်​ပွား​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

သူ​မျို​သော​စည်း​စိမ်​ဥ​စ္စာ​ကို တစ်​ဖန်​အန်​ရ​လိမ့်​မည်။ ဘု​ရား​သ​ခင်​လည်း သူ့​ကို ဝမ်း​နုတ်​တော်​မူ​မည်။

ထို​သို့​ပြု​လျှင် သင်​သည် မိ​မိ​လက်​နှင့် လုပ်​ဆောင်၍​ရ​သော​အ​စာ​ကို စား​ရ​လိမ့်​မည်။ မင်္ဂ​လာ​ရှိ၍ ကောင်း​စား​ရ​လိမ့်​မည်။

မ​တ​ရား​သော ဥ​စ္စာ​ဘ​ဏ္ဍာ​သည် အ​ကျိုး​မ​ရှိ။ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​မူ​ကား၊ သေ​ခြင်း​မှ ကယ်​တင်​တတ်၏။

မာ​န​ကြောင့်​သာ ရန်​တွေ့​ခြင်း​ဖြစ်၏။ သ​တိ​ပေး​သော​စ​ကား​ကို နား​ခံ​သော​သူ​မူ​ကား ပ​ညာ​ရှိ၏။

မျှော်​လင့်​သော​အ​ရာ​သည် ဖင့်​နွှဲ​လျှင်၊ စိတ်​နှ​လုံး​ကို ပူ​ပန်​စေ​တတ်၏။ အ​လို​ပြည့်​စုံ​သော​အ​ခါ​မူ​ကား အ​သက်​ပင်​ဖြစ်၏။

အ​မွေ​ဥ​စ္စာ​ကို အ​စ​အ​ဦး၌ အ​လျင်​ရ​နိုင်​သော်​လည်း၊ အ​ဆုံး၌ အ​မင်္ဂ​လာ​ဖြစ်​လိမ့်​မည်။

မု​သား​စ​ကား​အား​ဖြင့် ဘ​ဏ္ဍာ​ကို​ဆည်း​ပူး​ခြင်း​အ​မှု​သည် သေ​မင်း​ကျော့​ကွင်း​တို့​တွင် ပျောက်​လွင့်​သော အ​န​တ္တ​ဖြစ်၏။

သ​စ္စာ​စောင့်​သော​သူ​သည် ကောင်း​ချီး​မင်္ဂ​လာ​နှင့် ကြွယ်​ဝ​လိမ့်​မည်။ ငွေ​ရ​တတ်​ခြင်း​ငှာ အ​လျင်​အ​မြန်​ပြု​သော​သူ​မူ​ကား၊ အ​ပြစ်​နှင့် မ​လွတ်​ရ။

ငွေ​ရ​တတ်​ခြင်း​ငှာ အ​လျင်​အ​မြန်​ပြု​သော​သူ​သည် မ​နာ​လို​သော​သ​ဘော​ရှိ​တတ်၏။ နောက်​တစ်​ဖန် ဆင်း​ရဲ​ခြင်း​သို့ ရောက်​မည်​ဟု မ​အောက်​မေ့​တတ်။

အ​တိုး​စား၍ မ​တ​ရား​သော​အ​မြတ်​အား​ဖြင့် ဥ​စ္စာ​ကို​ဆည်း​ပူး​သော​သူ​သည် ဆင်း​ရဲ​သား​တို့​ကို သ​နား​သော​သူ​အ​ဖို့​သာ ဆည်း​ပူး​တတ်၏။

ထို​စည်း​စိမ်​သည် မ​ကောင်း​သော​အ​မှု​အား​ဖြင့် ပျောက်​ပျက်​တတ်၏။ စည်း​စိမ်​ရှင်​မြင်​သော သား​သည်​လည်း လက်​ချည်း​နေ​ရ၏။

ကော​ရ​ငှက်​သည် မိ​မိ​မ​ဥ​သော​ဥ​ကို ဝပ်​သ​ကဲ့​သို့၊ မ​တ​ရား​သ​ဖြင့် ဥ​စ္စာ​ဆည်း​ပူး​သော​သူ​သည် အ​သက်​ပျို​စဉ်​က​ပင်၊ ဆင်း​ရဲ​ခြင်း​သို့ ရောက်၍ အ​ဆုံး၌​ကား၊ လူ​မိုက်​ဖြစ်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ