Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 13:10

Judson Bible

မာ​န​ကြောင့်​သာ ရန်​တွေ့​ခြင်း​ဖြစ်၏။ သ​တိ​ပေး​သော​စ​ကား​ကို နား​ခံ​သော​သူ​မူ​ကား ပ​ညာ​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင် နား​မ​ထောင်​ကြောင်း​ကို သိ​မြင်​လျှင်၊ ငါ​တို့​သည် ဒါ​ဝိဒ်​နှင့် အ​ဘယ်​သို့​ဆက်​ဆံ​သ​နည်း။ ယေ​ရှဲ၏​သား​နှင့် အ​ဘယ်​သို့​အ​မွေ​ခံ​ရ​သေး​သ​နည်း။ အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​နေ​ရာ​သို့ သွား​ကြ။ အို​ဒါ​ဝိဒ်၊ သင်၏​အိမ်​ကို ကြည့်​ရှု​လော့​ဟု ရှင်​ဘု​ရင်​အား​ပြန်​ပြော​လျက်၊ ဣ​သ​ရေ​လ​လူ​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။

သင်​သည် ဧ​ဒုံ​ပြည်​ကို လုပ်​ကြံ​သော​ကြောင့် စိတ်​မြင့်​လှ၏။ ကိုယ်​နေ​ရာ၌ တတ်​တိုင်း​ဝါ​ကြွား​လျက် နေ​လော့။ သင့်​ကိုယ်​တိုင်​နှင့် ယု​ဒ​ပြည်​သည် ဘေး​ရောက်၍ ဆုံး​ရှုံး​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် အ​မှု​ရှာ​သ​နည်း​ဟု ယု​ဒ​ရှင်​ဘု​ရင်​အာ​မ​ဇိ​ကို ပြန်၍​မှာ​လိုက်​လေ၏။

လျှပ်​ပေါ်​ခြင်း​အား​ဖြင့် ဥ​စ္စာ​သည်​လျော့​တတ်၏။ ကြိုး​စား​အား​ထုတ်၍ ဆည်း​ပူး​သော​သူ၏​ဥ​စ္စာ​မူ​ကား၊ ပြန့်​ပွား​တတ်၏။

ဖြောင့်​မတ်​သော​သူ၏​အ​လင်း​သည် ရွှင်​လန်း၏။ မ​တ​ရား​သော​သူ၏​မီး​ခွက်​မူ​ကား၊ သေ​ရ​လိမ့်​မည်။

ရန်​တွေ့​စ​အ​မှု​သည် ရေ​ကန်​ပေါင်​ပေါက်​စ​ကဲ့​သို့ ဖြစ်​သော​ကြောင့်၊ ရန်​မ​တွေ့​မီ တွေ့​စ​ရာ​အ​ကြောင်း​ကို ရှောင်​လော့။

နောက်​ဆုံး​ကာ​လ၌ ပ​ညာ​ရှိ​ဖြစ်​လို​သော​ငှာ၊ ဆုံး​မ​သော​စ​ကား​ကို နား​ထောင်၍ နည်း​ဥ​ပ​ဒေ​ကို ခံ​ယူ​လော့။

အ​ကြံ​ရှိ​သော​သူ​သည် သူ​တစ်​ပါး​နှင့်​တိုင်​ပင်​လျှင်၊ အ​ကြံ​ထ​မြောက်​တတ်၏။ ကောင်း​သော​တိုင်​ပင်​ခြင်း​ရှိ​မှ​သာ စစ်​မှု​ကို​ပြု​ရ​မည်။

ပြင်း​စွာ​သော ဒေါ​သ​အ​မျက်၌ ကျင်​လည်​သော​သူ​ကို၊ ထောင်​လွှား​စော်​ကား​သော​သူ၊ မ​ထီ​မဲ့​မြင်​ပြု​သော​သူ​ဟူ၍ သ​မုတ်​အပ်၏။

အ​လျင်​အ​မြန် ရန်​မ​တွေ့​နှင့်။ အိမ်​နီး​ချင်း​သည် သင့်​ကို​အ​ရှက်​ခွဲ​ပြီး​မှ၊ သင်​သည် အ​ဘယ်​သို့ ပြု​မည်​နည်း။

စိတ်​မြင့်​သော​သူ​သည် ခိုက်​ရန်​ကို​နှိုး​ဆော်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​သူ​မူ​ကား၊ ကြွယ်​ဝ​တတ်၏။

ထို​မှ​တစ်​ပါး တ​ပည့်​တော်​တို့​သည် မိ​မိ​တို့​တွင် အ​ဘယ်​သူ​သည် သာ၍​ကြီး​မြတ်​သ​နည်း​ဟု အ​ချင်း​ချင်း ငြင်း​ခုံ​ခြင်း​ရှိ​သည်​ဖြစ်၍၊-

မာ​န​နှင့်​ယစ်​မူး၍ အ​လျှင်း​နား​မ​လည်​ဘဲ၊ ပု​စ္ဆာ​အ​မေး​ကို ဆွေး​နွေး၍ စ​ကား​ကြောင့်​သာ ငြင်း​ခုံ​သော​အား​ဖြင့် စိတ်​ပေါ့​သော​သူ​ဖြစ်၏။ ထို​သို့​ပြု​လျှင်၊ ငြူ​စူ​ခြင်း၊ ရန်​တွေ့​ခြင်း၊ သူ့​အ​သ​ရေ​ကို​ရှုတ်​ချ​ခြင်း၊ မ​နာ​လို​သော ကြံ​စည်​ခြင်း၊-

သင်​တို့​တွင် စစ်​တိုက်​ခြင်း၊ ရန်​တွေ့​ခြင်း​သည် အ​ဘယ်​အ​ကြောင်း​ကြောင့် ဖြစ်​သ​နည်း။ သင်​တို့​အင်္ဂါ​များ၌ စစ်​ပြိုင်​သော ကိ​လေ​သာ​ကာ​မ​စိတ်​ကြောင့် ဖြစ်​သည်​မ​ဟုတ်​လော။-

သိ​မြင်​သော​သူ အ​ပေါင်း​တို့​က၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​က ထွက်​သော​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် ဤ​ကဲ့​သို့​သော​အ​မှု​ကို အ​ဘယ်​သူ​မျှ​မ​ပြု၊ တစ်​ခါ​မျှ မ​ဖြစ်​စ​ဖူး။ ဆင်​ခြင်၍ တိုင်​ပင်​စီ​ရင်​ကြ​လော့​ဟု ပြော​ဆို​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ