Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 13:12

Judson Bible

မျှော်​လင့်​သော​အ​ရာ​သည် ဖင့်​နွှဲ​လျှင်၊ စိတ်​နှ​လုံး​ကို ပူ​ပန်​စေ​တတ်၏။ အ​လို​ပြည့်​စုံ​သော​အ​ခါ​မူ​ကား အ​သက်​ပင်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​က​လည်း၊ ယ​ခု​ငါ​သေ​ပါ​စေ​သော။ သင်၏​မျက်​နှာ​ကို​ငါ​မြင်​ရ​ပြီ။ သင်​သည် အ​သက်​ရှင်​သေး၏​ဟု ယော​သပ်​အား​ဆို​လေ​၏။

အ​ထက်​က တစ်​ခါ​မျှ ရှေ့​တော်၌ ညှိုး​ငယ်​သော​မျက်​နှာ​ကို မ​ပြ​ဖူး​သည်​ဖြစ်၍၊ ရှင်​ဘု​ရင်​က၊ ကျန်း​မာ​လျက်​နှင့် အ​ဘယ်​ကြောင့် မျက်​နှာ​ညှိုး​ငယ်​သ​နည်း။ ဝမ်း​နည်း​ဟန် ရှိ​ပါ​သည်​တ​ကား​ဟု မိန့်​တော်​မူ​လျှင်၊

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​လျင်​အ​မြန် နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် စိတ်​ပျက်​ပါ​ပြီ။ မျက်​နှာ​လွှဲ​တော်​မူ​သ​ဖြင့်၊ တွင်း​ထဲ​သို့ ဆင်း​သော​သူ​ကဲ့​သို့ အ​ကျွန်ုပ်​ကို ဖြစ်​စေ​တော်​မ​မူ​ပါ​နှင့်။

အ​ကျွန်ုပ်​မူ​ကား​ဖြောင့်​မတ်၍ မျက်​နှာ​တော်​ကို​ဖူး​မြင်​ရ​ပါ​လိမ့်​မည်။ နိုး​သော​အ​ခါ ပုံ​သ​ဏ္ဌာန်​တော်​အား​ဖြင့် အ​ကျွန်ုပ်​အလို ပြည့်​စုံ​ရ​ပါ​လိမ့်​မည်။

အော်​ဟစ်၍ ပင်​ပန်း​ပါ​ပြီ။ လည်​ချောင်း​ခြောက်​ပါ​ပြီ။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​ကို အ​ကျွန်ုပ်​မျှော်​ကြည့်၍ မျက်​စိ​ပျက်​ပါ​ပြီ။

ဖြောင့်​မတ်​သော​သူ သီး​သော​အ​သီး​သည် အ​သက်​ပင်​အ​သီး​ဖြစ်၏။ သူ​တစ်​ပါး​တို့၏​စိတ်​ဝိ​ညာဉ်​ကို ရ​သော​သူ​သည်​လည်း ပ​ညာ​ရှိ​ဖြစ်၏။

လျှပ်​ပေါ်​ခြင်း​အား​ဖြင့် ဥ​စ္စာ​သည်​လျော့​တတ်၏။ ကြိုး​စား​အား​ထုတ်၍ ဆည်း​ပူး​သော​သူ၏​ဥ​စ္စာ​မူ​ကား၊ ပြန့်​ပွား​တတ်၏။

နှုတ်​က​ပတ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် ပျက်​စီး​လိမ့်​မည်။ ပ​ညတ်​တ​ရား​တော်​ကို ခန့်​ညား​သော​သူ​မူ​ကား၊ ချမ်း​သာ​ရ​လိမ့်​မည်။

အ​လို​ဆ​န္ဒ​ပြည့်​စုံ​ခြင်း​အ​ရာ​သည် ချို​မြိန်၏။ ဒု​စ​ရိုက်​ကို ရှောင်​သော​အ​ရာ​မူ​ကား၊ မိုက်​သော​သူ​တို့ စက်​ဆုပ်​သော​အ​ရာ​ဖြစ်၏။

ပ​ညာ​ကို ကိုင်​ဆွဲ​သော​သူ​သည် အ​သက်​ပင်​ကို​ရ​ပြီ။ လက်​မ​လွှတ်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

အို​ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ သင်​တို့​သည် ငါ​ချစ်​ရာ​သ​ခင်​ကို တွေ့​လျှင်၊ သူ့​ကို​ငါ​ချစ်၍ နာ​နေ​ကြောင်း​ကို ကြား​ပြော​ကြ​ပါ​ဟု၊ ငါ​မှာ​ထား​တောင်း​ပန်​ပါ၏။

ထို​နည်း​တူ၊ ယ​ခု​တွင် သင်​တို့​သည် ဝမ်း​နည်း​ခြင်း​ရှိ​ကြ​သော်​လည်း၊ နောက်​တစ်​ဖန် သင်​တို့​ကို ငါ​တွေ့​မြင်​သ​ဖြင့် သင်​တို့​သည် စိတ်​နှ​လုံး​ဝမ်း​မြောက်​ခြင်း ရှိ​ကြ​လိမ့်​မည်။ ထို​ဝမ်း​မြောက်​ခြင်း​ကို အ​ဘယ်​သူ​မျှ လု​ယူ​ဖျက်​ဆီး​ခြင်း​ငှာ မ​တတ်​နိုင်။-

ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို၊ နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။ အ​ကြင်​သူ​သည် အောင်​မြင်၏။ ထို​သူ​သည် ငါ၏​ဘု​ရား​သ​ခင် ပ​ရ​ဒိ​သု​ဥ​ယျာဉ်၌ ရှိ​သော အ​သက်​ပင်၏​အ​သီး​ကို စား​စေ​ခြင်း​ငှာ ငါအ​ခွင့်​ပေး​မည်။

မြို့​လမ်း​မ​အ​လယ်၌​လည်း​ကောင်း၊ ထို​မြစ်​နှစ်​ဖက်၌​လည်း​ကောင်း၊ အ​သက်​ပင်​ရှိ၏။ ထို​အ​သက်​ပင်​သည် အ​သီး​တစ်​ဆယ်​နှစ်​မျိုး​ကို သီး​တတ်၏။ မိ​မိ​အ​သီး​ကို​လည်း လ​တိုင်း​ပေး​တတ်၏။ အ​ရွက်​သည်​လည်း လူ​အ​မျိုး​မျိုး​တို့၏ အ​နာ​ရော​ဂါ​ငြိမ်း​စ​ရာ​ဖို့ ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ