သုတ္တံကျမ်း။ 1:32Judson Bibleဉာဏ်တိမ်သောသူတို့သည် လမ်းလွဲသဖြင့် အသက်ဆုံးတတ်ကြ၏။ မိုက်သောသူတို့သည် သတိလစ်သောအားဖြင့် ပျက်စီးခြင်းသို့ရောက်တတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
သင်၏ ဒုစရိုက်သည် သင့်ကိုဆုံးမမည်။ သင်၏ဖောက်ပြန်ခြင်းသည် သင့်ကို အပြစ်ပေးမည်။ သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရားကို စွန့်ပစ်သောအမှု၊ ငါ့ကိုမကြောက်ဘဲ နေသောအမှုသည်၊ မကောင်းသောအမှု၊ ခါးသောအမှုဖြစ်သည်ကို သိမြင်ရမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
သင်တို့သည် မိန့်တော်မူသောသူ၏ စကားတော်ကို မငြင်းမပယ်မည်အကြောင်း သတိပြုကြလော့။ မြေကြီးပေါ်မှာ ဗျာဒိတ်တော်ကို ဆင့်ဆိုသောသူ၏စကားကို ငြင်းပယ်သောသူတို့သည် အပြစ်မလွတ်ရသည်မှန်လျှင်၊ ထိုမျှမက၊ ကောင်းကင်ဘုံက မိန့်တော်မူသောသူ၏ စကားကို ငါတို့သည် နားမထောင်ဘဲနေလျှင်၊ သာ၍ကြီးစွာသောအပြစ်နှင့် အဘယ်သို့ ကင်းလွတ်နိုင်မည်နည်း။-