Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 1:31

Judson Bible

ထို​ကြောင့် သူ​တို့​သည် ကိုယ်​ကျင့်​ခြင်း၏​အ​ကျိုး​အ​ပြစ်​ကို​စား၍၊ ကိုယ်​ကြံ​သော အ​ကြံ​တို့​နှင့် ဝ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ငါ​သိ​မြင်​သည်​အ​တိုင်း၊ မ​တ​ရား​သော​လယ်​ထွန်​ခြင်း​ကို ပြု​သော​သူ​နှင့် အ​ဓ​မ္မ​မျိုး​စေ့​ကို ကြဲ​သော​သူ​တို့​သည် ထို​သို့​နှင့်​အ​ညီ စ​ပါး​ရိတ်​တတ်​ကြ၏။

ငါ၏​လူ​စု​သည် ငါ့​စ​ကား​ကို​နား​ထောင်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ငါ့​လမ်း၌ လိုက်​ပါ​စေ​သော။

လူ​သည် မိ​မိ​နှုတ်​ခမ်း​အ​သီး​ကို ဝ​စွာ​စား​ရ၏။ မိ​မိ​လက်​လုပ်​ရာ အ​ကျိုး​အ​ပြစ်​ကို​လည်း​ခံ​ရ၏။

လူ​သည် မိ​မိ​နှုတ်၏​အ​သီး​တည်း​ဟူ​သော ကောင်း​သော​အ​ရာ​ကို စား​ရ၏။ ပြစ်​မှား​တတ်​သော​သူ​မူ​ကား၊ ညှဉ်း​ဆဲ​ခြင်း​အ​ပြစ်၏ အ​သီး​ကို​စား​ရ၏။

စိတ်​နှ​လုံး​ဖောက်​ပြန်​သော​သူ​ဖြစ်​စေ၊ သူ​တော်​ကောင်း​ဖြစ်​စေ၊ မိ​မိ​အ​ကျင့်​တို့​နှင့် ဝ​လိမ့်​မည်။

ဒု​စ​ရိုက်​မျိုး​စေ့​ကို​ကြဲ​သော​သူ​သည် ဒု​က္ခ​စ​ပါး​ကို ရိတ်​ရ​မည်။ ဒေါ​သ​စိတ်​ရှိ၍ ဒဏ်​ပေး​နိုင်​သော တန်​ခိုး​လည်း ပျောက်​လိမ့်​မည်။

အ​ဓ​မ္မ​လူ​သည် မိ​မိ​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ဖြင့်​ဖမ်း​မိ​ခြင်း၊ မိ​မိ​အ​ပြစ်​ကြိုး​တို့​ဖြင့် ချည်​နှောင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

သူ​သည် အ​လွန်​မိုက်​သော​ကြောင့် မှား​ယွင်း၍၊ သွန်​သင်​ခြင်း​ကို​မ​ခံ​ရ​ဘဲ သေ​သွား​ရ​လိမ့်​မည်။

ငါ့​ကို​ပြစ်​မှား​သော​သူ​မူ​ကား၊ မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို ပြစ်​မှား၏။ ငါ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​သည် သေ​ခြင်း​ကို ချစ်​ကြ၏။

ငါ​သည်​လည်း၊ သူ​တို့​ဖို့ ဘေး​ဥ​ပဒ်​များ​ကို ရွေး​မည်။ သူ​တို့​ကြောက်​သော​အ​မှု​ကို ရောက်​စေ​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​ခေါ်​သော​အ​ခါ အ​ဘယ်​သူ​မျှ​မ​ထူး။ ငါ​ပြော​သော​အ​ခါ သူ​တို့​သည် နား​မ​ထောင်​ကြ။ ငါ့​မျက်​မှောက်၌ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်၍၊ ငါ​မ​နှစ်​သက်​သော​အ​ရာ​ကို ရွေး​ယူ​ကြ​၏။

သူ​တို့၏ တ​ရား​နာ​ပ​ရိ​သတ်​တို့​သည် ကိုယ်​တိုင်​မှ​စ၍၊ မ​ယား သား​သ​မီး​တို့​နှင့်​တ​ကွ မွတ်​သိပ်​ခြင်း​ဘေး၊ ဓား​ဘေး​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​လမ်း​ထဲ​သို့ ပစ်​ချ​ခြင်း​ကို​ခံ​ရ၍၊ အ​ဘယ်​သူ​မျှ မ​သင်္ဂြိုဟ်​ရ။ သူ​တို့၏​အ​ပြစ်​ကို သူ​တို့​အ​ပေါ်​သို့ ငါ​ညွှန်း​လောင်း​မည်။

သင်၏ ဒု​စ​ရိုက်​သည် သင့်​ကို​ဆုံး​မ​မည်။ သင်၏​ဖောက်​ပြန်​ခြင်း​သည် သင့်​ကို အ​ပြစ်​ပေး​မည်။ သို့​ဖြစ်၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ပစ်​သော​အ​မှု၊ ငါ့​ကို​မ​ကြောက်​ဘဲ နေ​သော​အ​မှု​သည်၊ မ​ကောင်း​သော​အ​မှု၊ ခါး​သော​အ​မှု​ဖြစ်​သည်​ကို သိ​မြင်​ရ​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​တို့​အ​ကျင့်​နှင့် ထိုက်​လျောက်​အောင် အ​ပြစ်​ဒဏ်​ကို​ငါ​ပေး​မည်။ သင်​တို့​တော​ကို ငါ​ရှို့​သော​မီး​သည်၊ ပတ်​လည်၌ ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို လောင်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အို မြေ​ကြီး​သား​တို့၊ နား​ထောင်​ကြ​လော့။ ဤ​လူ​မျိုး​သည် ငါ့​စ​ကား​ကို နား​မ​ထောင်၊ ငါ့​တ​ရား​ကို​လည်း​ငြင်း​ပယ်​သော​ကြောင့်၊ သူ​တို့​အ​လို​အ​လျောက် ကြံ​စည်​ခြင်း​အ​ကျိုး​အ​ပြစ်​တည်း​ဟူ​သော၊ ကြီး​စွာ​သော ဘေး​ဥ​ပဒ်​ကို၊ သူ​တို့​အ​ပေါ်​သို့ ငါ​သက်​ရောက်​စေ​မည်။

ထို​ကြောင့်၊ ငါ​အ​မျက်​ကို ငါ​သွန်း​လောင်း​လျက်၊ ငါ့​ဒေါ​သ​မီး​ဖြင့် သူ​တို့​ကို​ရှို့၍၊ သူ​တို့​အ​ပြစ်​ကို သူ​တို့​ခေါင်း​ပေါ်​သို့ ရောက်​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ